Princess of The Alynthi Kingdom
"ဒါပဲ ရိုမန်"
နန်းတော်အစေခံတစ်ယောက်တံခါးခေါက်လာပြီး မင်းကြီးက သူ့အားအခေါ်တော်ရှိကြောင်းပြောလာချိန်နဲ့ကွတ်တိပင် သူ ရိုမန့်အား လိုအပ်သည်များမှာကြားခြင်းက ပြီးဆုံးသွားခဲ့တယ်။
မင်းသားငယ်ဟာ ဒီနေ့အထူးကိုအေးစက်ပြီးတောင့်တင်းနေတာကြောင့် အစေခံတွေဟာ သခင်မလေးအေဒီရာက သူ့ကိုဒီနေ့အဖော်ပြုပေးနိုင်ဖို့ ဆုတောင်းမိကြလေတယ်။
သူက ဝတ်ရုံကို ဝတ်ဆင်လိုက်ပြီး ရိုမန်နဲ့အတူ လာခေါ်သောအစေခံနောက်ကနေ နန်းတော် ပလ္လင်ခန်းမကို သွားလိုက်တယ်။
ခန်းမဆောင်ဆီသွားရာလမ်းမှာပဲ သူက လက်ဖက်ရည်နဲ့စားစရာအချိုမုန့်တွေကို သယ်ဆောင်လာတဲ့ အစေခံကို ဖြတ်သွားမိတယ်။သူက သူ့ခြေလှမ်းတွေကို ရပ်လိုက်ပြီး အနည်းငယ် ယူစားလိုက်တယ်။
"ဒါတွေ ဘယ်သူ လုပ်တာလဲ"
"အိုးးးအမ်....ဒါ....ဒါက စာ..စာဖိုမှူးခေါင်း လုပ်ထားတာပါ အရှင်မင်းသား"
အစေခံက တုန်တုန်ယီယီနဲ့ ပြန်ဖြေလာတယ်။ဒါက သူမအနေနဲ့ ပထမဆုံး အင်ပါယာရဲ့အိမ်ရှေ့စံမင်းသားနဲ့စကားပြောတာဖြစ်တာကြောင်း ထစ်ထစ်အအဖြစ်နေတာက အဆန်းတကျယ်ဟုတ်မနေလေဘူး။
"အို့..ဒါဆို မင်းကပဲ စာဖိုမှူးခေါင်းကို ငါ့အစား ပြောပေးပါဦး။ကိုယ်တော်က သူမကိုကျေးဇူးတင်ပြီး သူမကို ချစ်ခင်ပါတယ်လို့ပေါ့"
မင်းသားက ဒါပဲပြောပြီး ထွက်သွားခဲ့တယ်။အစေခံမလေး စိတ်ရှုပ်ထွေးစွာနဲ့ ကျန်ခဲ့ပြီး ရိုမန်တို့ကလည်း အလားတူစိတ်ရှုပ်ထွေးလျက်သားကပဲ မင်းသားနောက်ကနေ လိုက်သွားလိုက်တယ်။
'မင်းသားက အခု သခင်မလေး အေဒီရာအပေါ် ဖောက်ပြန်နေတာလား။သူ အခုလေးတင်လေ!ကောင်းကင်ကြီးရေ။ဒါက ကမ္ဘာကြီးရဲ့ အဆုံးသတ်များလား'
ရိုမန်ကတွေးရင် ချွေးတို့ထွက်နေခဲ့ပေမယ့် ကေဆီမီရာကတော့ ပြုံးနေခဲ့တယ်။အချိုမုန့်ရဲ့ အရသာက အခုထိ သူ့ပါးစပ်ထဲစွဲနေပြီး သူအလုပ်လုပ်ချင်စိတ်တောင် ဖြစ်ပေါ်လာစေတယ်။
'ဘယ်သူက မပျော်မှာလဲ။မိန်းမကသာ အားပေးရင် ယောက်ျားတွေအတွက် ကမ္ဘာလုံးကြီးကို ထမ်းဖို့တောင် အလွယ်လေး မဟုတ်ပါလား'
.......
