A knight to protect you

936 155 0
                                    

A knight to protect you
   
      "အေသးေလး မင္းက ဘယ္လိုတိုက္ခိုက္ရမယ္ဆိုတာ သိတယ္လား"သူတို႔ဆိုင္ေရွ႕မွာ ျဖစ္သြားတဲ့ အေစာက အျဖစ္အပ်က္နဲ႔ ပတ္သတ္ၿပီး ပီတာဟာ သံသယျဖစ္စြာ ေအဒီရာကို ေမးလာတယ္။
    သူမေလးက တခ်က္ကေလး ထိလိုက္ရုံနဲ႔တင္ လဲက်သြားမလို ႏူးညံ့ၿပီး သိမ့္ေမြ႕ပံုေပၚေနေပမယ့္ ေကာင္းေကာင္းတိုက္ခိုက္တတ္ေနသည္။
     ေအဒီရာဟာ ရွက္႐ြံ႕စြာဘဲ ၿပံဳးလိုက္မိတယ္။အမွန္တိုင္းဆိုရမယ္ဆိုရင္ သူမ ျပန္ေမြးဖြားလာကတည္းက သူမကိုယ္သူမ ကာကြယ္နိုင္ဖို႔ရာအတြက္ တိုက္ခိုက္နည္းေတြ တတ္ေျမာက္ထားသင့္တယမလို႔ယူဆကာ အိမ္ေတာ္ကို ဆရာေခၚၿပီးဟသင္ယူခဲ့ျခင္းပင္။
    သူမအသက္ ၁၂ နွစ္ျပည့္ၿပီး ေတာ္ေတာ္မ်ားမ်ားကို သင္ယူၿပီးခ်ိန္မွာေတာ့ သင္ယူမႈကို ရပ္ဆိုင္းခဲ့တယ္။သူမ တခါတရံ ေယာက်္ားေလး ပံုစံ၀တ္ဆင္ထားျခင္းမွာလည္း အမ်ားစုကမိန္းကေလးေတြဟာ အိမ္မွာဘဲထိုင္ေနၿပီး ဘယ္လိုလွပေအာင္ေနရမလဲဆိုတာကိုပဲ သင္ယူသင့္တယ္ဟု ယူဆထားေသာေၾကာင့္ျဖစ္တယ္။
     အတိတ္ဘ၀တုန္းက နာက်င္စရာအျဖစ္အပ်က္ေတြေၾကာင့္ သူမဟာ အခ်ိန္ရွိတုိင္း အခြင့္အေရးရတိုင္းမွာ သူမကိုယ္သူမ ေလ့က်င့္မႈေတြ ျပဳလုပ္ခဲ့တယ္။သူမ ဒါကို ဖံုးကြယ္ထားတာ အခ်ိန္အေတာ္ၾကာခဲ့ၿပီ။
     "ကြၽန္မက ဘယ္လိုေရွာင္ရမယ္ဆိုတာနဲ႔ ကန္ခ်က္အနည္းငယ္ျပဳလုပ္ဖို႔ နည္းနည္းေလးပဲ သိတာပါ"
      "ဘယ္သူက ဘယ္လိုလုပ္ရမယ္ဆိုတာ အနည္းငယ္ပဲ သိတယ္ !ဟုတ္လား?"ခုနေလးကတင္ ခုလိုႏူးညံ့လွပါတယ္ဆိုတဲ့ မိန္ကေလးတေယာက္ဆီမွာ အထိုးခံလိုက္ရ၍ မွားယြင္းသလို ခံစားမိေနတဲ့ ထိုလူဟာ အံၾသႀကီးစြာ ေမးလာခဲ့တယ္။
      ေအဒီရာဟာ သူ႔ကို အၾကည့္စူးစူးတခ်က္ ၾကည့္လိုက္တဲ့အခါ သူဟာ သူ႔ပါးစပ္ေပါက္ကို ပိတ္လိုက္ရတယ္။သူ႔ရဲ႕ မသိစိတ္ေလးက သူအသက္ရွင္ေသးရင္ ထိုမိန္းကေလးကို သြားမရႈပ္မိေစဖို႔ သတိေပးေနေလတယ္။
