Resurrected the great demon lord
အေဒီရာဟာ နောက်ဆုံးတော့ သဘာဝကျကျပဲပြန်လာခဲ့တယ်။ကေဆီမီရာက စိတ်သက်သာရာရသွားပြီး သူမကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်တယ်။
ဆရာတွေနဲ့အတူ ကျောင်းသားတချို့ဟာလည်း သူတို့နားကိုဝိုင်းလာကြတယ်။သူတို့နှစ်ယောက်ပုံစံကို မြင်ပြီးတဲ့အချိန်မှာတော့ တိတ်တဆိတ်ပဲ အကြည့်တွေ လွှဲလိုက်ကြတယ်။
သူတို့ သေချာပေါက် ခွေးစာ မစားချင်ပါဘူးနော်။
"မင်း အဆင်ပြေရဲ့လား"သူကမေးလာတယ်။သူ့စကားတွေကြားမှာ စိုးရိမ်မှုတွေ ပျော်ဝင်နေတာကို သူမခံစားနိုင်တယ်။
"အင်း ။ရှင့်ကိုလန့်စေမိလို့တောင်းပန်ပါတယ် ကေဆီ။ဒါပေမယ်ခုကျွန်မကိုကူဦး။ကျွန်မတိုနှစ်ယောက်တည်း သီးသန့်ဖြစ်သွားချိန်ကျရင် ရှင့်ကို အားလုံးရှင်းပြမယ်လို့ကတိပေးတယ်။အခုတော့ ဒီအရာလေးကို ဖွက်ထားပေးဖို့ ကူညီပါဦး"သုမက ကေဆီမီရာတစ်ယောက်သာ ကြားနိုင်လောက်အောင် အသံတိုးလေးနဲ့ ပြောလိုက်ပြီး သူတို့နှစ်ယောက်ကြားမှာညှပ်နေတဲ့ အနက်ရောင်ဘောလုံးလေးကို ကွေးကွေးလေးဖြစ်နေတဲ့ အရာလေးကို ကြည့်လိုက်တယ်။
အေဒီရာရဲ့ အသနားခံတဲ့ မျက်လုံးတွေကြောင့် သူက ထိုအရာလေးကို စိုပ်ကြည့်ပြီး အရှုံးပေးသလို သက်ပြင်းချလိုက်မိတယ်။ သူ ဘယ်တုန်းက သူမကို ဆန့်ကျင်နိုင်ခဲ့ဘူးလို့လဲ။
"အခု သခင်မလေးအေဒီရာလည်း ပြန်ရောက်လာပြီဆိုတော့ ကျွန်တော်တို့ မမှောင်ခင် ခြံဝန်းကို ပြန်ဖို့ မြန်မြန်လုပ်ရအောင်"
တကယ်ပဲ ဒီကောင်လေးကတော့ သူ့အမိန့်ပေးတဲ့အချိန်မှာဘဲ စကားရှည်ရှည်ပြောတာပဲ။
ခုလိုမျိုးပေါ့။
ဒါက ဒီနေရာမှာရှိနေတဲ့ လူအားလုံးနီးပါးရဲ့ အတွေးဖြစ်သည်။ဒါပေမယ့် ဘယ်သူကမှတော့ ထုတ်ပြောပြီး မေးခွန်းမထုတ်ရဲလေဘူး။တခါက ထိုသို့မင်းသားရဲ့ စကားကို မေးခွန်းထုတ်ဖူးသူတယောက် ဘာဖြစ်သွားလဲဆိုတာ သူတို့အားလုံးသိပြီးသားဖြစ်သည်။
တောထဲမှာ ခုနက စုပြုံနေကြတဲ့ လူစုဟာ သူတို့အခန်းဆီသူတို့ ပြန်သွားလိုက်ကြတယ်။သေချာပေါက် ကေဆီမီရာ အခန်းဆီ ဆွဲခေါ်လာခံရတဲ့ အေဒီရာတော့ မပါဘူးပေါ့။
"ရှင်းပြ"