"သ....သခင်မလေး ဆလယ်ဗားရစ်"
ထိတ်လန့်နေဆဲ အစေခံမလေးဟာ မီးခိုချောင်တံခါးကို အတင်းဖွင့်ဝင်လာတဲ့အခါမှာတော့ သူမကိုယ်ဟာ သခင်မလေးလက်မောင်းကြားကို ရောက်သွားခဲ့တယ်။
အေဒီရာက ခရီးဝေးကနေ ကေဆီမီရာနဲ့ဧည့်သည်တွေအတွက် တည်ခင်းနိုင်ဖို့ရာ မုန့်ပြုလုပ်ဖို့ လာခဲ့ခြင်းဖြစ်သည်။ပြီးတော့ မင်းကြီးကိုယ်တိုင်က ဆင့်ခေါ်ခြင်းကြောင့်လည်း ပါတာပေါ့လေ။ကေဆီမီရာကို လက်ခံပြီး စိတ်ကျေနပ်စေနိုင်ဖို့ရာအတွက်ပေါ့။
အေဒီရာက ပြေးလာတဲ့ အစေခံမလေးကျောကို ပုတ်ပေးလိုက်ပြီး မေးလိုက်တယ်။
"ဘာများဖြစ်ခဲ့လို့လဲ"
"မင်းသားက အသင့်အပေါ် ဖောက်ပြန်နေပြီ"
သူမက ပြောရင်းကပဲ ဂျုံမှုံ့တွေလူးနေတဲ့ အေဒီရာ့အနားမှာ မျက်ရည်တို့ကျလာလေတယ်။အေဒီရာ့ လက်ထဲက မုန့်လုံးက ချက်ချင်းပဲ အမှုန့်တွေဖြစ်သွားခဲ့တယ်။
"ဘာ...ဘာရယ်။ငါ့ကို သေသေချာချာရှင်းပြစမ်းပါ"
"သူက ကျွန်မကို စာဖိုမှူးခေါင်းကို ကျေးဇူးတင်ကြောင်းနဲ့ သူမကို ချစ်တယ်လို့ ပြောခိုင်းတယ်"
သူမလေးက တရှုံ့ရှုံ့နဲ့ပြောလာခဲ့တယ်။
အေဒီရာကဒီစကားကြောင့် မျက်ခုံးပင့်လိုက်မိပြီး သူမအား ဖြစ်ခဲ့သမျှအစအဆုံးပြောပြခိုင်းလိုက်တယ်။သူမက ဒေါသနဲ့ သူမခေါင်းကို ဖိနှိပ်လိုက်မိပြီး နောက်တော့ သူမက သက်ပြင်းတချက်ချပြုံးရင်းက အစေခံမလေးကို နှစ်သိမ့်ပေးရင်းက ပြောလိုက်တယ်။
"သူက တို့အပေါ် ဖောက်ပြန်တာမဟုတ်ဘူး။သူက တို့လှည့်စားမှုတွေကို မြင်သွားတာ။ဒါက အဆင်ပြေပါတယ်။ဒီနေ့ ကောင်းကောင်းလုပ်ကြရအောင် ဟုတ်ပြီလား"
........
"အရှင်မင်းကြီးကို နှုတ်ခွန်းဆက်သပါတယ်။မင်းသာကေဆီမီရာရောက်လာပါပြီ"
အစေခံက ပြောလိုက်ပြီး အေးစက်ပြီး တသီးတခြားဆန်တဲ့မင်းသားငယ်ဝင်ရောက်ဖို့ရာ ဘေးထွက်ရပ်လိုက်တယ်။
သူ့ရဲ့စောနက ထိတ်လန့်စေတဲ့ဆွဲဆောင်မှုပြီးချိန်မှာတော့ သူ့ရဲ့အေးစက်မှုက အတော်ကို လျော့ကျနေခဲ့ပြီဖြစ်သည်။ဧည့်သည်တွေကို နှုတ်ဆက်စကားဆိုဖို့ရာအတွက် အတော်အဆင်ပြေနေပြီဖြစ်တယ်။
ကေဆီမီရာက လျှောက်ဝင်လာလိုက်ပြီးဖခင်ဖြစ်သူနဲ့ ပခုံးပေါ်မှာ နှင်းပွင့်ကဲ့သို့ အခက်အလက်များဝတ်ဆင်ထားသော အယ်လ်လယ်သီ တိုင်းပြည်၏ တမန်အား ရိုသေတမှုဖြင့် ခါးကိုင်းအရိုအသေပြုကာ နှုတ်ဆက်လိုက်တယ်။
"ခမည်းတော်နှင့် အယ်လ်လယ်သီတိုင်းပြည်မင်းသမီးကို နှုတ်ခွန်းဆက်သပါတယ်"
"လာ ကေဆီမီရာ။ဒါက အယ်လ်လယ်သီတိုင်းပြည်ရဲ့မင်းသမီး သီရာရိုဇယ်ဗာ ပဲ။မင်းသမီး ဒါကတော့ ကျွန်ုပ်ရဲ့သား နောက်နန်းတက်မယ့် ကေဆီမီရာပါ"
