little family trip

1.1K 162 3
                                    

Little family trip

         အဲဒီ မတော်တဆဖြစ်ပြီးတဲ့နောက်မှာတော့ ကေဆီမီရာက ပိုပြီးဆိုးလာလေတယ်။သူမနာမည်ဖော်ပြခဲ့ရတဲ့ အရာတွေတိုင်းမှာမယုံတော့ဘဲ ကိစ္စသေးသေးလေးတွေကိုတောင် သူမကိုသာ တိုက်ရိုက်လာမေးတော့တယ်။အေဒီရာဟာ ဒီလိုဖြစ်လာတာနဲ့ ပတ်သတ်ပြီး စိတ်အနှောင့်အယှက်ဖြစ်မိပေမယ့် သူမ ဒါအတွက် ဘာမှ မလုပ်နိုင်လေဘူး။ဒါ သူမကိုယ်တိုင်စခဲ့မိတာပဲ။သူမကိုယ်တိုင်ကလွဲပြီး ဘယ်သူ့ကို အပြစ်တင်နိုင်မှာလဲ။
       "ကေ......ဆီ"သူမက ဆိုဖာပေါ်မှာ လျော့လျော့ရဲရဲ ပျင်းရိစွာထိုင်နေရင်းက စာရွက်ပုံတွေကြားမှာ မြုပ်နေတဲ့ကေဆီ့နာမည်ကို သံရှည်ဆွဲကာ ခေါ်လိုက်တယ်။ဟေဇယ်ကတော့ ထုံးစံအတိုင်း သူမလက်မောင်းကြားမှာဘဲပေါ့။
     ကေဆီမီရာဟာ အမေကို အမြဲတောင်းတနေတဲ့ ကလေးဆိုးလေး ဟေဇယ်ကြောင့် သူမကို သု့အခန်းထဲကို အမြဲဖိတ်ကြားနေရတယ်။ဒါပေမယ့် သူကိုယ်တိုင်ကလည်း သူမ သူ့မျက်စိရှေ့မှာရှိနေတာကို သဘောကျမိတာပါပဲ။
     "ဟင်?"သူက ရိုမန်ပေးပို့လာတဲ့ စာရွက်တွေကြားအလုပ်ရှုပ်နေရာကနေ ခေါင်းမော့ဖြေလိုက်တယ်။
    "ကျွန်မ ဟေဇယ်နဲ့ ရေတံခွန်ဆီအပြင်ထွက် ကစားလို့ရလား"
     "မရဘူး"
     "ဘာလို့လဲ ဟေဇယ်လည်း ကျွန်မနဲ့အတူရှိနေမှာဘဲဟာ"
      "ကိုယ် မထွက်နိုင်ဘူးလေ"
     "ဒါကြောင့်လား။ရှင် အလုပ်ရှုပ်နေတာကြောင့် မထွက်နိုင်ဘူးဆိုတာ ကျွန်မသိပြီးသားပဲ။ကျွန်မတို့ပဲ သွားလိုက်မယ်လေနော်။"
      ကေဆီမီရာဟာ သက်ပြင်းအရှည်ကြီး ချလိုက်တယ်။သူ သူမကို အမြဲ သူမမျက်စိရှေ့မှာဘဲ ရှိနေစေချင်တာကို သူမနားလည်အောင် ဘယ်လိုလုပ်ရပါ့မလဲ။
      "ဟေဇယ်နဲ့ ဒီမှာဘဲ ကစားပေါ့"
     "ဒါပေမယ့် ကျွန်မက အပြင်ထွက်ချင်တာလေ။ဒီနေရာက မှုန်မှိုင်ပြီး ထိုင်းမှိုင်းနေတယ်လေ။ဟေဇယ်ရဲ့ ကြေးခွံတွေက ဒီလိုဆို လှပတော့မှာ မဟုတ်ဘူး။သူ့အနေနဲ့ အကြေးခွံတွေကို ရေတံခွန်ရေနဲ့ အအေးခံဖို့ လိုတယ်လေ။ပြီးတော့ ခုက ပျင်းစရာကြီး။"
      တကယ့်အကြောင်းအရင်းက ဒါပဲမဟုတ်လားအေဒီရာ။
