Smile at me ,please

740 103 1
                                    

Smile at me,please

"မင်း သူ့ဆီကနေ သူ့ကို ဘယ်သူကခိုင်းတာလဲဆိုတာ ဆွဲထုတ်လ်ု့ ရပြီလား"
ကေဆီမီရာက ရိုမန်တံခါးကဖြတ်ဝင်လာလာခြင်းမှာဘဲ တိတ်နိုင်သမျှ တိုးတိုးလေး မေးလိုက်တယ်။သူက ရိုမန်ကိုတောင် ကြည့်နေခြင်း မရှိဘူး။
"မရသေးပါဘူး။သူက နှုတ်ဆိတ်ပြီး ဘူးခံနေပါတယ် အရှင်မင်းသား"
သူက ဝမ်းနည်းစွာ ကေဆီမီရာကို တင်ပြလိုက်တယ်။
သူ့အနေနဲ့ အင်ပါယာရှိလူတွေအားလုံးထဲမှာမှ ဒီကိစ္စဟာ ကေဆီမီရာနဲ့ ဆလယ်ဗာစရစ်အိမ်တော်ကို ရိုက်ခတ်မှုကြီးမားစေခဲ့တယ်ဆိုတာ သိလေတယ်။သူတို့ဟာ ခုချိန်မှာ ဒေါသထွက်မှုနဲ့ စိုးရိမ်ပူပန်မှုတွေကြားမှာ ဒရီးဒယိုင် ယိုင်နဲ့နဲ့သာ ကျန်ရှိနေကြသူများ ဖြစ်ကြတယ်။
အိမ်မှာကျန်နေခဲ့တဲ့ ဟေဇယ်ဟာ ကျယ်လောင်တဲ့ဟိန်ျးဟာက်သံကြီးပို ပြုလုပ်ခဲ့တာကြောင့် ဆလယ်ဗားရစ် အိမ်တော်ဝင်းက လူတွေဟာ ထိတ်လန့်သွားခဲ့ရတယ်။ဒါပေမယ့် လီဖာဟာ တခြားလူတွေ နဂါးလေးကို သတိမထားမိအောင် အချိန်မှီ ထိန်းသိမ်းနိုင်ခဲ့တယ်။သူမက စစ်သည်တွေ မရောက်လာခင် ဒေါသတွေနဲ့ ဟိန်းဟောက်မှုကြောင့် အပျက်အစီးတွေမဖြစ်နိုင်ခင်မှာ သူ့ကို လွှတ်ပေးလိုက်တယ်။
ဘယ်သူကမှ ကေဆီမီရာမှစ သူအခုဘယ်မှာရောက်နေလဲဆိုတာ မသိကြလေဘူး။
အေဒီရာရဲ့နာကျင်ပြီး အားနည်းနေတဲ့ခန္ဓာကိုယ်ကို ထားထားသော မင်းသားငယ်ရဲ့အခန်းဟာ နှင်းမုန်တိုင်းဖြစ်နေသလိုကို အေးစက်နေခဲ့တယ်။
သူတို့ဟာ ဆရာဝန်တွေနဲ့ကုသသူတွေအားလုံးကို ခေါ်ယူပြသခဲ့ပြီးပြီ။သူတို့အားလုံးဟာ တစိတ်တဝမ်းတည်း သူ့မိန်းမလေးဟာ အဆိပ်မိနေကြောင်း ဆိုလာခဲ့ကြတယ်။
အဲဒါကိုပဲ သူတို့ထဲက ဘယ်သူကမှ အဆိပ်အတွက်ဖြေဆေးကို မဖော်စပ်နိုင်ကြသေးလေဘူး။
"ဒီနလပိန်းတုံးတွေကမှ ဘာမှ အသုံးကို မကျကြဘူး။သူတို့ရဲ့ အသုံးမဝင်တဲ့ခေါင်းတွေကို အေဒီရာကို ကယ်ဖို့အတွက် အသုံးမချနိုင်ရင် ငါသူတို့ကို ခေါင်းဖြတ်ပစ်လိုက်သင့်တော့တယ်"
