Hold your hand

863 133 1
                                    

     Hold Your hand

        အဆင့်မြင့်တွေအားလုံးဟာ အိမ်ကိုပြန်ရောက်ပြီးချိန်မှာတော့ စိတ်ချလက်ချသက်ပြင်းချလိုက်မိကြတယ်။သူတို့မှာ အခုလေးတင် ကေဆီမီရာ၏ ကြောက်စရာအကောင်းဆုံးပုံရိပ်ကို မြင်တွေ့ခဲ့ကြရတာ မဟုတ်ပါလား။သူ စကားများများဆိုလာလေလေ သူတို့အနေနဲ့ ပိုပြီး ချွေးစေးထွက်ကာ ကြောက်ရွံ့ခဲ့ရသည် မဟုတ်ပါလား။
      တရားခံ ဘယ်သူဆိုတာ သူတို့မသိပေမယ့် ဒီမင်းသားဟာ ဒီအမှုကို လွယ်လွယ်နှင့် ဒီလိုအဆုံးသတ်မှာမဟုတ်ဘူးဆိုတာကိုတော့ သူတို့သေချာသိတယ်။အထူးသဖြင့် ဒီကိစ္စဟာ သူ့မိန်းကလေးနဲ့တိုက်ရိုက်ပတ်သတ်နေသည်လေ။
       ..........
     ကေဆီမီရာဟာ အေဒီရာကိုယာယီထားထားသော နန်းတော်အရှေ့ဝန်းက အစွန်ဆုံးအခန်းဆီကို ပြန်လာခဲ့လိုက်တယ်။သူ ဒီအခန်းကို သူတို့နှစ်ယောက်ပဲရှိနေချင်ပြီး တခြားသူတွေမနှောင့်ယှက်နိုင်အောင် စီစဉ်ခဲ့တာမဟုတ်ဘူး။....ဟုတ်ပါပြီ..သူတကယ်ပဲ အဲ့လိုတွေး စီစဉ်ခဲ့တာ။
     သူအနေနဲ့ သူမကို သူ့အခန်းထဲမှာ ပေးနားလိုပေမယ့် စည်းမျဉ်းတွေနဲ့ သူမအခြေအနေက ဒီလိုလုပ်လို့ မဖြစ်နိုင်လေဘူး။သူ့အနေနဲ့ မကြာခင် မိဘတော်ရမည့်သူတွေရှေ့မှာ မကောင်းတဲ့ပုံရိပ် ထင်ဟပ်မသွားစေလိုဘူး။
    နောက်ပြီး တခြားအချက်အနေနဲ့ သူ့ရဲ့စိတ်စွမ်းအင်အရ သူ့မိခင် ပြဿနာရှိနေတာကိုသိပြီး စိတ်အလိုမကျဖြစ်နေတဲ့ ဟေဇယ်ကို လီဖာ ခေါ်လာတဲ့အခါမှာလည်း လှို့ဝှက်ပြီး လုံလုံခြုံခြုံ ယူလာနိုင်ဖို့လည်း လိုသည်လေ။
      တံခါးကိုအသာခေါက်လိုက်ပြီး အတွင်းက သူမအသံကို ကြားလိုက်ခါမှ တံခါးကို ဖွင့်ဝင်လိုက်တယ်။အေဒီရာဟာ ဟေဇယ်ကို မှီပြီး လှဲနေတာကို သူတွေ့လိုက်ရတယ်။သူမလေးဟာ သက်တောင့်သက်သာရှိတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ထားပြီး ဆံပင်တွေကိုလည်း ပုံမှန်အတိုင်းချထားကာ အိမ်နေရင်းပုံစံဖြင့် နူးညံ့လှပနေခဲ့တယ်။
      သူမလေး ပုံစံက အိမ်ပြန်လာတဲ့ယောက်ျားဖြစ်သူကိုစောင့်နေတဲ့ အိမ်ရှင်မလေးလိုပဲ။
       သူမလေးရဲ့ အားနည်ဖျော့တော့နေသောပုံစံကြောင့် သူက သူ့ရဲ့အေးစက်မှုရောင်ဝါတွေကို လျော့ချထားလိုက်တယ်။
           "မင်း ဘယ်လိုနေသေးလဲ"
           "အင်း ပိုသက်သာလာပြီ။ဟေဇယ်ရဲ့ အကြေးခွံအေးအေးလေးတွေက ဒီညကျွန်မအတွက် အကောင်းဆုံးပဲ။ဒါက လုံးဝအံကိုက်ပဲ"
