When she is my wife
ညလယ်ခေါင် ရောက်တဲ့အခါမှာတော့ အေဒီရာဟာ နိုးလာခဲ့တယ်။ဟေဇယ်ဟာ သူမလက်မောင်းတွေကြားမှာ ခွေဝင်နေဆဲဖြစ်ပြီး ကေဆီမီရာကတော့ ဆိုဖာပေါ်မှာ မသက်မသာအိပ်နေတာကို တွေ့လိုက်ရတယ်။သူမက သူနွေးထွေးအောင် စောင်တထည်ကို သူ့အပေါ်မှာ လွှမ်းခြုံပေးလိုက်တယ်။
တစ်နေ့လုံးနီးပါး အိပ်ပြီးသွားတဲ့ အချိန်မှာတော့ သူမရဲ့ လျော့နည်းသွားတဲ့ စွမ်းအင်းတွေဟာလည်း ပြန်ပြည့်ဝလာပြီး နေလို့ အတော်ကောင်းသွားပြီဖြစ်သည်။သူမဟာ ကေဆီမီရာနိုးလာတဲ့အချိန်မှာ အဆင်သင့်ဖြစ်စေဖို့ အရာအာားလုံးပြင်ဆင်နေလိုက်တယ်။
ကေဆီနိုးလာလာခြင်းမှာဘဲ သူဟာ သူ့ကိုပြုံးပြနှုတ်ဆက်လာတဲ့ အေဒီရာကို မြင်လိုက်ရတယ်။
"Good morning ကေဆီ,တောက်ပတဲ့ ကိုယ်ရောင်ကိုယ်ဝါတွေနဲ့အတူ ထတော်မူပါ အရှင့်သား"အေဒီရာဟာ စနောက်လိုက်ပြီး သူ့ကို ဆွဲထူလာလေတယ်။သူဟာ သူမရဲ့ အခုလို တက်ကြွနေတဲ့ပုံစံကို လွမ်းနေခဲ့တာဖြစ်သည်။မမြင်ရတာ တရက်ပဲ ရှိခဲ့တာဆိုပေမယ့်ပေါ့။
သူမက သူ့ကို ရေချိုးခန်းထဲတွန်းပို့လိုက်ပြီး သူ့အတွက် အ၀တ်အစားနဲ့ မနက်စာကို ပြင်ဆင်လိုက်တယ်။
ကေဆီမီရာဟာ ရေချိုးပြီးတဲ့အချိန်မှာတော့ သူဟာ ရေချိုးတဘက်အပိုင်းလေးကို ၀တ်ပြီး ထွက်လာတယ်။အေဒီရာဟာ သူ့ရဲ့ပုံစံကြောင့် နားရွက်လေးတွေ နီရဲလာသည်အထိရှက်သွားပြီး သူ့ကို အ၀တ်အစားကမ်းပေးရင်းကပဲ အထစ်အငေါ့ငေါ့နဲ့ ဆိုလာတယ်။
"ကျွန်.....ကျွန်မ..ရှင်နဲ့ ဟေဇယ်အတွက် မနက်စာလုပ်ထားတယ်။အမ်...ရှင်..အ၀တ်လဲပြီးရင်....စား...စားလိုက်ပါ။အမ်...ကျွန်မ...သွားတော့မယ်။ရှင်...ရှင် ..လုပ်စရာရှိတာလုပ်ပါ"
သူမအနေနဲ့ ဒီဆွဲဆောင်မှုရှိလွန်းလှတဲ့ လူကြီးရဲ့ ရင်ခွင်ထဲကို ပြေးဝင်မသွားမိစေဖို့ရာ ထွက်သွားဖို့ ခြေပြင်လိုက်တယ်။
တစ်ဖက်မှာတော့ ကေဆီမီရာဟာ သူမလေးရဲ့ အမူအရာတွေကြောင့် အသည်းယားသွားပြီး သူမလက်မောင်းကို လှမ်းဆွဲကာ သူမကိုယ်လေးကို သူ့ရင်ခွင်ထဲကို သွင်းလိုက်တယ်။
"အလျင်လိုစလိုပါ့လာ သခင်မလေး ဆလယ်ဗားရစ်"
အိုးးးဒါက နီးကပ်လွန်းတယ်။သူ့အသံက ငါ့နားနားနဲ့ နီးကပ်ရပ်လေး!!ရှုသွင်းရှုထုတ် ကိုယ့်ကိုကို ထိန်းထားစမ်း အေဒီရာ ဆလယ်ဗားရစ်!