ကေဆီမီရာဟာ ပြောပြီးပြီးချင်း တောက်လျောက် ထရပ်လိုက်တာကြောင့် အလျင်အမြန်ဘဲ မင်းသားနောက်လိုက်ရင်း စကားပြောဖို့ ကြိုးစားလိုက်တယ်။
"အ...အရှင်မင်းသား။မ..မလုပ်သင့်ပါဘူး မင်းသား။အရှင် သူတို့ကိုသာ သတ်လိုက်ရင် ဘယ်သူက သခင်မလေးအေဒီရာအတွက် ဖြေဆေးဖော်ပေးမှာလဲ။အရှင် ခုလိုထွက်သွားလိုက်ရင် သူမ မျက်လုံးဖွင့်တဲ့ခါ ဘယ်...ဘယ်သူက သူမကို အဖော်ပြုပေး ကာကွယ်ပေးတော့မှာလဲ။အရှင်မင်းသား အရှင် စိတ်အေးအေးထားရပါမယ်။ကျွန်တော်တို့ အဲ့လူဆီကနေ ဖြေဆေးအတွက် သိနိုင်ဖို့ အကောင်းဆုံးကြိုးစားပေးပါ့မယ်။ဒါကြောင့် ကျေးဇူးပြုပြီး အရှင်က သခင်မလေးဘေးမှာဘဲ အဖော်ပြုနေပေးပါ"
သူက တတ်နိုင်သလောက် ထိုသနားစရာ ကုသသူတွေရဲ့အသက်နဲ့ ကေဆီမီရာကို စိတ်အေးနိုင်စေဖို့ရာအတွက် သုတွေးလို့ရသမျှအရာအားလုံး ပြောချလိုက်တယ်။မင်းသားက ရပ်သွားပြီး သူပြောတာတွေကို စဉ်းစားချင့်ချိန်လိုက်ကာ ပြန်လှည့်ပြီး သူမိန်းမဖြစ်သူ့ရဲ့ လက်တွေကို ဆုပ်ကိုင်လိုက်ကာ ပြန်ထိုင်လိုက်တယ်။
သူက သူမလက်လေးတွေကို သူ့နှုတ်ခမ်းတွေဆီယူလိုက်ပြီး အနမ်းတချက်ပေးကာ သုမအသက်ကို ကယ်တင်နိုင်ဖို့ ဘုရားသခင်ဆီမှာ ဆုတောင်းမိလိုက်တယ်။သူက ယုံကြည်ကိုးကွယ်တတ်သူ မဟုတ်ပေမယ့် သူ့မိန်းမကို ကယ်တင်နိုင်ဖို့ တခါလောက်တော့ ကြိုးစားကြည့်ခြင်းဖြစ်သည်။
ရိုမန်ဟာ စိတ်သပ်သာရာရစွာ သက်ပြင်းတချက်ချလိုက်ပြီး ကြေကွဲဝမ်းနည်းသော မင်းသားကို သူချစ်သူနဲ့ နှစ်ယောက်တည်း ရှိစေဖို့ရာ ထွက်လာခဲ့လိုက်တယ်။
"မင်း ဒီလို မလုပ်ခဲ့ဘူး အရူးမလေးရဲ့။မင်းသာ ထွက်သွားရင် ကိုယ်ဘယ်လို လုပ်ရပါတော့မလဲ။ကစားနေတာရပ်လိုက်ပြီး ထလာတော့လေ။ထလာပြီး ကိုယ့်ကို တကျည်ကျည်လုပ်ဦး... ထိုးနှက်ဦး.. လောင်ကျွမ်းစေဦး......ကိုယ့်ကို ပြုံးပြပါဦး ......ကျေးဇူးပြုပြီး "
