That Dragon Is My Sonကေဆီမီရာဟာ သူ အေဒီရာနဲ့ အဖော်ပြုနေစဉ် မပြီးပြတ်သေးတဲ့ ကိစ္စတွေကို ဖြေရှင်းနေရတယ်၊၊
သူက အကျဉ်းခန်းကိုသွားပြီး လီယွန်ဟာ သူဖြစ်စေချင်ခဲ့သလို သေဆုံးပုတ်သိုးသွားပြီလားဟု သွားကြည့်လိုက်တယ်၊၊ဒါပေမယ့် လီယွန်က သတိမေ့နေဆဲ အခြေအနေမှာဘဲ ရှိနေခဲ့တယ်၊၊
စတီဖန်အနေနဲ့ကတော့ သူက တကယ်ပဲ ကျွမ်းကျင်တိုက်ခိုက်သူအများကြီးနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်တယ်၊၊သူက အစွမ်းကုန်ကြိုးစားတိုက်ခိုက်ခဲ့ပေမယ့် ထိုလူတွေ အကုန်လုံးကို အနိုင်ယူနိုင်ဖို့ရာက မလွယ်ကူခဲ့လေဘူး၊၊
ရိုမန်နဲ့ ကေဆီမီရာ့လက်အောက်က စစ်သည်တွေ အချိန်ကိုက်ရောက်မလာခဲ့ရင် သူဟာ ကံမကောင်းစွာ အဆုံးသတ်ရတော့မှာ ဖြစ်တယ်၊၊သူက မြေပြင်ပေါ်ကို သိသိသာသာ စိတ်သက်သာရာရစွာ ထိုင်ချလိုက်တော့တယ်၊၊
ဘုရင်ကြီးနဲ့ သော့ခတ်ထားခံရတဲ့ အဲလက်ဇမ်းဒါးတို့ဟာလည်း အစောင့်တွေက သူတို့ကို အမြန်ပဲရှာတွေ့ခဲ့တာကြောင့် အဆင်ပြေသွားခဲ့တယ်၊၊သူက သတိရလာပြီး တိုက်ပွဲတခုတောင် ဆင်နွဲလိုက်ပါသေးတယ်၊၊
အိုင်းရစ်ကိုလည်း ဘုရင်ကြီးတို့နဲ့အတူတူပဲ ရှာဖွေတွေ့ရှိခဲ့ပြီး တခြားအကြောင်းကြားချက်မရှိခင် နားနေခန်းကို ပို့ဆောင်ထားလိုက်တယ်၊၊ဒါပေမယ့် သတိလက်လွတ် ထားထားတာတော့ မဟုတ်လေဘူး၊၊သူမက စစ်ကြောရေးအတွက် အကျဉ်းချထားတာမျိုးဖြစ်တယ်၊၊စစ်သည်တွေဟာ ကေဆီမီရာက သူမရဲ့ရာထူးကို ဖယ်ရှားခဲ့ပြီးဖြစ်တာကို မသိခဲ့တာကြောင့် သူတို့က သူမနဲ့ပတ်သတ်ပြီး သတိထားလုပ်ဆောင်ခဲ့ကြခြင်းဖြစ်တယ်၊၊ပြီးတော့ နောက်ဆုံး..ဟေဇယ် အတွက်ကတော့
ဟေဇယ်ရဲ့တည်ရှိမှုကို ဒီထက်ပိုပြီး ဖုံးထားဖို့မဖြစ်နိုင်ဘဲ သူသိတယ်၊၊ဒါကြောင့် သူက ဘာကိုမှ မငြင်းဆန်ခဲ့ဘူး၊၊ဒါပေမယ့် သူက ဟေဇယ်ဟာ မကောင်းဆိုဝါး တစ်ကောင်မဟုတ်ကြောင်း သူတို့သိအောင် ပြောခဲ့ရတယ်၊၊ဒါက လုံးဝ လွယ်ကူမနေခဲ့ဘူးဆိုပေမယ့်ပေါ့၊၊
ဟေဇယ်ရဲ့ ဒေါသတကြီးဟိန်းဟောက်သံကို လက်တွေ့ကြားလိုက်ရပြီး ကြောက်ရွံ့နေကြတဲ့ အဆင့်မြင့်တွေရဲ့ သုံးပုံတပုံက ကေဆီမီရာဟာ ဒီနဂါးကို အပြည့်အဝထိန်းချုပ်နိုင်ပြီး တစုံတစ်ယောက်ကို မထိခိုက်စေနိုင်ဘူးဆိုတာကို မယုံကြည်ကြလေဘူး၊၊
"မင်းတို့ထဲက ဘယ်သူကမှ တော်ဝင်မိသားစုကို မထိခိုက်စေဘူးဆိုရင် သေချာပေါက် ဒီနဂါးကလည်း မင်းတို့ကို ထိခိုက်စေမှာမဟုတ်ပါဘူး"
YOU ARE READING
She become a passive villainess-not(trans)
Historical FictionOriginal author-@HalloweenGodspell ပထဆုံး ဘာသာပြန်ခြင်းမို့ အမှားပါရင် နားလည်ပေးပါ ။ ဖတ်ရအဆင်မပြေဖြစ်ခဲ့ရင် ယခုဘာသာပြန်သူရဲ့ ညံ့ဖျင်းမှုပါ။မူရင်းဝတ္ထုက အလွန် ဖတ်ကောင်းပါတယ်။