Pain pain fly away
ရင်ခုန်ပြီး စိတ်လှုပ်ရှားစရာကောင်းသော သက်ပြည့်အခမ်းအနားပွဲပြီး၍ ရက်သတ္တပတ်အတော်အကြာမှာတော့ အေဒီရာဟာ ကြင်ယာတော်လောင်းနှင့် ဘုရင်မတို့၏ ကျင့်ဝတ်တွေကို သင်ဖို့ရာအတွက် မြို့တော်မှာရှိတဲ့ တက္ကသိုလ်သို့ အပို့ခံရတယ်။
သူမအတွက်တော့ ဒီသင်ကြားမှုတွေဟာ ယခင်ဘ၀ကအကြိမ်နဲ့ပါဆိုရင် ဒုတိယအကြိမ်မြောက်ဖြစ်တာကြောင့် လွယ်ကူသော တာဝန်တခုဖြစ်သည်။ဒါပေမယ့် သူမဟာ လုံ့လ၀ီရိယရှိစွာ သင်ယူနေဆဲပါပဲ။
သူမဟာ ပြည်သူတွေနဲ့အတူ ရင်းနီးစွာပြောဆိုနေထိုင်ပြီး
တဖြည်းဖြည်းနဲ့ ပြည်သူတွေရဲ့ ချစ်ခင်မှု လေးစားမှုကို ရရှိလာခဲ့တယ်။ကေဆီမီရာဟာ သူမကို ထိုသို့မြင်တိုင်း သူမအတွက် ဂုဏ်ယူမိလေတယ်။
ကေဆီမီရာက တက္ကသိုလ် ကျောင်းကောင်စီရဲ့ ဥက္ကဌဖြစ်တယ်။ထိုအဖွဲ့မှာလုပ်ရင်း သူဟာ သူ့အပေါ်မှာ သစ္စာရှိနိုင်သော ယုံကြည်ရသော လူတွေကို စုဆောင်းနိုင်ခဲ့တယ်။ထိုသူတွေဟာ သူ့တယောက်တည်းအပေါ်မှာ သစ္စာရှိကြသူများဖြစ်သည်။
ငါ အေဒီရာနဲ့ လက်ဆက်ပြီးရင်တော့ သူမကိုပါ သစ္စာရှိဖို့ မှာထားရမယ်။ နောက်ကျမှ ဒါနဲ့ပတ်သတ်ပြီး သူတို့ကို ပြောပြထားရမယ်။
ကောင်စီဝင်အခန်းထဲမှာ သူနဲ့အတူ လီယွန်၊ရိုမန်၊အလက်ဇမ်းဒါး၊ဝီလီယမ်တို့ဟာ သူတို့လုပ်စရာရှိတဲ့ အလုပ်တွေကို လုပ်နေကြတယ်။အဲ့အချိန်မှာ တံခါးခေါက်သံပြင်းပြင်းက သူတို့ကို နှောင့်ယှက်လိုက်တယ်။
"ဝင်လာခဲ့ပါ"အေးစက်ပြီး အမိန့်သံပါတဲ့အသံနဲ့ကေဆီမီရာက ပြောလိုက်တယ်။တံခါးက တဖြည်းဖြည်းနဲ့ ပွင့်လာပြီး ပုံရိပ်လေးတခုက အတွင်းကိုရောက်လာတယ်။
"မင်္ဂလာနေ့လည်ခင်းပါ..အမ်...အရှင်မင်းသား"အေဒီရာက နူညံစွာပြောလိုက်တယ်။
"အင်း?"ကေဆီမီရာဟာ ဂရုမစိုက်တဲ့မျက်နှာနဲ့ ပြန်ဖြေလာတယ်။ဒါပေမယ့် သူ့အသံမှာတော့ သူ့မျက်နှာနဲ့ဆန့်ကျင်စွာဘဲ နွေးထွေးမှုတွေ ပျော်ဝင်နေခဲ့တယ်။
ကေဆီမီရာနဲ့ ငယ်ငယ်ကတည်းကအတူတွဲလာတဲ့ ရိုမန်ကလွဲလို့ ကျန်တဲ့သူတွေဟာ သူ့အသံကြောင့် အံ့သြသွားကြတယ်။သူ့အသံကြောင့် ဆောင်းဦးကနေ နွေဦးကို ချက်ခြင်းရောက်သွာသလိုမျိုး ခံစားလိုက်ရတယ်။
သူတို့ဟာ ရပ်နေတဲ့ အေဒီရာနဲ့ ထိုင်နေသော ကေဆီမီရာတို့ကို တလှည့်စီ ကြည့်နေကြတယ်။
ဒါဟာ နာမည်ကြီးလှတဲ့ သခင်မလေး ဆလယ်ဗားရစ်မို့လား?