နောက်တကြိမ် သူမလေးဆီကနေ သူမရဲ့အရိုးထိအောင် နာကျင်မှုကြောင့် နာကျင်စွာ ညည်းညူးသံနဲ့ မျက်လုံးတို့မှ မျက်ရည်တို့ စီးကျလာချိန်မှာတော့ သူဟာ အကူအညီမဲ့သလို ခံစားလိုက်ရတယ်။သူ့မိန်းမဖြစ်သုရဲ့နာကျင်မှုကို ရပ်တန့်နိုင်ဖို့ရာ သူ့မှာ ဘာမှ မလုပ်နိုင်ဘူး။
သူမရဲ့နာကျင်စွာ ညည်းညူသံကို သူ့နားထဲကြားရတဲ့အကြိမ်တိုင်းမှာ သူ့နှလုံးသားက အကြိမ်သန်းပေါင်းများစွာ ဓားတွေနဲ့ ထိုးနှက်ခံရသလိုကို နာကျင်လာရတယ်။
သူမကို ခုလိုခြေနေမှာမြင်နေရခြင်းက သူ့ကို ပြိုလဲစေခဲ့တယ်။
"အေဒီရာ ကျေးဇူးပြုပြီး ထလာပါတော့။ဟေဇယ်က ထွက်သွားတယ်။ကိုယ်လည်း သူဘယ်မှာမှန်း မသိရဘူး။ကိုယ် ကိုယ့်သားနဲ့မိန်းမနှစ်ယောက်စလုံးကို အဆုံးရှုံးမခံနိုင်ဘူး။ကိုယ့်ကို ချန်ပြီး ထွက်မသွားလိုက်ပါနဲ့။ကိုယ် တောင်းပန်ပါတယ်"
တံခါးခေါက်လာသံက သူ့ကို နှောက်ယှက်လိုက်ပြီး ဒီတခါက သူ့ကို ခေါ်ဖို့ရောက်လာတဲာ ဝီလီယမ်ဖြစ်တယ်။ဝီလီယမ်က မင်းသားငယ်က သူ့ဘက်ကို လှည့်မကြည့်လာသော်လည်း ဒူးထောက်အရိုအသေပေးကာ ဆိုလိုက်တယ်။
"အရှင်မင်းသား ..အရှင်မင်းကြီးက မင်းသားကို ပလ္လင်ခန်းမကိုလာခဲ့ဖို့ အခေါ်တော် လွှတ်လိုက်ပါတယ်။"
ဝီလီယမ်ဟာလည်း အင်ပါယာရှိတဲ့တခြားသူတွေလိုပဲ သခင်မလေးခုလို ဝေဒနာ ခံစားနေရပြီး နာကျင်နေရတာကိုရော မင်းသားငယ်ခုလို ပြိုလဲနေတာကို မြင်နေရတာကြောင့်ပါ သူ့စိတ်ထဲမှာ နာကျင်ဝမ်းနည်းရလေတယ်။
နေလိုတောက်ပပြီး ဖြူစင်ဆုံး လီလီပန်းတွေချစ်စရာကောင်းကာ အားလုံးရဲ့ချစ်ခင်ခြင်းခံရတဲ့ မိန်းမငယ်လေးဟာ ဒီလို အခြေအနေမျိုးမှာ ရှိမနေသင့်လေဘူး။
ကေဆီမီရာဟာ အေဒီရာရဲ့နာကျင်နေမှု တည်ငြိမ်ပြီး လျော့ဖို့ အချိန်အတော်စောင့်လိုက်ပြီးမှ သူ့ကို လာခေါ်တဲ့သုကို သတိပြုမိပြီး လှုပ်ရှားမှုပြုလိုက်တယ်။
"ငါသွားတုန်း သူမကို စောင့်ကြည့်အဖော်ပြုပေးဖို့ အဲလက်ဇမ်းဒါးကို ခေါ်လိုက်"
သူက အမိန့်ပေးလိုက်ပြီး အဲလကာဇမ်းဒါးရောက်လာသည်ကို သေချာသည်ထိ အေဒီရာ့ဘေးနားကနေ မခွာလေဘူး။
.............