      "ကောင်းပြီ"သူက သက်ပြင်းတချက်အသာချပြီး ပြောလိုက်တယ်။သူအလုပ်ပြီးဖို့ နှစ်ရွက်ပဲလိုတော့တယ်။သူက စာရွက်တွေကြား ပြန်ဝင်လိုက်တယ်။
    ကေဆီမီရာရဲ့ မီးစိမ်းပြ ခွင့်ပြုချက်ကြောင့် သူမလုံးဝပျော်ရွှင်သွားတယ်။
     "တကယ်လား?ဟေဇယ်ရေကြားလား။ငါတို့အပြင်မှာထွက်ပြီး ကစားလို့ရပြီ"သူမက ကေဆီကို လုံးဝလစ်လျူရှုလိုက်ပြီး ဟေဇယ်ကို လေထဲမြှောက်ကိုက်ကာ ပြောနေလေရဲ့။
     "ကိုယ် ဒီအလုပ်နှစ်ခု ပြီးသွားရင်ပေါ့။"ကေဆီက ထပ်ပြောလိုက်တဲ့အခါမှာတော့ သူမရဲ့ စိတ်လှုပ်ရှားမှုလေးဟာ ရေခဲရေနဲ့ လောင်းချခံလိုက်ရသလိုပါပဲ။
     အေဒီရာက မကျေမနပ်အနည်းငယ် ဖြစ်သွားသော်လည်း ထပ်ပြီးငြင်းဆိုမနေတော့ဘူး။ထပ်ပြီး ပြောလိုက်ရင် တော်ကြာ သွားတောင် မသွားရဘဲ ဖြစ်နေလိမ့်မယ်။အဲ့တော့ သူမ သူအလုပ်ပြီးဖို့ စောင့်နေရုံပဲ တတ်နိုင်တော့တယ်။
   ...............
     "ဟေဇယ်ကြည့်စမ်း လှလိုက်တာ"
  အေဒီရာဟာ ပြောပြောဆိုဆိုနဲ့ပဲ ဟေဇယ်ကို အရိုင်းတောထဲမှာ ပျံသန်းစေလိုက်တယ်။
    သူ့ကို အခန်းထဲမှာဘဲ အမြဲပိတ်နှောင်ထားခြင်းက သူ့ကျန်းမာရေးအတွက် မကောင်းဘူး။သူက သဘာဝအတိုင်း ကောင်းကင်ကြီးထက်မှာ ပျံသန်းနေရမှာ ဖြစ်တယ်။
     "ကေဆီ မြန်မြန်လာပါ"
    သူတို့နဲ့ လိုက်ဖြစ်အောင်လိုက်လာတဲ့ ကေဆီဟာ နောက်မှာနေပြီး နေရာကိုစစ်ဆေးနေလေတယ်။သူဟာ ဟေဇယ်ကို တခြားသူတွေ မမြင်နိုင်စေဖို့ရာနဲ့ သူတို့မိသားစုခရီးလေးကို ဘာအနှောင့်အယှက်ဖြစ်မလာစေဖို့ရာအတွက် လုံလောက်တဲ့ အကာအကွယ်အစည်းတွေကို ချထားလိုက်တယ်။
      "ကျွန်မတို့ မနက်ဖြန်ပဲ မွန်းကျပ်လှတဲ့ မြို့တော်ကို ပြန်သွားရတော့မယ်။ရှင် လိုက်ပိတ်ပင်နေတာနဲ့ပဲ ဒီလို လှပတဲ့ သဘာဝတွေကို မခံစားခဲ့ရဘူး။"သူမက ပွစိပွစိရေရွတ်နေခဲ့တယ်။
     ကေဆီမီရာက သူမထပ်ပြီး ပွစိပွစိတွေ ထပ်မပြောလာခင်မှာ သူမခေါင်းကို ပုတ်ပေးရင်းက ချောကလက်တခုကို သူမ ပါးစပ်ထဲ ထည့်ပေးလိုက်တယ်။
     "အင်းးးဒါက ချိုတာပဲ။ရှင်ဒါကို ဘယ်က ရခဲ့တာလဲ"သူမက လျာဖျားပေါ်က ချိုတဲ့အရသာကို ခံစားရင်းနဲ့  မေးလိုက်တယ်။
     "ကိုယ် လုပ်ထားတာ"ကေဆီက တိုတိုပဲ ဖြေရင်း သုမလေးကို ထပ်ကျွေးလိုက်တယ်။