       အေဒီရာဟာ ဖြေရင်းက ဟေဇယ်အနားကို ပိုကပ်လိုက်တယ်။ဟေဇယ်ဟာ သူ့အမေရဲ့အဖြေစကားကြောင့် စိတ်ပျော်ရွှင်သွားတယ်။
              "သူတို့က ကိုယ့်ကို အေးစက်တယ်လို့ ပြောကြတယ်"
      ကေဆီမီရာဟာ သူမအနားမှာ ထိုင်ရင်း သူ့ပလက်တီနမ်မျက်လုံးတွေနဲ့ သူမကို ကြည့်ကာ ပြောလာတယ်။
      အေဒီရာဟာ တောက်ပသော အပြုံးနဲ့အတူ ချစ်ဖို့ကောင်းစွာ ရယ်လိုက်တယ်။
          သူမ တကယ်ပဲ သက်သာရဲ့လား။သူမပုံစံက ဘာလို့ ခုလိုဖြစ်နေရသေးတာလဲ။
      သူမကို ကိုယ်ကို အသာလှည့်လိုက်ပြီး သူမလက်နှစ်ဖက်ကို ရှေ့ဆန့်ထုတ်ထားတယ်။သူမ ကေဆီမီရာနဲ့ အတူရှိနေတာ ကြာပြီးချိန်မှာတော့ သူမအနေနဲ့ ကေဆီမီရာ ဘာကို လိုအပ်နေသည် မလိုအပ်ဘူးဆိုတာကို ခွဲခြားတတ်နေပြီဖြစ်သည်။ကေဆီမီရာဟာ သူမနှစ်သိမ့်မှုကို လိုအပ်နေပြီဖြစ်သည်။
     အေဒီရာအမူအရာကြောင့် ကေဆီမီရာဟာ သူမကို သူ့လက်မောင်းတွေကြားဆွဲသွင်းလိုက်တယ်။အတင်းကြီး မဖြစ်အောင် ကြိုးစားရင်းပေါ့။
           "ကေဆီက မအေးစက်ပါဘူး။ကေဆီက နွေးထွေးတယ်။သူတို့က  လျောက်ပြောနေကြတာ"
     ကေဆီမီရာက ဒီစကားကို ယုံတယ်။သူမစကားတိုင်းဟာ သူ့အတွက်တော့ အမှန်တရားပဲ။
             "ကိုယ် ရေခဲမှော် ထပ်လုပ်ပေးရမလား"
     ကေဆီမီရာက မလိုလောက်တော့ဘူး ထင်ပေမယ့် သူမကို ထပ်မေးလိုက်တယ်။
     အေဒီရာက ခေါင်းကို အသာယမ်းပြလိုက်တယ်။ကေဆီမီရာရဲ့ကိုယ် အပူချိန်က သူမအတွက် ပြည့်စုံနေပြီ။
          ဒါမှမဟုတ် ကေဆီမီရာဟူသော လူသားကိုယ်ကပဲလား။
            "ရှင် အဲ့လူကို ရှာတွေ့ခဲ့လား"
      အေဒီရာက ဒီအကြောင်းကို အစဖော်တာက ကေဆီမီရာကို စိတ်အခြေအနေမကောင်းစေမှန်းမသိပေမယ့် သူမဒါကိုသိချင်သေးသည်။သူ ဒီအခန်းထဲကို ဝင်လာကတည်းက သူ့စိတ်အခြေအနေကို သူမခံစားမိလေတယ်။ဒါပေမယ့် သူမဒါကို သိရဖို့လိုသည်။ဒီကိစ္စဟာ ခုအပေါ်ယံမှာ မြင်ရသလောက် မရိုရှင်းကြောင်း သူမခံစားမိနေသည်။
      ထင်တဲ့အတိုင်းပဲ ဒီအကြောင်းကို မေးလိုက်တဲ့အချိန်မှာ အခန်းအပူချိန်ဟာ ကျသွားခဲ့တယ်။ကေဆီမီရာဟာ ဒီအကြောင်းကို တွေးမိပြီး စိတ်တိုမှုနဲ့အတူ တောင့်တင်းသွားတယ်။
            "အင်း"
            "ရှင်သူ့ကို သတ်လိုက်သေးလား"
      သူမက အဖြေကို သိနှင့်နေပြီးသားဆိုပေမယ့် သူပြောတာကို ကြားချင်မိသေးသည်။