ကေဆီမီရာဟာ ဝီလီယမ်နောက်ကနေလိုက်ပြီး ဘုရင်ကြီးနဲ့ အယ်လယ်သီမင်းသမီးတို့စောင့်နေသော ပလ္လင်ခန်းမဆီကို ထွက်လာလိုက်တယ်။
အေသနာဆီးယပ်စ်ဟာလည်း သားဖြစ်သူရဲ့ သူချစ်ရသူကံဆိုးမိုးမှောင်ကျခြင်းကြောင့် ပြိုလဲနေတာကို မြင်တွေ့နေရသည့်အတွက် နှလုံးကွဲကြေနေရလေတယ်။သူ့အနေနဲ့ ထိုကောင်လေး အေဒီရာကို တွေ့ပြီးကတည်းက သူမလေးဟာ သူ့ရဲ့အားနည်းချက်ဖြစ်လာနိုင်တာကို နှလုံးသားထဲကနေ သိထားပြီး ဖြစ်တယ်။
သီရာဟာလည်း ကေဆီမီရာဟာ တခြားလူတွေအားလုံးလိုမျိုးပဲ တုန်လှုပ်ပြီး စိတ်ညိုးငယ်နေတာကို တွေ့လိုက်ရတယ်။ကြီးမြတ်ပြီး အကြွင်းမဲ့အာဏာရှိကာ အမှုမထားဟန်ရှိသော အရာအားလုံးကို သူ့ထိန်းချုပ်မှုအောက်မှာဘဲ ရှိစေတတ်ဟန်တူသော ထိုယောက်ျားဟာ ခုတော့ ဒီလို ဖြစ်နေလေတယ်။
သူ့ရဲ့ ဒီလို အားနည်းနေသော ပုံရိပ်ကို မြင်ရတဲ့ဘယ်မိန်းမသားမဆို သူတို့လက်ကို ဆန့်ပြီး သူ့ကို သူတို့ရင်ခွင်ထဲ ပွေ့ဖက် နှစ်သိမ့်လိုစိတ်ပေါ်ကြမှာပင်။
'ငါ ဆုံးဖြတ်လိုက်ပြီ'
"အသင့်ကြင်ယာတော်မှာ ဖြစ်သွားတဲ့ကိစ္စတွေအတွက် စိတ်မကောင်းပါဘူး အရှင်မင်းသား ကေဆီမီရာ။ကျွန်မ တိုင်းပြည်ကို စောပြီး ပြန်လိုက်ပါတော့မယ်။အသင် ကြင်ယာတော်ကို ပိုပြီး ဂရုစိုက်ချိန်ရတာပေါ့"
'သူမနဲ့ရှင်းရှင်းလင်းလင်း နှုတ်ဆက်ချိန်အတွက်ပေါ့"
"ကျေးဇူးတင်ပါတယ် မင်းသမီး"
ကေဆီမီရာဟာ ခိုကိုးရာမဲ့ကာ အရာအရာကို အရှုံးပေးထားဟန် အပြုံးနဲ့ ပြန်ဖြေလာတဲ့အခါမှာတော့ မင်းသမီးရဲ့နှလုံးသားဟာ ပိုပြီး ခံစားသွားခဲ့တယ်။
"အိုးးးးအမ်းးးဟုတ်ကဲ့"
မင်းသမီးဟာ မင်းသားငယ်က သူမအကြံကို ငြင်းဆန်ခြင်းမရှိတာကြောင့် အောင့်သက်သက်နဲ့ပြန်ဖြေလိုက်တယ်။နောက်တော့ သူမဟာ ဘုရင်ကြီးကို ဒူးညွတ်အရိုအသေးပေးကာ နှုတ်ဆက်စကားဆိုလိုက်ပြီး ထွက်လာခဲ့လိုက်တယ်။
အေသနာဆီးယပ်စ်ကတော့ ကေဆီမီရာရဲ့ယခုလိုပုံစံကြောင့် အေဒီရာရဲ့အခြေအနေကို မေးမြန်းဖို့ရာ အငြင်သာဆုံးဖြစ်မယ့် စကားကို စဉ်းစားပေမယ့် ဘာမှ တွေးမရလေဘူး။