ဆန်းပြားရှုပ်ထွေးပြီး ခေတ်မီသော အပြာရောင် စကတ်ရှည်နဲ့ ဝါညိုနုရောင်အကျီင်္တို့ကိုဝတ်ဆင်ထားတဲ့ မိန်းကလေးဟာ ကေဆီမီရာနဲ့မျက်နှာချင်းဆိုင်လာလေတယ်။သုမက သုမရဲ့ အညိုရောင်ဆံပင်ရှည်တွေကို တရစ်ချည်နှောင်ထားကာ ကောက်လိမ်ထားပြီး ပခုံးတဖက်တည်းပေါ်မှာ ချထားခဲ့တယ်။သူမရဲ့ ခေါင်းပေါ်မှာ ဝတ်ဆင်ထားတဲ့ ငှက်မွှေးတွေနဲ့ပြုလုပ်ထားတဲ့ စိမ်းပြာရောင်ဦးထုပ်ကြောင့် သူမအလှဟာ ပိုမို ပြည်စုံသွားလေတယ်။
မင်းသမီးက မတ်တတ်ရပ်လိုက်ပြီး တော်ဝင်ထုံတမ်းနဲ့အညီး ဒူးညွတ်အရိုအသေပြုကာ ချိုသာယဉ်ကျေးစွာနဲ့ နှုတ်ဆက်လာလေတယ်။
"ကျွန်မက အယ်လ်လယ်သီတိုင်းပြည်ရဲ့ ပထမမင်းသမီး သီရာ ရိုဇယ်ဗာ ဘေရာ အဲလယ်သီ ပါ။ယခုလို အင်ပါယာမှာ နာမည်ကြီးပြောစမှတ်ပြုလှတဲ့ အိမ်ရှေ့စံနဲ့ တွေ့ခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်"
"ကြောက်စရာပုံပြင်တွေဖြစ်မှာ ကြောက်မိပါရဲ့"
ကေဆီမီရာက ပြန်ပြောလိုက်တဲ့အခါမှာတော့ မင်းသမီးက သိမ်မွေ့စွာ ရယ်မောလေတယ်။
"ဒါပေါ့။ယောက်ျားပျိုတစ်ယောက်ရဲ့ဂုဏ်သတင်းဆိုတော့ ကပွဲနဲ့ လက်ဖက်ရည်ပွဲအကြောင်းတွေတော့ မပါဖူးပေါ့ အရှင်မင်းသား"
ကေဆီမီရာရဲ့ပေါ့ပေါ့ပါးပါးပုံစံကိုမြင်လိုက်ရတဲ့ အေသနာဆီးယပ်စ်ကတော့ ခေါင်းတဆက်ဆက်ငြိမ့်ရင်းက ကိုယ့်ကိုယ်ကို ဂုဏ်ယူနေမိလေတယ်။အစောလေးတင်က သူ အေဒီရာကို ခေါ်ယူစေခဲ့ချင်းက အခုတော့ ရလဒ်ထွက်လာလေပြီ။သူ့ဆုံးဖြတ်ချက်အတွက် ပျော်နေမိလေပြီ။
"နောက်တော့ ကျွန်တော်က အရှင်မင်းကြီးအမိန့်တော်အတိုင်း အသင့်ကို မြို့တော်အနှံ့လှည့်လည်ပြသပေးပါမယ် အရှင်မင်းသမီး"
ကေဆီမီရာက ပြောလိုက်ပြီး သူ့လက်ကိုဆန့်ထုတ်လိုက်ပြီး သီရာ အရင်ထွက်သွားဖို့ရာ အမူအရာပြလိုက်တယ်။
"ကျွန်မအတွက် စိတ်ကျေနပ်ပျော်ရွှင်ဖွယ်ရာပါပဲ အရှင်မင်းသားကေဆီမီရာ"
သီရာနဲ့သူမသက်တော်စောင့်တို့ ခန်းမထဲကထွက်သွားပြီးချိန်မှာတော့ ကေဆီမီရာဟာ သူ့ဖခင်ဘက်ကို လှည့်ကာ အပြုံးတခုနှင့်အတူ အဓိပ္ပယ်ပါပါဆိုလိုက်တယ်။
"ကောင်းကောင်းလှည့်စားထားတာပဲ အဖေ"
နောက်တော့ မင်းသမီးတို့နောက် လိုက်သွားလိုက်တယ်။
ပလ္လင်ပေါ်မှာ ကျန်ခဲ့တဲ့ အေသနာဆီးယပ်စ်မှာတော့ သက်ပြင်းတချက်သာ ချလိုက်မိတော့တယ်။အေဒီရာရဲ့ခွင့်ပြုမှုနဲ့ အားပေးမှုသာမရဘူးဆိုရင် ကေဆီမီရာဟာ ဒီလိုကောင်းကောင်းလုပ်နိုင်ပါ့မလား သံသယဝင်မိတယ်။
'ဒီမိန်းကလေးက မင်းအပေါ် အတော်တင်းတင်းကျပ်ကျပ်ချည်နိုင်ထားနိုင်တာပဲ သားငယ်။ဒါမှမဟုတ် မင်းကိုယ်တိုင်ကပဲ လိုလိုချင်ချင် သွားချည်နှောင်ထားတာလား"
...........