ဘုရားရေ ကယ်ပါ။သူ့အနံ့က သိပ်ကောင်းတာပဲ။
ကေဆီမီရာဟာ သူ့ကြောင့် မျက်နှာတခုလုံး ခရမ်းချဉ်သီးမှည့်တစ်လုံးလို နီရဲသွားတဲ့ ကြည့်ပြီး ပြုံးလိုက်မိတယ်။
အေဒီရာမှာတော့ သူမရဲ့ နီရဲနေတဲ့ မျက်နှာလေးကို ဘယ်မှာ ၀ှက်ထားရမလဲဆိုတာကို တွေးနေမိတယ်။
နောက်ဆုံးတော့ သူမဟာ ပြုံးပြုံးကြီး ဖြစ်နေတဲ့ ကေဆီကို နောက်မှာချန်ထားပြီး အခန်းထဲကနေ ပြေးထွက်ခဲ့လိုက်တော့တယ်။
သူမထွက်သွားပြီးနောက်မှာတော့ ကေဆီဟာ သူ့ကို စူးစိုက်ပြီး ကြည့်နေတဲ့ နဂါးငယ်လေး ဟေဇယ်ကို ကြည့်လိုက်တယ်။နောက်တော့ သူက ဒီနဂါးလေး ဘာတွေးနေတယ်ဆို သိနေသလိုမျိုး ပြောလိုက်တယ်။
"ငါ ဘာလုပ်နိုင်မလဲ ။မင်းအမေက သိပ်ချစ်ဖို့ ကောင်းလွန်းတာကိုး"
သူမ ငါ့ဇနီးဖြစ်လာတဲ့အခါကျရင်လည်း ဒီလိုမျိုးလေးတွေကို တွေ့ရမှာလား။စိတ်ဝင်းစားဖို့ ကောင်းသား။
သူက အေဒီရာ သူ့အတွက် ပြင်ဆင်ပေးထားတွေကို ကြည့်လိုက်ရင်း တွေးလိုက်မိတယ်။
ဟေဇယ်ဟာ ထိုလူးသားက သူအမေကို ဖက်ထားတာနဲ့ ပတ်သတ်ပြီး မကြိုက်လေဘူး။ဒါပေမယ့် သူ့အနေနဲ့ ထိုလူသားဆိုလိုတာနဲ့ ပတ်သတ်ပြီးလည်း ခွန်းတုံ့မပြန်နိုင်လေဘူး။သူ့အမေက တကယ်ပဲ သိပ်ချစ်စရာ ကောင်းလွန်းတာကိုး။
နောက်တော့ သူဟာ အသားတဖက်ကို ဝါးရင်းနဲ့ပဲ သူ့အမေ ကိုယ်သင်းနံ့တွေစွဲကျန်နေသေးတဲ့ သူ့အမေပြင်ဆင်ထားပေးခဲ့တဲ့ အိပ်ရာဆီကိုပဲ ပျံသန်းသွားလိုက်တယ်။ဒီနေ့ဟာလည်း သူ့အမေပြန်လာဖို့ စာင့်ရမယ့်ရှည်ကြာလွန်းတဲ့ နေ့တစ်နေ့ဖြစ်နေဦးမှာပါပဲ။
............