"သူမ ဘယ်လိုနေလဲ"
"နာကျင်နေဆဲပဲ"
ကေဆီမီရာက ရိုသားစွာ ပွင့်ပွင့်လင်းလင်းဖြေလိုက်တယ်။သူ့အနေနဲ့ ခုချိန်မှာ သူ့ရဲ့အရင်လို ပြည့်စုံပြီး ဘာကိုမှ ဂရုမ ထားတဲ့မင်းသားတပါးလို ဟန်ဆောင်နေဖို့ စိတ်ကူးမရှိလေဘူး။သူနှလုံးသားတခုလုံးက သူ့ရဲ့ မိန်းမအတွက် သွေးတို့ထွက်အောင် နာကျင်နေရသည်ပဲ။
"အဖေတို့ ဒါကို ကျော်ဖြတ်နိုင်မှာပါ ငါ့သား ယုံကြည်ထားစမ်းပါ"
အေသနာဆီးယပ်စ်ဟာ ပြောသာပြောလိုက်ရပေမယ့် ခုချိန်မှာ သူ့သားကို ဘယ်စကားကမှ စိတ်မအေးစေနိုင်ဘူးဆိုတာ သိနေလေတယ်။
သူလည်း အဲ့လိုနေရာမှာ ရှိခဲ့ဖူးသည်။ဒါကြောင့် ခုချိန်မှာ ကေဆီမီရာ ဘယ်လိုခံစားနေရမည်ဆိုတာ သူ အသိဆုံးဖြစ်တယ်။
"တခြားပြောစရာမရှိရင် ကျွန်တော်ကို သွားခွင့်ပြုပါဦး အဖေ"
ကေဆီမီရာက ပြောလိုက်ပြီး သူဖခင်ကို အရိုအသေးပေးကာ ပြန်ထွက်လာလိုက်တယ်။
ခန်းမအပြင်မှာ စောင့်နေခဲ့တဲ့ ဝီလီယမ်ဟာလည်း မင်းသားငယ်ထွက်လာတာနဲ့ သူ့နောက်ကနေ လိုက်သွားလိုက်တယ်။ဒါပေမယ့် မင်းသားက သူ့အခန်းကို ပြန်မသွားဘူး။အိုးးးနိုးးးသာက အကျဉ်းခန်းကို တိုက်ရိုက်သွားနေတာ။
ကြည့်ရတာ ထိုလူဆီကနေ ဖြေဆေးအကြောင်း သိရနိုင်ဖို့
သူကိုယ်တိုင် စစ်မေးတော့ယ်ထင်တယ်။
သူ့အရှင်မင်းသားဖြစ်သူရဲ့ ကြောက်စရာကောင်းနေတဲ့အပြုံးကြောင့် မင်းသားဘာတွေးနေတယ်ဆိုတာကို ဝိုးတဝါး ရိပ်မိလိုက်တဲ့ ဝီလီယမ်ဟာ ထိုလူ အပိုင်းပိုင်း ဆုပ်ဖြဲခံရပြီး သူ့ခန္ဓာကိုယ်တခုလုံး အပေါက်တွေဖြစ်သွားအောင် လုပ်တော့မယ့် မြင်ကွင်းအတွက် ခံနိုင်ရည်ရှိအောင် စိတ်ကို ပြင်ဆင်ထားလိုက်ရတော့တယ်။
ထိုသူက နတ်ဆိုးဘုရင်ကို သူကိုယ်တိုင် ဖိတ်ခေါ်မိလိုက်တာပဲ။
'ငါ အလောင်းထည့်ဖို့အိတ် ဒါမှမဟုတ် တခုခုကို ပြင်ဆင်ထားရတော့မလား'


****************

She become a passive villainess-not(trans)Where stories live. Discover now