ကေဆီမီရာဟာ မင်းသမီးကို မြို့တော်ရဲ့ အထင်ကရနေရာတွေနဲ့ အလည်အပတ်သွားနိုင်မယ့်နေရာတွေကို လှည့်လည်ပြသပေးလိုက်တယ်။ဘာပဲဖြစ်ဖြစ် ဒီနေရာတွေအကုန်လုံးက အေဒီရာရဲ့ခွင့်ပြုချက်ရထာပြီးသား နေရာတွေပေါ့။
"ကျွန်မက ရှင့်ကိုဒီလို အချိုကြိုက်တတ်သူလို့ မထင်ထားမိဘူး အရှင်မင်းသား"
သီရာဟာ ကေဆီမီရာအကြံပြုထားတဲ့ဆိုင်က လက်ဖက်ရည်ကိုတစ်ငုံသောက်ရင်းက ဆိုလိုက်တယ်။
"ကျွန်တော် မဟုတ်ပါဘူး မင်းသမီး"
ကေဆီမီရာက တိုတိုပြန်ဖြေလိုက်တယ်။
သူမ သူ့အကြောင်းကြားထားတာနဲ့အလွန်ခြားနားနေလေတယ်။သူက အေးစက်ငြိမ်သက်ပြီး ဂရုမပြုတတ်သူမဟုတ်လေဘူး။သူက နွေးထွေးပြီး လူကြီးလူကောင်းဆန်လေတယ်။
'သူတို့များ မှားကြားလာလေသလား'
"အဲ့လိုလား။ဒါဆိုရင် ဘယ်လိုများ မင်းသားက ဒီလို အရသာရှိတဲ့ဆိုင်တွေသိနေရတာပါလိမ့်။ရောင်းအကောင်းဆုံးဆိုင်တွေမဟုတ်ပေမယ့် ဒါတွေက အလွန်အရသာရှိတယ်"
"ဒါတွေက ကျွန်တော် ကြင်ယာတော်အကြိုက်ပါ။သူမက အချိုတွေနဲ့လက်ဖက်ရည်ကို အလွန်နှစ်သက်တယ်။ဒါကြောင့် ကျွန်တော် ဒါတွေနဲ့ရင်းနှီးနေတာပါ"
'ကြင်ယာတော်ဆိုတာ အင်ပါယာမှာ အပြောများတဲ့ နတ်ဘုရားမလား။သူမအလှက ရှားပါးမျိုးနွယ်ဝင်တွေတာင် မယှဉ်နိုင်ဘူး ကြားတယ်'
သီရာဟာ တွေးလိုက်ပြီး မင်းသားရဲ့မွေးနေ့ကပွဲမှာ အားလုံးကို ရှော့ရစေခဲ့တဲ့ ကြင်ယာတော်ကို မင်းသားငယ်ဟာ ဘယ်လောက်တောင် အလေးထာပုံကို သူမကြားရစဉ်ကို တွေးမိသွားတယ်။
သူမအနေနဲ့ ဒီကြင်ယာတော်အကြောင်းကို မင်းသားအကြောင်းကြားသလောက်ကို ကြားခဲ့ရတယ်။မင်းသားအကြောင်းကြားရတိုင်းမှာ ထိုသူမလေးအကြောင်းကိုလည်း မပျက်မကွက်ကြားရလေ့ရှိတယ်။သူတို့နှစ်ယောက်အကြောင်းက ခွဲမရသလိုမျိုးလိုပဲ။
ပြီးတော့ အခု ကြင်ယာတော်အကြောင်းပြောနေတဲ့ မင်းသားကို ကြည့်လိုက်ရင် သူ့မျက်နှာက ပိုမိုနူးညံ့ပြီး ပျော်ရွှင်နေပုံပေါ်နေတယ်။သူ့အရောင်အဝါတွေကလည်း နွေဦးလိုနွေးထွေးနေတယ်။သူက သူမနဲ့ရှိနေတဲ့ အချိန်တွေတုန်းကထက် ပိုပြီး လူးသားဆန်နေပုံပေါ်နေတယ်။