အတည်ကြီးလား။ဒဏ်ရာရသွားသေးလား။ဘယ်နေရာတွေ နာနေသေးလဲ။တစ်ယောက်တည်းကြောက်နေခဲ့လား။အဲ့တာတွေ တခုမှမဟုတ်ဘူးပေါ့။
သူမက သူမကို စိုက်ကြည့်နေတဲ့သူ့ကို ကြည့်ရင်းတွေးလိုက်တယ်။သူမက သက်ပြင်းချလိုက်ပြီး ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုပ်ရှင်းပြလိုက်တယ်။သူမ တွားသွားပြီးတဲ့နောက်မှစ၍ နဂါးကြီးသေသွားတာ သူမ စိတ်စွမ်းအင်ကိုသုံးပြီး အကာအကွယ်စည်းလုပ်ခဲ့ရတာ ခု သူမထိုနေရာကို ၀င်နိုင်ထွက်နိုင်သွားတာတွေကို ပြောပြလိုက်တယ်။
သူမရှေ့မှာ ထိုင်နေတဲ့ ကေဆီမီရာဟာ အေဒီရာပြောပြတဲ့ အဖြစ်အပျက် အစုံကို နားထောင်ပြီးတဲ့ အချိန်မှာတော့ သူ့အကြည့်တွေကို သူမလက်မောင်းကြားမှာခွေနေတဲ့ အနက်ရောင်ဘောလုံးဆီကို အကြည့်ပို့လိုက်တယ်။
တကယ်လို့ ထိုအရာလေးကသာ ကလေးမဟုတ်ခဲ့ဘူးဆိုရင် သူက ဒါကိုဆွဲထုတ်ပြီး ကန်ထုတ်ပစ်မိမှာပင်။ဒါပေမယ့် အေဒီရာက မကြိုက်လောက်ဘူး။ခုတောင်ဒီသခင်မလေးက ထိုအရာလေးအပေါ် တွယ်တာနေတာကို သူသိနိုင်တယ်။
"မင်း သူ့ကို မွေးစားဖို့ကြံရွယ်ထားတာလား"
အေဒီရာက စဉ်းစားလိုက်တယ်။ပြောရရင် ဒီသတ္တဝါလေးဟာ သူမရဲ့ ဟေဇယ်လေးကို တွေးမိပြီး မြင်ယောင်မိစေတယ်။ဒါပေမယ့် ဒါက သူမ ဒီနဂါးလေးကို ထိုနာမည်ပေးမယ်လို့ ဆိုလိုသည်လည်း မဟုတ်ပေ။သူမ ထပ်စောင့်ကြည့်ချင်သေးတယ်။တပတ်လောက်ကြာရင်တော့ သူ့ကိုယ်လက္ခဏာတွေက ထင်ရှားလာမှာပဲ။အဲ့တော့ကျမှ ဆုံးဖြတ်ရင်လည်း ရတာပဲလေ။[*နာမည်ပေးလိုက်ရင် သခင်အဖြစ်ခံယူလိုက်တာလို့ ရှေ့အပိုင်းမှာ ပါပါတယ်နော်*]
တအောင့်အကြာမှာတော့ သူမက ပြန်ဖြေလိုက်တယ်"အင်း"
"အခု မင်းလက်တွေကို ကိုယ့်ကို ပြပါ"သူက ရုတ်တရက် အခုပြောနေတဲ့ အကြောင်းတွေကိုကျော်ပြီး ခေါင်းစဉ်ပြောင်းလိုက်တယ်။
သူမက သူမရဲ့ အကာအကွယ်စည်းပြုလုပ်ခဲ့နည်းနဲ့ ပတ်သတ်ပြီး လှို့လှို့ဝှက်ဝှက်နဲ့ ကျော်သွားဖို့ စိတ်ကူးထားခဲ့တာ။သူကလည်း ခုချိန်ထိမေးမလာတာကြောင့် မေ့သွားပြီလို့ သူမတွေးထားခဲ့တာ။
တကယ်တော့ ကေဆီမီရာကို ဖုံးထားဖို့ဆိုတာ မလွယ်ဘူးဘဲ။