     "ဘယ္လိုပဲျဖစ္ျဖစ္ အဲ့ေန႔က ျဖစ္ခဲ့တာေတြအတြက္ ကြၽန္မ ဦးေလးတို႔ကို ရွင္းျပခ်င္ပါတယ္။ဦးေလးတို႔ အလုပ္မရႈပ္ဘူးမို႔လား"
     သူမေျပာရင္း ေျပာင္းလဲသြားတဲ့ဆိုင္ကို တခ်က္ေဝ့ၾကည့္လိုက္တယ္။ ယခင္က ကိတ္ဆိုင္ရုိးရုိးေလးကေန အခုေတာ့ ကိတ္မ်ိဳးစံုအပါအ၀င္ လက္ဖက္ရည္ေရာ ေကာ္ဖီပါရတဲ့ ဆိုင္အႀကီးႀကီးအျဖစ္ေျပာင္းလဲေနေလၿပီ။
    "ရတာေပါ့။တို႔ေတြ အထဲမွာ သြားေျပာၾကမလား"
    ေအဒီရာဟာ ေခါင္းၿငိမ့္ျပလိုက္ၿပီး အစာစားေနတဲ့ ထိုလူကို တစ္ေယာက္တည္းထားခဲ့ဖို႔ လုပ္လိုက္တယ္။
     ေအဒီရာဟာ ပိုင္ရွင္လင္မယားနဲ႔အတူ ထြက္သြားဖို႔လုပ္ေနတာကို ေတြ႕လိုက္ရတဲ့အခါ သူ႔လက္နဲ႔ ေအဒီရာကို ဆဲြလိုက္တယ္။
    ေအဒီရာဟာ စိတ္ပ်က္စြာနဲ႔ ေမးလိုက္တယ္ "ဘာလဲ"
    "မင္း ငါ့ကို ဒီမွာထားခဲ့မလို႔လား"
  "ဘာလဲ ဒီက မင္းသားက ကိုယ့္ဘာသာကို မစားတတ္ဘူးလား။ဒါမွမဟုတ္ ဒီမင္းသားက တစ္ေယာက္တည္း ျဖစ္မွာေၾကာက္ေနတာလား"
    "ဘယ္...ဘယ္သူက တေယာပ္တည္းျဖစ္မွာ ေၾကာက္ေနလို႔လဲ။သြားေပါ့ ...ငါ ဂရုမစိုက္ပါဘူး"
   သူဟာ ရွက္စိတ္ေၾကာင့္ နီရဲသြားၿပီး ျပန္ခံေျပာလိုက္ၿပီး ေအဒီရာလက္ကို လႊတ္ေပးလိုက္တယ္။
    ေအဒီရာတို႔လည္း အထဲကို ၀င္လိုက္ၾကတယ္။
    ေအဒီရာဟာ ပီတာတို႔ကို သူမရဲ႕ သရုပ္မွန္နဲ႔ အဲ့ေန႔က စစ္သည္ေတြ လိုက္ရွာေနခဲ့သူဟာ သူမျဖစ္ေၾကာင္း အေျခခံအားျဖင့္ လြန္ခဲ့တဲ့ ၉ နွစ္က သူမ ဆလယ္ဗားရစ္အိမ္ေတာ္ဝန္းကို ေဇာက္ထိုးမိုးေမ်ွာ္ျဖစ္ေအာင္ လုပ္ခဲ့မိပံုေတြကို ရွင္းျပလိုက္တယ္။
     "ဒါေၾကာင့္ အဲ့တုန္းက ဘာစကားမွမဆိုဘဲ စိတ္ပူေစမိလို႔ ေတာင္းပန္ပါတယ္"
     "မဟုတ္တာ သခင္မေလး-------"
     "ေက်းဇူးျပဳၿပီး ဦးေလးတို႔အေနနဲ႔ ကြၽန္မကို ဒီလို ေလးေလးစားစား မေျပာပါနဲ႔လား။ကြၽန္မက အဲ့တုန္းက ဦးေလး မုန္႔ေခၚေကြၽးခဲ့တဲ့ ကေလးမေလးပါပဲ။ကြၽန္မက ရုိးရုိးရွင္းရွင္း ေအဒီရာငယ္ေလး ျဖစ္ေနဆဲပါပဲ"
     ပီတာနဲ႔ဟြာ ဟာတစ္ေယာက္ကိုတေယာက္ ၾကည့္လိုက္ၾကၿပီး သူမေလးကို တင္းက်ပ္စြာ ဖက္ထားလိုက္ၾကတယ္။သူတို႔ သူမေလးကို အရမ္းလြမ္းေနခဲ့တာ။အဲ့ေန႔ၿပီးကတည္းက သူတို႔မွာ သူမေလးအတြက္ စိုးရိမ္ေနခဲ့ၾကတာျဖစ္တယ္။