              "ဟင့်အင်း"
              "ကေဆီက တကယ်ပဲ ကြင်နာတတ်တယ်"
      ဘယ်သူက ကြင်နာတတ်တာလဲ။ကိုယ်သူ့ကို မသတ်ပဲထားတာက မင်းတောင်းဆိုထားလို့ပဲ။
                "ကျွန်မ အဲ့လူဆီက အကြောင်းပြချက်ကြားချင်သေးတယ်။"
      သူမက တိုးတိုးလေး ရေရွတ်လိုက်တယ်။
      သူမက ကေဆီရဲ့ပတ်ဝန်းကျင်က လူတွေကိုပဲ သတိထားနေတာကြောင့် သူမ ပတ်ဝန်းကျင်လူတွေကို ဂရုမစိုက်မိခဲ့ဘူး။အခု သူမဆီမှာ ဒီလိုဖြစ်လာတော့ ကေဆီမီရာရဲ့အရင်ဘဝက လုပ်ကြံခံရမှုကို တွေးမိပြီး ပိုပြီး စိုးရိမ်လာမိတယ်။
      ဒါက အမှန်အတိုင်းပြောရင် တုံးအလွန်းပေမယ့် အခုကိစ္စဟာ သူမကို တိုက်ရိုက်ထိခိုက်စေချင်တာ မဟုတ်နိုင်ပေ။
      ကေဆီမီရာဟာ သတိကြီးပြီး သန်မာလွန်းတယ်။ဒါကြောင့် သူ့ကို တိုက်ရိုက်မထိခိုက်စေဘဲ သူ့ရဲ့အားနည်းချက်ဖြစ်သော သူမကို တိုက်ခိုက်လာတာ ဖြစ်နိုင်သည်။
      သူမ ဒါကို တွေးမိလေ ပို၍ စိတ်တိုလာလေဖြစ်သည်။ပထမတော့ သူမက ပြည့်စုံအောင် အပြင်းအထန်လေ့ကျင့်ထားခဲ့တာကြောင့် သူမကိုယ်သူမ အပြည့်အဝကာကွယ်နိုင်ပြီ တွေးထားခဲ့တာ။ဒါပေမယ့် အခုတော့ သူမက ပျော့ညံ့စွာခံလိုက်ရပြီး သူ့ကိုပါ ဝန်လေးစေမိခဲ့ပြီ။
     သူမက သူမကိုယ်သူမတောင် မကာကွယ်နိုင်ပါဘဲ ကေဆီမီရာကို ကာကွယ်မည်ဟု တွေးရအောင် ဘယ်က သတ္တိတွေများ ရှိခဲ့ပါလိမ့်။
         ငါ ဒီလောက်တောင် အားနည်းနေရင် ငါသူ့ကို ဘယ်လိုများ ကာကွယ်နိုင်မှာတဲ့လဲ။
             "ကျွန်မတောင်းပန်ပါတယ် ကေဆီ"
      သူမစကားကြောင့် ကေဆီဟာ သူမဆံပင်တွေကို ဆော့ကစားနေရင်းကရပ်ပြီး သူမရဲ့ ဝမ်းနည်နေသောမျက်ဝန်းတွေကို ကြည့်လိုက်တယ်။
              "ဘာအတွက်လဲ"
              "ကျွန်မရှင့်ကို ဝန်လေးစေမိပြီ ဟုတ်တယ်မို့လား"
      သူ သူမကို အခုလို သူမကိုယ်သူမ သံသယတွေ မသေချာမရေရာမှုတွေနဲ့ ဝမ်းနည်းနေတာကို မြင်လိုက်ရတဲ့အချိန်မှာ သူ့နှလုံးသားဟာ နာကျင်သွားခဲ့ရတယ်။
         သူ တကယ်ကို အဲ့လူကိုသွားသတ်ပစ်ချင်လာပြီ။
               "မင်းက ကိုယ့်ကို သန်မာစေခဲ့သူဆိုတာ မင်းသိရဲ့လား"
       သူက သူမကို ပြောလိုက်ပြီး သူမစိတ်သက်သာစေဖို့ရာ သူမခေါင်းပေါ်မှာ အနမ်းတပွင့် ပေးလိုက်တယ်။
      သူ့နှလုံးသားထဲမှာ သူမဟာ ဘယ်လောက်တောင် အရေးပါကြောင်း သူ့နှလုံးသားကို ဖောက်ထုတ်ပြရမယ်ဆိုရင် သူထုတ်ပြလိုက်ချင်သည်။