သူမက နာခံစွာနဲ့ လက်သီးဆုတ်ထားတဲ့လက်ကို ဆန့်ထုတ်လိုက်ပြီး ဖြန့်ပြဖို့ရာအတွက် တွန့်ဆုတ်နေမိခဲ့ဆယ်။သူမ ထိုအချိန်တုန်းက နည်းနည်းကြီးကြီး ဖြတ်မိပြီး ဒဏ်ရာက သူမမှန်းထားတာထက် ပိုကြီးသွားခဲ့တယ်။
"ဖွင့်"
အေဒီရာဟာ မျက်လုံးကို မှိတ်ထားလိုက်ပြီး သူမ ကံကြမ္မာကို ကံတရားဆီမှာဘဲ အပ်နှံထားလိုက်တယ်။သူမ နတ်ဆိုးဘုရင်ကြီးကို ဖြောင်းဖြဖို့ အတတ်နိုင်ဆုံး ကြိုးစားရတော့မှာဘဲ။
သူမလက်ပေါ်က ပြက်ရာကို မြင်မြင်ခြင်းမှာဘဲ ကေဆီမီရာဟာ မျက်မှောင်ကျုံ့လိုက်မိတယ်။အေးစက်ပြီး အန္တရယ်ရှိတဲ့ အငွေ့အသက်တွေဟာ သူ့မျက်လုံးမှာ ဖြတ်ပြေးနေခဲ့တယ်။အေဒီရာဟာ အောင်မြင်စွာနဲ့ နတ်ဆိုးဘုရင်ကို လှုပ်နှိုးဆွနိုင်လိုက်ပြီးဖြစ်တယ်။
Oh god
"ကေ..ကေဆီ!ကျွန်မအဆင်ပြေပါတယ်။ကြည့် ဒါက သွေးတိတ်နေပြီ။ဒါက ပြန်ကောင်းသွားမှာပါ။တပတ်လောက်ပါပဲ။ဟုတ်ပြီလား။စိတ်အေးအေးထား။ဟုတ်ပြီလား။"သူမက အလျင်အမြန်ဘဲ သူ့ကို ဖြောင်းဖြလိုက်တယ်။
သူက ရုတ်တရက် ထရပ်လိုက်ပြီး အခန်းအပြင်ကို ထွက်သွားခဲ့တယ်။
မိနစ်အနည်းငယ်အကြာမှာတော့ သူက ကုသရေးဆရာတယောက်နဲ့အတူ ပြန်ရောက်လာတယ်။
ဘာရယ်---?ရှင်က ရှင့်အာဏာကို အလွဲသုံးစားလုပ်နေတာပဲ။ဒီဒဏ်ရာလေးအတွက်နဲ့ ဘယ်လိုလုပ် ဆရာတယောက်ကို ဆွဲခေါ်လာခဲ့ရတာလဲ။
"ဆ...ဆရာ ကျွန်မ အဆင်ပြေပါတယ်။ကေဆီ...အမ်..အရှင်မင်းသားက အစိုးရိမ်လွန်..."သူမ ပြောလက်စ တမ်းလန်းနဲ့ပဲ ရပ်လိုက်ရတယ်။
သူတို့နှစ်ယောက်တည်းရှိနေချိန် ဒီလိုပြောသည်က ကိစ္စမရှိပေ။ဒါပေမယ့် အခုက ဆရာပါရှိနေသည်။အခု သူမ မင်းသားကို ပြောလိုက်ပုံက နည်းနည်း မဆီလျော်ဘဲ ရိုင်းပြသလို ဖြစ်နေတာကြောင့်ဖြစ်သည်။
ဆရာကတော့ အတွေးတခုကိုတွေးရင်း တိတ်လေးငြိမ်နေလေတယ်။
ဒီမင်းသားက အေးစက်ပြီး ဂရုမစိုက်တတ်သူလို့ ဘယ်သူပြောလဲ။သူ့ကြင်ယာတော်လောင်းရဲ့ ဒဏ်ရာလေးအတွက် သူကိုယ်တိုင် ငါ့ကိုလာခေါ်တယ်။ဘယ်လောက်ချိုမြိန်လိုက်သလဲ။
အေဒီရာဟာ နောက်ဆုံးတော့ သူမလက်ကို ဆေးထည့်ဖို့ရာ ဆန့်ထုတ်ပေးလိုက်တယ်။