       တောထဲမှာ ခရီးတပတ်ပျံသန်းပြီး ပြန်ရောက်လာတဲ့ ဟေဇယ်ဟာ အေဒီရာကို ကေဆီမီရာက ကျွေးနေတာတွေကို တွေ့လိုက်ရတယ် အခါမှာတော့ သူ့အဖေကို မကျေနပ်စွာ ကြည့်လိုက်တယ်။
      ငါ ခဏလေး ပျံသန်းနေဆဲမှာ သူက ရအောင် အခွင့်အရေး ယူလိုက်တာလဲ။
     "အိုးး ကလေးလေးကရော ချောကလက် စားချင်လို့လား"အေဒီရာဟာ စိတ်ကောက်သလို ညီးပြနေတဲ့ ဟေဇယ်ကို မေးလိုက်တယ်။
        ကေဆီမီရာက အေဒီရာရဲ့ ပါးဖောင်းလေးတွေနဲ့ ပြုံးနေတဲ့ မျက်နှာလေးကို ကြည့်လိုက်တယ်။သူမလေးက တကယ်ကို ပြုံးရွှင်နေတယ်။
     သူ သူမကို ခုလိုမျိုး ခဏခဏခေါ်လာခဲ့သင့်တာ။သူသာ ဂရုစိုက်မယ် ဆိုရင် အရင်တခါလို ဖြစ်နိုင်မှာမှ မဟုတ်ပဲ။သူ သူမလေးကို တင်းကျပ်ထားခဲ့မိတာလား။
     "ကေဆီ ဘာဖြစ်လို့လဲ"သူ့မျက်လုံးတွေထဲက ၀မ်းနည်းမှုအငွေ့အသက်တွေကြောင့် အေဒီရာက မေးလိုက်တယ်။ထိုတနေ့က ကိစ္စဖြစ်ပြီးကတည်းက ကေဆီဟာ ထိုသို့ ခဏခဏ ဖြစ်နေတတ်သည်။
      သူက ပြန်မဖြေဘဲ ခေါင်းကိုပဲ အသာယမ်းကာ သူမကို ချောကလက်ပဲ ထပ်ကျွေးလိုက်တယ်။ဒါပေမယ့် သူ သူမလေးကို ကျွေးသမျှကို ကြားကနေ ဟေဇယ်က ယူယူစားနေတာကြောင့် နောက်းဆုံးမှာတော့ သူက သူမကို အထုပ်လိုက်ပေးပြီး သူမကိုယ်တိုင်ပဲ ယူစားစေလိုက်တော့တယ်။
     "ရှင် ဟိုတနေ့က ကိစ္စအတွက် စိတ်မကောင်းဖြစ်နေတုန်းလား"
     အေဒီရာရဲ့ မေးခွန်းကို ကြားလိုပ်ပြီးတဲ့နောက်မှာတော့ ကေဆီမီရာဟာ ပိုပြီး အပြစ်ရှိသလို ခံစားလာရပြီး ၀မ်းနည်းလာလေတယ်။
    သူရဲ့ ထိုအမူအရာကြောင့် အေဒီရာဟာ စိတ်မကောင်းဖြစ်သွားခဲ့တယ်။ထိုနေ့က ကိစ္စကြောင့် သူမဟာ သူရဲ့ ယုံကြည်မှုကို လုံးဝရရှိလိုက်တယ်။တန်ကြေးအနေနဲ့ကတော့ သူဟာ ခဏခဏ ၀မ်းနည်းရိပ်သန်းနေတတ်သည်။
      အေဒီရာဟာ ကေဆီမီရာ့အနားကို လျှောက်သွားလိုက်ပြီး  သူ့လက်ကို ဆုပ်ကိုင်ထားလိုက်တယ်။ပြီးတော့ သူ့ကို ချောကလက်တခု ခွံ့ကျွေးလိုက်တယ်။
     "ချိုတယ်မလား။ကေဆီ ရှင်က ကျွန်မအပေါ် သိပ်ကောင်းတယ်။ဟိုတခါက စကားတွေကြောင့် ရှင့်ကို မခံစားစေချင်တော့ဘူး။ရှင် ကျွန်မကိုယုံကြည်ပြီ မို့လား။အဲဒါဆိုရင်ဘဲ ကျွန်မအတွက် လုံလောက်နေပါပြီ"