     ဒီလို ေႏြးေထြးတဲ့ အခိုက္အတန္႔ေလးကို သူ႔တို႔ နွစ္ၿခိဳက္ေနစဥ္မွာဘဲ တံခါးဖြင့္သံၾကားလိုက္ရၿပီး ၉ နွစ္အ႐ြယ္ကေလးတေယာက္၀င္လာတယ္။
     "Dad,mom "
       ေကာင္ေလးရဲ႕ အသံကိုၾကားတဲ့အခ်ိန္မွာ သူတို႔ဟာ ဖက္ထားတာကို ေျဖလိုက္ၾကၿပီး ေကာင္ငယ္ေလးကို လွည့္ၾကည့္လိုက္ၾကတယ္။
        သူ႔မွာ ဟြာနဲ႔ဆင္တူတဲ့ မ်က္လံုးအေရာင္ေလးနဲ႔ ဆံပင္အေရာင္ရွိၿပီး ပီတာရဲ႕ ရွည္လ်ားတဲ့အရပ္နဲ႔ အၿပံဳးေတြကို ပိုင္ဆိုင္ထားတယ္။သူ႔အ႐ြယ္မွာေတာင္ သူ႔အရပ္က ေအဒီရာေမးေစ့အထိေရာက္ေနၿပီျဖစ္တယ္။သူက အရပ္ျမင့္ၿပီး ေခ်ာေမာတဲ့ ေကာင္ငယ္ေလးပဲ။
     သူႀကီးလာတဲ့အခါ ေသခ်ာေပါက္ ပ်ိဳတိုင္းႀကိဳက္တဲ့ နွင္းဆီခိုင္ျဖစ္လာမွာ မလဲြေလဘူး။
      "ဒါက....?"ေကာင္ငယ္ေလးဟာ သူတို႔အားလံုးက စကားမဆိုလာတဲ့အခါမွာေတာ့ သူကပဲ စၿပီးေမးလာခဲ့တယ္။
     "အိုးးးးးသူမက ေအဒီရာတဲ့။ေအဒီရာ သူက တို႔ေတြရဲ႕သား အို၀မ္ ။အဲ့မေတာ္တမႈအၿပီးမွ သူ႔ကို ရခဲ့တာ။သူ႔အသက္က ၉ နွစ္ရွိၿပီ။"ဟြာက ၾကင္နာစြာနဲ႔ သူတို႔နွစ္ေယာက္ကို မိတ္ဆက္ေပးတယ္။
      "Hello အိုဝမ္ တို႔နာမည္က ေအဒီရာပါ။မင္းကို ေတြ႕ရလို႔ ၀မ္းသာပါတယ္"ေအဒီရာဟာ ခ်ိဳသာစြာၿပံဳးျပလိုက္ၿပီး လက္ကမ္းေပးကာ နႈတ္ဆက္လိုက္တယ္။
       ဒီလွပလြန္းလွတဲ့ အစ္မၿပီးေၾကာင့္ အို၀မ္ဟာ သူ႔လက္ကို ဆန္႔ထုတ္လိုက္ဖို႔ ၾကက္ေသေသေနခဲ့တယ္။သူတိုၿမိဳ႕ေတာ္မွာ ဒီ အစ္မႀကီးေလာက္လွပတဲ့သူဆိုတာ အေတာ္ရွားတာမဟုတ္လား။ဒါေၾကာင့္ သူက အခြင့္အေရးကို ဆုပ္ကိုင္ထားဆဲပါပဲ။
    "H.....hi ကြၽန္ေတာ္က အို၀မ္ပါ။အာ...အာဂ်န္တို ဆိုင္ပိုင္ရွင္ ပီတာနဲ႔ ဟြာတို႔ရဲ႕ သားပါ။"သူဟာ ထစ္ထစ္အအနဲ႔ ေအဒီရာရဲ႕ ေႏြးေထြးၿပီး ႏူးညံ့တဲ့လက္ကိုလက္ဆဲြကို နႈတ္ဆက္လိုက္တယ္။
     ေအဒီရာဟာ အို၀မ္ရဲ႕ ခ်စ္စရာေကာင္းမႈေၾကာင့္ ခပ္ဖြဖြရယ္ေမာမိလိုက္တယ္။တကယ္လို႔ သူမမွာသာ ေမာင္ငယ္ေလးတေယာက္ရွိခဲ့မယ္ဆိုရင္လည္း ခုလိုပဲခ်စ္စရာေကာင္းမလားဆိုတာ တဒဂၤ တခဏ ေတြးမိလိုက္တယ္။