"ကျွန်မရှင့်ကို ပြောစရာရှိလို့ ရောက်လာတာပါ။အချိန်ရပါရဲ့လား"သူမက တခြားတော်ဝင်တွေရဲ့ ရှေ့မှာ စကားကို ဂရုတစိုက်ပြောလိုက်တယ်။သူတို့က သူမထက်အဆင့်နိမ့်သော်လည်း အကွာကြီး မဟုတ်ပေ။သူတို့အများစုက မားကွတ်စ်မိသားစုကမဟုတ်ရင် အာလ် မိသားစုကပဲ။
"ပြောလို့ရပါတယ်"ကေဆီမီရာဟာ နူးညံ့စွာ ကြည့်လာပြီး အဆင်ပြေကြောင်း ငြင်သာစွာခေါင်းငြိမ့်ရင်းနဲ့ ဆိုလာတယ်။
"well;နောက်တပတ်မှာ ကျွန်မ ခရီးထွက်ရမယ်ဆိုတာ ရှင်သိတယ်မို့လား"
"အင်း"
"ဒါဆို သွားလို့ရတာလား"
"အင်း"
"သခင်လေး ဒလယ်ဗားရစ်ရော ပါတယ်ဆိုရင်တောင်လား"
ဟုတ်တယ်။ရှင်ကြားလိုက်တယ် မှန်တယ်။ထရီတန်က ကျွန်မနဲ့ အခန်းအတူတူ စာရင်းသွင်းထားတယ်။ဘယ်လောက် စိတ်အနှောင့်အယှက်ပေးလိုက်သလဲ။သူတင်မဟုတ်ဘူး။ဒီခရီးမှာ အိုက်းရစ်လည်း အတူပါမှာဖြစ်တယ်။
*အိုင်းရစ် အေမယ်ရီလစ်စ် ကေမီရာ လက်တီဖိုလီရာ;အမတ်ငယ် လက်တီဖိုလီရာ၏ မွေးစားသမီး*
ဒီတခါမှာတော့ ကေဆီမီရာဟာ ချက်ခြင်းပြန်ဖြေမလာဘူး။သူက ခဏစဉ်စားလိုက်ပြီး အနည်းငယ်ကြာတော့ ပြန်ဖြေလာတယ်။
"အင်း"
ပြောရမယ်ဆိုရင် ဒါက သူမကို အံ့သြသွားစေတယ်။သူက ထရီတန်နဲ့ပတ်သတ်ရင် ဘာကိုမှ မနှစ်သက်တာကိသူမသိတယ်။ဘယ်အချိန်ကစပြီးလည်း မသိပေမယ့်ပေါ။
အခု သူ့ပါးစပ်ကနေ အင်း လို့ထွက်လာတယ်။
"တကယ်လား"သူမက သံသယဖြစ်စွာထပ်မေးလိုက်တယ်။သူမ သိသော ကေဆီမီရာဟာ ထိုသို့ လွယ်ကူသူ မဟုတ်ပေ။သေချာပေါက် တခြားအကြောင်းရင်းတခုခု ရှိရမယ်။
သူက အရင်ကအဖြေတွေနဲ့ ပုံစံတူ အင်း လို့ပဲ ပြန်ဖြေလာတယ်။
သူ့ဆီကနေ အင်းကလွဲပြီး တခြားအဖြေမရနိုင်မှန်းသိတဲ့အခါမှာတော့ သူမဟာ သူ့ကိုနှုတ်ဆက်ပြီး ထွက်သွားခဲ့တယ်။
သူများတွေ ပြောကြတာတော့ သူ့တို့က ပျားရည်လို ချိုမြိန်ကြတယ်ဆို။ခု ဘယ်လိုဖြစ်ရတာလဲ။
"အရှင်မင်းသား အဆင်ပြေပါရဲ့လား"ရိုမန်က ဂရုတစိုက်မေးလိုက်တယ်။သခင်လေး ဒလယ်ဗားရစ်ရဲ့ နာမည်ကို ကြားပြီးတဲ့နောက် နေရာက အေးစိမ့်လာသလို ခံစားလိုက်ရတယ်။
"အဆင်ပြောပါတယ်။ဒါက အရေးမကြီးပါဘူး"သူက ရိုမန်ကိုပြန်ဖြေရင်း တခြာသူတွေရဲ့ထပ်မေးလာမည့် မေခွန်းတွေကို ရပ်တန့်လိုက်တယ်။