"ကျွန်မ မင်းသားရဲ့ ကြင်ယာတော်ကို တွေ့ချင်မိပါတယ် ။သူမက စွဲမက်စရာ လှပမှုလေးဖြစ်မယ်လို ကျွန်မ တွက်ချက်မိပါရဲ့"
"ဟုတ်တယ် သူမကလှတယ်။တွေ့ဆုံမှုအတွက် ကျွန်တော်က ဆုံးဖြတ်ဖို့ခက်ပါတယ်"
သီရာဟာ ကေဆီမီရာရဲ့စကားကိုနားလည်စွာ ရယ်လိုက်တယ်။သူမအနေနဲ့ ဒီလိုပုံစံ ကေဆီမီရာကို မျှော်လင့်မထားလေဘူး။ကုန်ကုန်ဆိုရရင် ဒီလိုပုံစံသူ့အကြောင်းကို လုံးလုံးမကြားဖူးလေဘူး။
"ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မက ဒီမှာ တစ်ပတ်လောက်နေဖြစ်မှာပဲ။နတ်ဘုရားမကို တစ်နေနေ့တော့ တွေ့ဆုံခွင့်ရဖို့ အခွင့်အရေးရလာမှာပါလေ"
'ငါကတော့ မင်းကို သူမနဲ့ မတွေ့စေချင်ဘူး။မင်းရဲ့ ကိုယ်ရံတော်တွေ သူတို့ကိုသူတို့ထိန်းနိုင်မယ်လို့ ဘယ်သူ အာမခံနိုင်မလဲ'
ကေဆီမီရာဟာ ရုတ်တရက်ဘဲ စိတ်မကြည်လေဟန်ဖြစ်သွားပြီး သူ့အရောင်အဝါတွေဟာလည်း ပြန်ပြီး အေးစက်လာလေတယ်။
မင်းသားငယ်ရဲ့ အေးစက်မှုန်မှိုင်းတဲ့ဖြစ်စဉ်တွေထဲကမှ နွေးထွေးတဲ့ နေရောင်ချည်လိုပုံစံမျိုးကို တခဏတွေ့ခွင့်ရသည်မှာပင် သီရာအနေနဲ့ အတော်ကံကောင်းနေခဲ့တာ ဖြစ်တယ်။
သူတို့ ဆိုင်ငယ်လေးအတွင်း အနားယူပြီးချိန်မှာတော့ ကျန်တဲ့တစ်နေ့တာကို ကျန်တဲ့ဆိုင်တွေကို လှည့်လည်သွားလာခဲ့ကြတယ်။တနေ့တာ ကုန်ဆုံးချိန်မှာတော့ ကေဆီမီရာ ကိုယ်တိုင်ပဲ သူမကို သုမရဲ့ယာယီတည်းခိုရာအဆောင်ကို ပြန်ပို့ပေးခဲ့လိုက်တယ်။
"ဒီနေ့က အလွန်ပျော်ရွှင်စိတ်ကျေနပ်ဖွယ်နေ့ရက်လေး ဖြစ်ခဲ့ရပါတယ်။ကျေးဇူးတင်ပါတယ် အရှင်မင်းသား"
သူမက ဒူးညွတ်အရိုအသေပြုကာဆိုလိုက်ပြီး ဘာမှထပ်မဆိုတော့ဘဲ လှည့်ဝင်သွားခဲ့တယ်။
ကေဆီမီရာဟာလည်း ဘာမှတွေးမနေဘဲ နန်းတော်ကို ပြန်ဖို့ရာ သူ့ရထားလုံးရှိရာ ပြန်လာခဲ့လိုက်တယ်။သူအနေနဲ့ အေဒီရာမပါဘဲ တစ်နေ့လုံး မြို့တော်ကို လှည့်ပတ်ခဲ့ရတာကြောင်ြ အတော်ပင်ပန်းနေပြီ။
'အာ..သူမ အခု အိမ်ပြန်ရောက်လောက်ရောပေါ့။အခုက ညနေအတော်စောင်းနေပြီပဲ။သူမလေး ကောင်းကောင်းမွန်မွန် ပြန်ရောက်လောက်ပါရဲ့'