     "ကြၽန္မ ညစာအတြက္ ေနလို႔ရမလား"သူမက ပီတာနဲ႔ ဟြာကိုေမးလိုက္တယ္။
    သူတို႔မေျဖရေသးခင္မွာဘဲ အို၀မ္ဟာျဖတ္ၿပီး အေျဖေပးလာေလတယ္ "ရတာေပါ့။ညစာအတြက္ ရတာေပါ့။တသက္လံုးအတြက္ဆိုရင္ေတာင္ အဆင္ေျပပါတယ္ အစ္မႀကီး"
     မိဘေတြဟာ သူတို႔သားေလး ဘာျဖစ္ေနၿပီဆိုတာကို စကားတခြန္းမလိုဘဲ နားလည္သြားၾကၿပီး တစ္ေယာက္ကိုတေယာက္ ၾကည့္မိလိုက္ၾကတယ္။
     သူတို႔ရဲ႕သားက သခင္မေလး ေအဒီရာအေပၚမွာ က်ရႈံးသြားေလၿပီ။
    လူေလးေရ ဒီနံရံက တက္ဖို႔မျဖစ္နိုင္တဲ့ နံရံႀကီးတခုပဲ ငါ့ကေလးေလးရ။
    ပီတာက ေတြးလိုက္ၿပီး ေခါင္းခါကာ သက္ျပင္းတခ်က္ခ်လိုက္မိတယ္။ဒါေပမယ့္ သူ႔သားကိုလည္း အျပစ္မဆိုနိုင္ေလဘူး။ေအဒီရာဟာ တကယ္ပဲ ဆဲြေဆာင္မႈရွိၿပီး လွပလြန္းေလတယ္။အတြင္းေရာ အျပင္ေရာေပါ့။
     သူမကိုၾကည့္မိတဲ့ ဘယ္ေယာက်္ားေလးမဆို သူမေလးအလွမွာ က်ရႈံးသြားရမွာဘဲ။ဘယ္သူ လြတ္ေျမာက္နိုင္မွာလဲ။
       "ေက်းဇူးပါပဲ အို၀မ္ဒါက တို႔ကိုေပ်ာ္႐ႊင္ေစတာပဲ"ေအဒီရာဟာ ၿပံဳးလိုက္ၿပီး လူငယ္ေလးရဲ႕ေခါင္းကို ပုတ္ေပးလိုက္တယ္။
လူငယ္ေလးဟာ အဲ့အၿပံဳးေအာက္မွာ ထပ္မံ မိန္းေမာသြားမိျပန္တယ္။
      "ကြၽန္ေတာ့္ကို ကေလးတေယာက္လို မဆက္ဆံပါနဲ႔ အမႀကီး။ကြၽန္ေတာ္က အစ္မၿကီးထက္ နွစ္နည္းနည္းပဲ ငယ္တာပါ။
 ဒါေပမယ့္ ကြၽန္ေတာ္က ကေလးမဟုတ္ပါဘူး။ၿပီးေတာ့ ကြၽန္ေတာ္ႀကီးလာတဲ့အခါ အမၿကီးကို လက္ထပ္ယူမယ္ေလ"သူရဲ႕ သူမအေပၚ ထပ္ၿပီး ကြန္ပလိန္းတက္လာမႈက သူမမ်က္လံုးေတြထဲမွာ ပိုၿပီးခ်စ္စရာေကာင္းေနခဲ့ေလတယ္။
    သူ႔ရဲ႕ မတ္တတ္ရပ္ၿပီး ရင္ဘက္ကိုထုကာေျပာေနပံုက သူ႔ရဲ႕စကားေတြကို အတည္ယူခ်င္စရာ မေကာင္းေလာက္ေအာင္ ခ်စ္စရာေကာင္းလြန္းေနေလတယ္။
    "ဒါဆို အို၀မ္ေလးက ေကာင္းေကာင္းႀကီးျပင္းလာၿပီး အစ္မႀကီးကို ကာကြယ္ေပးရမယ္ေနာ္ ဟုတ္ၿပီလား"
    ေအဒီရာဟာ သူေျပာတာကို အတည္မယူဘဲ ကေလးတေယာက္လို ဆက္ဆံေနဆဲဆိုေပမယ့္ သူက သူမကို ကတိေပးလာေလတယ္။