      သူမရဲ့အရင်လို ယုံကြည်ချက်အပြည့်နှင့် အပြုံးတွေကို မြင်ရဖို့ သူဘာမဆိုလုပ်နိုင်ပါသည်။
       သူမလေး အခက်အခဲတွေ စိန်ခေါ်မှုတွေအားလုံးကို အခုလို ဝမ်းနည်းနေမှုမရှိဘဲ ယုံကြည်ချက်အပြည့်နှင့် ဖြတ်သန်းတာကိုပဲ သူမြင်ချင်သည်။
           "ကေဆီကလည်း ကျွန်မကို သန်မာစေခဲ့သူပါပဲ။ရှင်သိလား။ကျွန်မနောက်လှည့်တိုင်းမှာ ရှင်ရှိနေမှာမှန်း သိနေလို့ ကျွန်မရှေ့ကို မကြောက်မရွံ့လျောက်လှမ်းရဲတာ"
      အေဒီရာဟာ ပြောရင်းကပဲ သူမပေါင်ပေါ်မှာ ရောက်နေသောဟေဇယ်၏ ခေါင်းအလေးချိန်နဲ့အတူ အိပ်ပျော်သွားခဲ့တယ်။
     ကေဆီမီရာက သူမသက်တောင့်သက်တာဖြစ်စေဖို့ရာအတွက် အိပ်ရာပေါ်ကို ပြောင်းတင်လိုက်တယ်။ဟေဇယ်ဟာလည်း သူ့အမှီးကို အသုံးချကာသူ့အမေကို စောင်ခြုံပေးလိုက်တယ်။
      ကေဆီက တချက်တချက်တွန့်သွားသောအေဒီရာရဲ့ခေါင်းလေးကို ခပ်ဖွဖွပုတ်ပေးရင်းက တိုးတိုးလေး ဆိုလိုက်တယ်။
               "မင်း လှည့်ကြည့်ဖို့မလိုပါဘူး။ကိုယ်က မင်းဘေးနားမှာဘဲ အမြဲရှိနေပြီး မင်းလက်ကို ဆုပ်ကိုင်ထားပေးမှာပါ။မင်း အလိုမရှိရင်တောင် ကိုယ်မင်းနဲ့အတူရှိနေမှာပါ"
        ..............
      နောက်တနေ့မှာတော့ အေဒီရာဟာ ပုံမှန်အခြေအနေကို ပြန်ရောက်သွားခဲ့ပြီ ဖြစ်တယ်။
       ကေဆီမီရာဟာ တညလုံးသူ့စိတ်သူထိန်းပြီး လုံလုံခြုံခြုံ ဖြတ်သန်းနိုင်ခဲ့သည့်အတွက် ဂုဏ်ယူနေမိလေတယ်။တညလုံး မအိပ်လိုက်ရပေမယ့်လည်းပေါ့။
       ကေဆီမီရာဟာ တစ်ညလုံး အားနည်းနေသော အေဒီရာကို ကာကွယ်ဖို့ရာအတွက် အေဒီရာ အိပ်ရာနဲ့အနည်းငယ်ဝေးသော ဆိုဖာပေါ်မှာဘဲ သူ့အလုပ်တွေကို ပြီးအောင်လုပ်ရင်း အချိန်ဖြုန်းခဲ့ရတယ်။
     ဟေဇယ်ဟာလည်း သူ့အဖေဖြစ်သူ၏ သူ့မိခင်ဖြစ်သူအား အခန်းထဲသို့ ဝင်ရောက်လာသော မည်သူမဆိုထံမှ ကာကွယ်ရမည်ဟူသော စကားကြောင့် အေဒီရာဘေးနားက နေရာသေးသေးလေးမှာ နားကာ စောင့်ကြပ်နေခဲ့တယ်။
     အေဒီရာဆီမှာ ဖြစ်ခဲ့သော အကြောင်းအရာကို သိသွားခဲ့သော လီဖာဟာလည်း အိပ်ချင်ပေမယ့် စိုးရိမ်စိတ်ကြောင့် တညလုံးအိပ်မရခဲ့လေဘူး။
      ဒါက အေဒီရာအရင်က မြင်းပေါ်က ပြုတ်ကျခဲ့တုန်းက အချိန်လိုပါပဲ။
      မတူတာက အခုသူမကို စောင့်ကြည့်နေသူဟာ လီဖာတယောက်တည်းမဟုတ်တော့ဘဲ နောက်ထပ် နှစ်ယောက်တိုးလာတာပဲဖြစ်သည်။
        .........