ဒီနေ့မှာတော့ သူတို့ အဖွဲ့ဟာ အားအင်အပြည့်နဲ့ ဖြစ်လာခဲ့ပြီး ကြိုးကြိုးသားစားလုပ်နေကြတယ်။အေဒီရာကတော့ မင်းသားနဲ့ အိုင်းရစ်တို့ထက်တောင် လုပ်စရာနည်းပါးသည်။
ဘာကြောင့် သူမလုပ်စရာနည်းရသလဲ။
ထရီတန်နဲ့ ကေဆီဟာ သူမလုပ်ရမည့်အလုပ်တွေကို အကုန်လုံးလုပ်ပေးသွားသည့်အတွက် သူမမှာ လုပ်စရာဘာမှမရှိလေတော့ဘူး။တက်ရောက်စာရင်းတွေကို လုပ်ရလို့သာ သူမပျင်းပြီး မသေသွားခြင်းဖြစ်သည်။
ပရော်ဖက်ဆာဟာလည်း မင်းသားငယ်လေး သူ့ကြင်ယာတော်ကို အလိုလိုက်တာအတွက်ရော သခင်လေးဒလယ်ဗားရစ်က ကူညီလုပ်ကိုင်ပေးတာအတွက်ရောအတွက် ပြောမနေတော့ဘူး။ဘယ်သူကများ အာဏာအမြင့်ဆုံး ဆက်ခံသူနှစ်ယောက်ရဲ့ ဆန္ဒနဲ့ပတ်သတ်ပြီး မေးခွန်းထုတ်ရဲပါ့မလဲ။
အလုပ်နားချိန်ခဏမှာတော့ ထရီတန်ဟာ အေဒီရာနား မြက်ခင်းပြင်ဆီကို လျောက်လာပြီး သူမအနားမှာ ၀င်ထိုင်လိုက်တယ်။
"မင်သက်သာရဲ့လား။မနေ့ကမင်းဖျားလို့ မင်းသားအခန်းမှာ နေရတယ်ဆို သူမင်းကို တခုခုလုပ်သေးလား"
"သခင်လေး ဒလယ်ဗားရစ် မင်းသားက လေးစားဖွယ် လူတစ်ယောက်ပါ။သူက စည်းမျဉ်းနဲ့ ဆန့်ကျင်ပြီး ဘာမှမလုပ်ပါဘူး။ကျွန်မ ကျန်းမာရေးအနေနဲ့ကတော့ လုံးဝသက်သာသွားပါပြီ။စိုးရိမ်ပေးလို့ ကျေးဇူးတင်ပါတယ်"သူမက ကေဆီအတွက်ပြောပေးရင် ယဉ်ကျေးစွာ ပြန်ဖြေလိုက်တယ်။
"ကိုယ်တို့ နှစ်ယောက်ပဲရှိတဲ့အခါ ထရီတန်လို့ပဲ ခေါ်ပေးလို့ရမလား,အေဒီရာ"သူက သူမ အရင်ဘ၀ကတည်းက တခါမှ မမြင်ဖူးတဲ့ အကြည့်တွေနဲ့ ကြည့်လာပြီး ရုတ်ရက်ဆိုလာခဲ့တယ်။
အေဒီရာဟာ ကြောင်အနေစဉ်မှာပဲ အသံစူးစူးတခုက သူမအာရုံကို ဆွဲခေါ်သွားခဲ့တယ်။သူမ ကြည့်လိုက်တဲ့အခါမှာတော့ အိုင်းရစ်ဟာ ကေဆီအရှေ့မှာ ချော်ကျပြီး ရှက်ရယ်ရယ်နေတာကို တွေ့လိုက်ရတယ်။ကေဆီမီရာကတော့ စိတ်အနှောင့်အယှက်ဖြစ်နေပုံပါပဲ။
သူတို့နှစ်ယောက်ကို ကြည့်နေရဲ့ အေဒီရာက စကားစလိုက်တယ်။
"ပြောစမ်းပါဦး ထရီတန်"သူမက သူ့နာမည်အတိုင်းခေါ်လိုက်တဲ့ အခါမှာတော့ သူ့မျက်နှာမှာ အပြုံးတပွင့်ထွက်ပေါ်လာတယ်။
"အင်း အေဒီရာ?"