-----------
"သခင်မလေး အကုန်လုံး ထုပ်ပိုးပြင်ဆင်ပြီးပါပြီ။တကယ်ပဲ သခင်မလေး တယောက်တည်း ခရီးထွက်ရတာ အဆင်မှ ပြေပါ့မလား" သူမကို မြို့တော်ကနေပြီး အဆောင်ခန်းအထိ အဖော်ပြုပေးနေခဲ့တဲ့ လီဖာက စိုးရိမ်စွာ မေးလာတယ်။
သူမက သခင်မလေးနဲ့ အတူရှိမနေရခြင်းနဲ့ အသားမကျလေဘူး။ခုတော့ သခင်မလေးက သူမ မပါဘဲ ခရီးထွက်ရမည် ဖြစ်သည်။
"လီဖာ ကာအဆင်ပြေမှာပါ။ပြီးတော့ အစေခံတွေကို ခေါ်ခွင့်မရှိဘူးလို့ ငါပြောပြထားတယ်လေ"
"ဒါပေမယ့်"
"ငါ့ကို ယုံပါ လီဖာရဲ့။ငါ ငါ့ကိုယ်ငါ ဂရုစိုက်နိုင်ပါတယ်။ငါက နင်ထင်ထားတာထပ် သန်မာပါတယ်"သူမက လီဖာရဲ့လက်တွေကို အုပ်မိုးဆုပ်ကိုင်ပြီး ဖြောင်းဖြပြောဆိုလိုက်တယ်။
နောက်ဆုံးတော့ လီဖာဟာ သက်ပြင်းချရုံသာ တတ်နိုင်တော့တယ်။ဘယ်လိုပဲ သုမ သခင်မလေးက ဆိုပါစေ။ရင်ထဲမှာရှိတဲ့ အမြစ်တွယ်နေသောစိုရိမ်မှုလေးကတော့ ပျောက်ကွယ်သွားနိုင်မည် မဟုတ်ပါပေ
သူမ သခင်မလေးက သူမ သွားသည့်နေရာတိုင်းမှာ ပြဿနာ တခုမဟုတ်တခု ရှာတတ်သည်မဟုတ်လား။
---------
နောက်ဆုံးတော့ တော်ဝင်အဆင့်တွေအလိုက် စီစဉ်ထားသော ရထားလုံးတွေနဲ့အတူ သူမတို့အတန်းဟာ ခရီးထွက်ဖို့ စတင်လိုက်တယ်။အေဒီရာဟာ သူမအတွက် စီစဉ်ထားတဲ့ ရထာလုံးပေါ်ကို တက်ခါနီးမှာ တစ်စုံတယောက်ရှိနေပြီးဖြစ်တာကို သူမ သတိထားလိုက်မိတယ်။
ငါတို့က ယောက်ျာလေး မိန်းကလေးခွဲသွားရမှာ မဟုတ်ဘူးလား။ထရီတန်နဲ့ ငါနဲ့ပဲ အဆင့်တူတာမဟုတ်လား။ဒါပေမယ့် ဒီရထားလုံးက ငါ့အတွက်ပဲ မဟုတ်ဘူးလား။သူတို့က အစီစဉ်တွေကို ပြောင်းထားတာလား။
သူမဟာ ရထားလုံးပေါ်ကို တက်ဖို့ရာအတွက် ချီတုံချတုံဖြစ်နေခဲ့တယ်။ရထားလုံးပေါ်ကနေ လက်တဖက်ဟာ သူမကို ကူညီပေးဖို့ရာ အတွက်ဆန့်ထုတ်လာတယ်။လိုက်ကာချထားတာကြောင့် သူမက ထိုသူ့ကို မမြင်ရလေဘူး။
သူမက မလှုပ်မယှက်ဘဲ ဖြစ်နေသေးတဲ့ အခါမှာတော့ အသံအေးလေးတခုကအတွင်းကနေ ထွက်လာခဲ့တယ်။
"မစိုးရိမ်ပါနဲ့။ကိုယ်ပါ"
ရင်းနီးလွန်းလှတဲ့ အသံကြောင့်လသူမက ခေါင်းထဲမှာ ပေါ်လာတဲ့ နာမည်ကို ခေါ်လိုက်မိတယ်။
"ကေဆီ?"
"အင်း?"