      ကောင်းသွားတဲ့ ညနေပိုင်းမှာပဲ အေဒီရာနဲ့ကေဆီမီရာတို့ဟာ မိသာစုဆွေးနွေးပွဲကို အခေါ်ခံလိုက်ရတယ်။
       သူတို့ဟာ အရင်နေ့ညက ဖြစ်သွားခဲ့သော ရုတ်ရုတ်သဲသဲဖြစ်မှုနဲ့ ပတ်သတ်ပြီး ကေဆီမီရာအား သင့်လျော်သော အကြောင်းပြချက်ကို ပေးဖို့ ပြောလာကြတယ်။
      အေဒီရာ ရုတ်တရက်မေးလာသောမေးခွန်းအား အထင်မှားကာ ကေဆီမီရာအား အပြစ်ဖို့မည်ကို စိုးရိမ်ပြီး ကေဆီမီရာအား ကာကွယ်ပြီး အပြစ်တွေကို သူမယူဖို့ရာ လုပ်လိုက်တယ်။
            "ဒီလို ဖြစ်သွားခဲ့တာက အရှင်မင်းသားအမှားမဟုတ်ပါဘူး အဖေနဲ့အမေ။ဒါက သမီးက ကေဆီမီရာကို တရားခံရှာဖို့ တောင်းဆိုခဲ့လို ဒီလိုဖြစ်သွားခဲ့တာပါ။တစ်စုံတစ်ယောက်က အပြစ်တင်ခံရမယ်ဆိုရင် အဲဒါက သမီးပဲ ဖြစ်ပါလိမ့်မယ်။အရှင်မင်းသားကို အပြစ်မတင်ပါနဲ့"
     အေဒီရာရဲ့ ရုတ်တရက်ဆန်မှုကြောင့် အားလုံး အထူးသဖြင့် အေဒီရာ ရဲ့ မိဘတွေဟာ အံ့သြသွားခဲ့ရတယ်။သူတို့ဘဝမှာ သူတို့သမီးလေးဟာ ခုလိုမျိုး တစုံတစ်ယောက်ကို ကာကွယ်ဖို့ စိတ်လောနေတာမျိုးမတွေ့ဖူးခဲ့ဘူး။ အခုလို အသံကျယ်ကျယ်ပြောတာမျိုးလည်း မကြုံခဲ့ရဖူးဘူး။
            ကေဆီမီရာဟာ သူမလေးကို နွေးထွေးချစ်ခင်စွာ ကြည့်လိုက်မိတယ်။
       အကာကွယ်ခံရတယ်ဆိုတာ ဒီလိုခံစားချက်မျိုးလား
          "အေဒီရာ အဖေတို့က ကိုယ့်ကို ဖိအားပေးနေတာ မဟုတ်မပါဘူး။စိတ်အေးအေးထားပါ"
     သူက သူမလက်တစ်ဖက်ကို သူ့လက်တဖက်နဲ့ ဆုပ်ကိုင်ထားကာ ကျန်လက်တဖက်ဖြင့် သူမခေါင်းကို အသာပုတ်ပေးရင်း ညင်သာစွာ ပြောလိုက်တယ်။
            "အမှန်ပဲ သမီးလေးရဲ့။မနေ့က အခြေအနေနဲ့ ပတ်သတ်ပြီး ကေဆီမီရာက အဖေတို့ကို အသေးစိတ်မပြောပြထားဘူးကွဲ့။"
      ဘုရင်ကြီးဟာ အစိုးရိမ်လွန်နေသော အေဒီရာကို စိတ်သက်သာရာရသွားစေဖို့ရာ ပြောလာတဲ့အခါမှာတော့ အေဒီရာဟာ သူမအစိုးရိမ်လွန်မှုအတွက် ရှက်သွားခဲ့ရတယ်။
      ဘယ်လိုအခြေအနေမှာဘဲ ဖြစ်ဖြစ် သူမအဖေဖြစ်သူဟာ သူ့သူငယ်ချင်းကို ကွန်ပလိန်းတက်လာလေတယ်။
             "မင်းက ဘာကြောင့် သမီးလေးလို့ ခေါ်ရတာလဲ။သူတို့က လက်တောက်မထပ်ရသေးဘူး မင်းက ငါ့သမီးကို မင်းသမီး လုပ်ချင်နေပြီပေါ့လေ"

She become a passive villainess-not(trans)Where stories live. Discover now