"ရှင် သခင်မလေး လက်တီ ဖိုလီရာနဲ့ စကားပြောဖူးလား"
သူမ ဒါနဲ့ပတ်သတ်ပြီး သိချင်နေခဲ့တာ။အရင်ဘ၀မှာတုန်းကဆိုရင် အိုင်းရစ်ဟာ အခု ကေဆီမီရာကို ကပ်တွယ်နေသလိုမျိုး ထရီတန်ကို တွယ်ကပ်နေခဲ့တာဖြစ်သည်။
"မပြောဖူဘူး။ကိုယ် သူမကို နှုတ်ဆက်တဲ့အချိန်ကလွဲပြီး ကောင်းကောင်းမသိဘူး။တခါမှလည်း စကားမပြောဖူးဘူး"
ထရီတန်ဟာ အေဒီရာက သူ့အကြောင်ူကို စိတ်ဝင်တစားရှိနေတာနဲ့ ပတ်သတ်ပြီး ပျော်ရွှင်စွာ အမှန်အတိုက်းဖြေလိုက်တယ်။
"ဟမ်..ဒီ ခရီးမှာတောင် တခါမှ စကားလာမပြောဖူးဘူးပေါ့လေ"
"အင်း"
"ဒါက ထူးဆန်းတာပဲ"သူမရေရွတ်လိုက်တာကို ထရီတန်က ကြားလိုက်တယ်။
သူအနေနဲ့ ဟို ငွေဖြူရောင်ဆံပင်နဲ့လူ မနှောင့်ယှက်ဘဲ သူမနဲ့ ခုလို စကားပြောရတာကို အလွန်ပျော်နေမိပြီ ဖြစ်တယ်။ကြည့်ရတာ အေဒီရာက သူနဲ့ သခင်မငယ်လေးတို့ ဆက်ဆံရေးနဲ့ ပတ်သတ်ပြီး စိုးရိမ်နေပုံပဲ။
ဒါ သူမ ငါ့ကို စိတ်ဝင်စားလို့များလား။
သူမ ဒါနဲ့ ပတ်သတ်ပြီး စိုးရိမ်စရာ မလိုပါဘူး။
သူမ တစ်ယောက်တည်းကပဲ ငါချစ်ရသူပဲဟာ။
"ကိုယ်နဲ့ သခင်မလေး လက်တီဖိုလီရာနဲ့ ကြားမှာ ဘာမှ မရှိဘူးဆိုတာ ကိုယ်ကျိန်ရဲပါတယ်" သူက အတွေးပေါင်း များစွာတွေးလိုက်ပြီးနောက်မှာတော့ ဆိုလိုက်တယ်။
အေဒီရာဟာ သူ့ကို ကြည့်လိုက်ပြီး သူဒီလိုကျိန်ဆိုပြောရအောင် သူ့ခေါင်းထဲမှာ ဘယ်လိုတွေးနေလို့လဲဆိုတာ သိချင်မိသွားတယ်။နောက်တော့ သူမက ပြုံးရုံပဲပြုံးပြလိုက်တယ်။
ကြည့်ရတာ အိုက်းရစ်က သူမ ဘယ်သူနဲ့ပဲ ရှိနေနေ အခုဘ၀ကော အရင်ဘ၀မှာပါ သူမနဲ့ လိုက်ပြိုင်နေတာပဲ။သူမက ထရီတန်နဲ့ ရှိနေရင် ထရီတန်ကို သူမ ဆွဲဆောင်မှာဖြစ်ပြီး သူမက မင်းသားနဲ့ ရှိနေရင် မင်းသားကို ဆွဲဆောင်မှာဘဲ။
ဒီ မိန်းကလေး ခေါင်းထဲ ဘာတွေများရှိနေတာလဲ။
အိုက်းရစ်ဟာ ကေဆီမီရာရှေ့မှာ ခဏခဏချော်လဲသလိုနဲ့ သူ့လက်မောင်းကို မှီဆွဲပြီး ရှက်ရယ်ရယ်နေတာကို ကြည့်ရင်း အေဒီရာဟာ တွေးလိုက်မိတော့တယ်။
Ah.....သူမက ဘယ်လို ဆွဲဆောင်ရမယ်ဆိုတာ သိနေတာပဲ..ဟမ့်
YOU ARE READING
She become a passive villainess-not(trans)
Ficción históricaOriginal author-@HalloweenGodspell ပထဆုံး ဘာသာပြန်ခြင်းမို့ အမှားပါရင် နားလည်ပေးပါ ။ ဖတ်ရအဆင်မပြေဖြစ်ခဲ့ရင် ယခုဘာသာပြန်သူရဲ့ ညံ့ဖျင်းမှုပါ။မူရင်းဝတ္ထုက အလွန် ဖတ်ကောင်းပါတယ်။