သူက တွေးလိုက်ပြီး ရထားလုံးပေါ်မှာ ခဏ အနားယူလိုက်တယ်။
သူ နန်းတော်ကို ရောက်ရောက်ခြင်းမှာဘဲ သူ့ပင်ပန်းမှုတွေအတွက် အိပ်ရာပေါ်မှာ အနားယူအိပ်စက်ဖို့ရာ သူ့အခန်းရှိရာကိုပဲ တိုက်ရိုက်သွားခဲ့လိုက်တယ်။သူ အခန်းတံခါးကို ဖွင့်ဖွင့်ခြင်းမှာဘဲ ချိုမြိန်တဲ့သစ်သီးနံ့လေးက သူ့အာရုံကို ဆွဲဆောင်လိုက်ပြီး ဆိုဖာပေါ်မှာရှိနေတဲ့ ပုံရိပ်လေး တစ်ခုဟာ သူ့ဆီကို တိုးဝင်လာလေတယ်။
သူမလေးက ယုန်ငယ်တစ်ကောင်လို ခုန်ပေါက်ပြီး သူ့ရင်ခွင်ထဲ တိုးဝင်လာခဲ့ချိန်မှာတော့ သူအနေနဲ့ တခဏတာ တောင့်တောင့်ကြီး ဖြစ်သွားခဲ့တယ်။သူ သူမလေးကို တွေ့ရဖို့ မျှော်လင့်မထားခဲ့ဘူး။နေရာတွေ အများကြီးထဲကမှ သူ့အခန်းမှာဆိုရင်ပေါ့။
"ဘယ်လိုလဲ?ပင်းပန်းနေလား?ပျော်ဖို့ကောင်းလား?ရှင် အများကြီး စားခဲ့တာလား?ပျော်စရာကောင်းတဲ့ နေရာတွေ သွားခဲ့သေးလား?ကစားရော ကစားခဲ့ကြသေးလား?သူမက တကယ် စကားလုံးတွေနဲ့ မဖော်ပြနိုင်အောင် လှလား?ရှင့် သူမအပေါ် ကြွေသွားပြီလား?ရှင်အခု ကျွန်မကို ထားခဲ့တော့မှာလား?ရှင်______"
"မင်း ဘယ်လို ဒီကို ရောက်နေတာလဲ"
"ရှင် ကျွန်မကို မဖြေသေးဘူး"
ကေဆီမီရာဟာ သူ့လည်ပင်းကို ဖက်ကာ တွဲလဲမှီထားတဲ့ သူမလေးကို ကြည့်ရင်း သက်ပြင်းသာချလိုက်မိတယ်။
"ဒီနေ့ ဘယ်လိုရှိလဲ"
သူမက တက်ကြွနေတဲ့ အသံနဲ့မေးလိုက်ပေမယ့် စိုးရိမ်မှု တစွန်းတစတော့ သူမအသံထဲမှာ ပါဝင်နေခဲ့တယ်။
"အခုမှ ပိုအဆင်ပြေသွားပြီ"
ကေဆီမီရာဟာ သူမနဖူးပေါ်ကို အနမ်းတချက် ချွေလ်ုက်ပြီး ဖြေလိုက်တယ်။ဒီနေ့ညဟာ ခြွင်းချက်တခုဖြစ်နိုင်ပေမယ့် အိမ်ပြန်လာတဲ့အခါမှာ ချစ်ရသူဆီက ခုလို ကြိုဆိုခံရတာက ခံစားလို့ တကယ်ကောင်းခဲ့ပါတယ်။
YOU ARE READING
She become a passive villainess-not(trans)
Historical FictionOriginal author-@HalloweenGodspell ပထဆုံး ဘာသာပြန်ခြင်းမို့ အမှားပါရင် နားလည်ပေးပါ ။ ဖတ်ရအဆင်မပြေဖြစ်ခဲ့ရင် ယခုဘာသာပြန်သူရဲ့ ညံ့ဖျင်းမှုပါ။မူရင်းဝတ္ထုက အလွန် ဖတ်ကောင်းပါတယ်။