နောက်ဆုံးတော့ စိတ်ပေါ့ပါးစွာနဲ့ သူကမ်းပေးတဲ့ လက်ကို ဆွဲပြီး ရထားလုံးပေါ်ကို တက်လိုက်တယ်။ သူမဟာ သူ့မျက်နှာကိုရှင်းရှင်းလင်းလင်း မမြင်ရတာကြောင့် လိုက်ကာကို ဆွဲဖွင့်လိုက်တယ်။
သူမရဲ့ ရုတ်တရက်ဆန်တဲ့ အပြုအမူကြောင့် ကေဆီဟာ လန့်ပြီးဘေးကိုစောင်းလိုက်ရာက သူ့ခေါင်းဘေးဟာ သစ်သားတန်းနဲ့ စောင့်မိပြီး အသံအကျယ်ကြီး ထွက်လာခဲ့တယ်။
အေဒီရာဟာလည်း ထိုသို့ ဖြစ်သွားလိမ့်မယ်မှန်း မခန့်မှန်းမိခဲ့ဘူး။သူမလည်း လန့်သွားပြီး ကေဆီရဲ့ ထိခိုက်သွားတဲ့ ခေါင်းဘက်ခြမ်းကို လက်နဲ့ အုပ်ထားလိုက်တယ်။
နောက်တော့ သူမဟာ ကေဆီရဲ့ ရှက်ပြီးနီရဲနေတဲ့ မျက်နှာကြောင့် မအောင့်ထားနိုင်တော့ဘဲ အကျယ်ကြီး ရယ်လိုက်မိတယ်။
"ဟား ဟ ဟား ကေဆီ အသံက အကျယ်ကြီးပဲ။ရှင်အဆင်ပြေရဲ့လား"သူမက ကေဆီရဲ့ ဒက်ရာကို သက်သာအောင် လက်နဲ့အသာပွတ်ပေးနေရင်းက မေးလိုက်တယ်။
သူက ငြိမ်ငြိမ်လေးနေပြီး သူမ သူ့ခေါင်းကို အသာအယာထိတွေ့နေတာကို နှစ်သက်နေမိတယ်။
ခေါင်းကို ခိုက်မိတာ တန်တော့တန်သားပဲ။
"အခုထိ နာနေသေးလား"
"အင်း"သူက သူမရဲ့ နွေးထွေးတဲ့အကြည့်တွေကို ကြည့်ပြီး ပြန်ဖြေလိုက်တယ်။
"ဒီကို လာခဲ့"အေဒီရာဟာ သူ့ကို အနားခေါ်ကာ သု့ခေါင်းကို နှိမ့်ကိုင်ပြီး ဒဏ်ရာကို ဟူးဟူးမှုတ်ပေးရင်းက ကလေးသံစဉ်တခုကို ဆိုလိုက်တယ်။
"pain pain fly away
Please don't hurt my baby"
သူက သူမကို ကြည့်နေတာကို သတိထားမိအြီးတဲ့ နောက်မှာတော့ ဒီသံစဉ်အတွက် သူမ အဆင့်အတန်းနဲ့ ကိုက်ညီတဲ့ အဖြေတခုကို အမြန်ပေးလိုက်တယ်။
"ကျွန်မအမေက ကျွန်မတခုခုဖြစ်တိုင်း အဲ့လိုလုပ်ပေးလေ့ရှိတယ်။ရှင့်အတွက်တော့ ထိရောက်မလားမသိပေမယ့် ကျွန်မအတွက်တော့ ဒါက အမြဲထိရောက်မှု ရှိတယ်။"
"ဒါက ထိရောက်ပါတယ်"ကေဆီမီရညက နူးညံ့စွာ ပြုံးပြပြီး ဖြေလာတယ်။
အာ ဒီအပြုံးက သိပ်အန္တရယ် သိပ်များတာပဲ။
တကယ်တော့ ရှင်က အားလုံးထဲမှာ အန္တရယ်အများဆုံးပဲ။
![](https://img.wattpad.com/cover/274392649-288-k235302.jpg)
YOU ARE READING
She become a passive villainess-not(trans)
Historical FictionOriginal author-@HalloweenGodspell ပထဆုံး ဘာသာပြန်ခြင်းမို့ အမှားပါရင် နားလည်ပေးပါ ။ ဖတ်ရအဆင်မပြေဖြစ်ခဲ့ရင် ယခုဘာသာပြန်သူရဲ့ ညံ့ဖျင်းမှုပါ။မူရင်းဝတ္ထုက အလွန် ဖတ်ကောင်းပါတယ်။