      ကေဆီမီရာဟာ သူ သူမကို ဘယ်လောက်တောင်ချစ်ကြောင်း ဘယ်လိုပြောရမယ်မသိလေဘူး။အဲ့အချိန်တုန်းက  သူက သ၀န်တိုပြီး သူမကို လက်မောင်းကြားဆွဲသွင်းခဲ့တာကို သူမှတ်မိတယ်။ သူ့ ဘ၀မှာ သူရဲ့အလုံးစုံသေ ယုံကြည်မှုနဲ့ ချစ်ခြင်းတွေကို အေဒီရာ တစ်ယောက်တည်းကိုသာ ပေးထားတာဖြစ်တယ်။သူ ဘယ်သူ့ကိုမှ သူ့မိသားစုကိုတောင်မှ နှလုံးသားထဲမှာ နေရာအများကြီး ပေးမထားလေဘူး။သူဟာ ခံစားကြောင့် ဘာကိုမှ မလုပ်ဖူးလေဘူး။သူလုပ်သမျှဟာ တာဝန်နဲ့ အမိန့်တွေကြေင့်ပဲ ဖြစ်ခဲ့တာ။သူမကို မတွေ့ခင် အချိန်ထိပေါ့။
     သူ သူမကို တွေ့တဲ့အချိန်ကစပြီး သူ့အဖေဆီမှာ လက်ဆက်ပေးဖို့ တောင်းဆိုခဲ့တာတွေ သူ့သရုပ်မှန်ကို ဖုံးကွယ်ပြီး သူမလေးနဲ့ ရင်းနီးဖို့ ကြိုးစားခဲ့တာတွေ အကုန်လုံးကတော့ သူသူမလေးကို ချစ်လို့လုပ်ခဲ့တာဖြစ်တယ်။သူမလေးရဲ့ အပြုံးရဲ့ မြင်ရဖို့ အတွက်ဆိုရင် သူ အရာအားလုံးလုပ်နေလေတယ်။သူဟာဘယ်တုန်းကမှ လူတစ်ယောက်ကို ဤမျှချစ်မိသွားလိမ့်မည်ဟု တွေးမထားခဲ့ဘူးပေ။
        "ကိုယ်မင်းကို အကြွင်းမဲ့ ယုံကြည်ပါတယ်"သူဟာ ဟေဇယ်ရဲ့ သူ့အကျီင်္စတွေကို ဆွဲနေတာကြောင့် အတွေးလွန်နေတာကိုရပ်ပြီး ပြောလိုက်တယ်။အေဒီရာဟာ တောက်ပစွာပြုံးပြလာတယ်။သူ့အနေနဲ့ သူမလေးရယ် သာတို့ကလေးငယ် ဟေဇယ်နဲ့ ခုလိုထွက်လာရတာ စိတ်ချမ်းသာမိတယ်။
      "ဒါဆို ကျွန်မ ကေဆီရဲ့ အပြုံးတွေ မြင်ပါရစေဦး"အေဒီရာက ပြောလိုက်တံ အခါမှာတော့ သူက အနွေးထွးဆုံး အပြုံးတွေနဲ့ ပြုံးပြ လာခဲ့တယ်။ဒီအပြုံးလေးကပဲ သူ သူမကို ဘယ်လောက်ထိ မြတ်မြတ်နိုးနိုးချစ်ကြောင် သက်သေပြနေလေတယ်။
      သူ့အပြုံးကို မြင်လိုက်ရတဲ့ အခါမှာတော့ သူမက စိတ်သက်သာရာရသွားတယ်။
      "ပြီးတော့ ပြောလက်စနဲ့ ကျွန်မအနေနဲ့ မေးစရာ ရှိတယ်"
သူမ အကြည့်တွေဟာ ချက်ခြင်းပဲ လေးနက်သွားတယ်။
       "ကေဆီမီရာ အေသနာဆီးယပ်စ် ရိုဇန် ဗားဆိုင်းလူးယပ်စ်အသင်ကျွန်ုပ်ကို သင့်ဘ၀တခုလုံးနဲ့ ရင်ပြီး ယုံကြည်နိုင်ပါမည်လော"
    
     Unicode

She become a passive villainess-not(trans)Where stories live. Discover now