အကုန်လုံး လုပ်ပြီးတဲ့ အချိန်မှာတော့ ကေဆီမီရာဟာ ဆရာ့ကို အပြင်ပြန်ပို့လိုက်ပြီး ပြန်လာချိန်ထိ သူက သူမကို စိတ်ဆိုးပြီး မကျေမနပ်ဖြစ်နေဆဲပါပဲ။
"တောင်းပန်ပါတယ်"ဒါက သူမပြောနိုင်တာ အကုန်ဖြစ်သည်။
ကေဆီမီရာက ဒီတခါမှာတော့ သူမကို လွယ်လွယ်နဲ့ ခွတ်မလွတ်လိုက်ချင်ဘူး။ဒါပေမယ့် သူပြန်စဉ်းစားကြည့်လိုက်တော့လည်း သူမက အကာကွယ်မဲ့နေတဲ့ သတ္တဝါတွေကို ကာကွယ်ဖို့ လုပ်ခဲ့ရုံပဲမဟုတ်လား။
သူ သူမကို ချုပ်ချယ်နေလွန်းမိတာလား။
သူမရဲ့သနားစရာကောင်းနေတဲ့ ပုံစံလေးကို ကြည့်ရင်း ဒါက အချိန်မီမတားမိနိုင်ခဲ့တဲ့ သူ့အပြစ်လည်း ပါတာပဲမဟုတ်လား။သူ့နှလုံးသားက ပျော့သွားပြီး သူ့လက်တွေနဲ့ သူမကို ပွေ့ဖက်လိုက်တယ်။
"ကျွန်မ တကယ်တောင်းပန်ပါတယ် ကေဆီ။ကျွန်မကိုယ်ကျွန်မ ဂရုစိုက်သင့်မှန်းသိပါတယ်။ရှင့်ကို ခုလို စိုးရိမ်အောင် လုပ်မိလို့ တောင်းပန်ပါတယ်"
"အင်း"
"ရှင် ကျွန်မကို စိတ်ဆိုးနေတုန်းလား"
သူ သူမကိုဖက်ထားရာကနေ ခွာလိုက်ပြီး သူမရဲ့ဝမ်းနည်းနေတဲ့ မျက်လုံးတွေကို ကြည့်ပြီး သူမလေးရဲ့ ခေါင်းကို အနမ်းတပွင့်ခြွေလိုက်ပြီး ဖြေလိုက်တယ်။
"ဟင့်အင်း"ခု ချိန်ကစပြီး ငါ သူမကို ငါ့မျက်စ်အောက်မှာဘဲ ထားရတော့မှာဘဲ။
သူ့လက်မောင်းကြားကို ကြောင်လေးတကောင်လို တို့ခွေ့ဝင်လာတဲ့ သူမကို စိတ်သက်သာရာရအောင် ကျောကိုပုတ်ပေးရင်းက တွေးလိုက်မိတယ်။
အရာအားလုံးက ပြည့်စုံနေတယ်။အေဒီရာက သူ့လက်မောင်းတွေကြားမှာရှိနေပြီး သူကလည်း နောက်ဆုံးတော့ စိတ်ပြေသွားပြီ။
ဒါကအနက်ရောင်ဘောလုံးလေးလို ကွေးနေတဲ့ နဂါးငယ်လေး နိုးလာပြီး သူ့အမြှီးတွေနဲ့ ကေဆီမီရာ့ လက်မောင်းကို အဆက်မပြတ်ပုတ်မနေခင်အထိ ပြည့်စုံနေခဲ့တယ်။ဒါ ရှင်းရှင်းလင်းလင်း သူ့ကို သူ့အမေကိုယ်ကနေ လက်ဖယ်ဖို့ရာ ပြောနေတာပဲ။
Damn,နောက်တခုလား?
YOU ARE READING
She become a passive villainess-not(trans)
Historical FictionOriginal author-@HalloweenGodspell ပထဆုံး ဘာသာပြန်ခြင်းမို့ အမှားပါရင် နားလည်ပေးပါ ။ ဖတ်ရအဆင်မပြေဖြစ်ခဲ့ရင် ယခုဘာသာပြန်သူရဲ့ ညံ့ဖျင်းမှုပါ။မူရင်းဝတ္ထုက အလွန် ဖတ်ကောင်းပါတယ်။