    "ေသခ်ာတာေပါ့။ကြၽန္ေတာ္က ျမန္ျမန္ႀကီးလာၿပီး အစ္မႀကီးကို ကာကြယ္နိုင္ဖို႔ စစ္သည္ေတာ္ ျဖစ္လာေစရမယ္"
      "ဒါဆို အစ္မႀကီးက ေစာင့္ေမ်ွာ္ေနပါ့မယ္"
      ပီတာနဲ႔ ဟြာဟာ ကေလးနွစ္ေယာက္အျပန္အလွန္ေျပာဆိုေနတာကို ၾကားၿပီးေနာက္မွာေတာ့  တကယ္ရင္းနီးတဲ့ေမာင္နွမေတြလိုမ်ိဳး ခံစားလိုက္ရတယ္။သူ႔ရဲ႕ ေမာင္ငယ္ေလးကို အလိုလိုက္ၿပီး အားကိုခ်င္စရာအစ္မႀကီးတေယာက္နဲ႔ သူ႔အစ္မကို လြန္စြာခ်စ္တတ္တဲ့ ေမာင္ငယ္ေလးတစ္ေယာက္ပံုစံမ်ိဳးေပါက္ေနေလတယ္။
    ေအဒီရာသာ သူတို႔သမီးေလးျဖစ္လာခဲ့ရင္ ငါတို႔မိသားစုေလးက ခုလိုမ်ိဳးအၿမဲျဖစ္ေနမွာဘဲ။
   -----------
    သူတို႔နဲ႔ စကားအေတာ္ၾကာေျပာၿပီးတဲ့မွာေတာ့ ေအဒီရာဟာ ေစ်းကူေရာင္းေပဖို႔အတြက္ အျပင္ျပန္ထြက္လာၾကတယ္။သူတို႔ ျပန္ထြက္လာတဲ့အခ်ိန္ထိ ထိုလူဟာ ေအဒီရာခ်န္ခဲ့တဲ့ေနရာမွာဘဲ ရွိေနဆဲဆိုတာေတြ႕လိုက္ရတယ္။
     "Hey ခင္ဗ်ားက ဒီမွာရွိေနတုန္းလား"
      "မင္းၿပီးၿပီလား"
      "အင္း ခင္ဗ်ားက ဘာလို႔ ဒီမွာရွိေနေသးတာလဲ"
       "ဒါ..ဒါက မင္းငါ့အတြက္ရွင္းေပးတာကို ေသခ်ာေအာင္လုပ္ဖို႔လိုတယ္ေလ"
     ထိုလူဟာ ေျပာၿပီး ေအဒီရာရဲ႕ မ်က္လံုးနဲ႔တတန္းတည္းျဖစ္ေအာင္ ရပ္လိုက္တယ္။
    "တကယ္လား"ေအဒီရာဟာ မ်က္လံုးလွန္ၾကည့္လိုက္ၿပီး ခပ္ျပတ္ျပတ္ေမးလိုက္တယ္။
    သူဟာ သြားကိုႀကိတ္ လက္သီးဆုပ္ကာ သူ႔အက်ီၤကိုဆဲြျဖန္႔လိုက္ကာ သူတကယ္သိခ်င္ေနတဲ့ အရာကို တိုးတိုးေလး ေမးလာေလတယ္။
      "ငါ မင္းနာမည္ကို သိခ်င္လို႔"
     "ဘာေျပာတာရယ္?ကြၽန္မ ေသခ်ာမၾကားရဘူး။ဘာေျပာလိုက္တာပါလိမ့္"ေအဒီရာဟာ တမင္သက္သက္သူ႔ကို စိတ္တိုေစခ်င္တာ မဟုတ္ေပမယ့္ အဲ့လိုယူဆမယ္ဆိုလ်င္လည္း ျဖစ္သည္။သူ႔ရဲ႕ ရိုင္းစိုက္မႈက သုမ လြယ္လြယ္အလြတ္မေပးခ်င္တဲ့ ရုိရွင္းတဲ့ အေၾကာင္းျပခ်က္တခုပါပဲ။
     "ငါ ငါေျပာတာက မင္းနာမည္ကို သိခ်င္တယ္လို႔"သူက ၀မ္းနည္းသံနဲ႔ ထိုမိန္းကေလးၾကားနိုင္ေအာင္ ရွင္းလင္းစြာနဲ႔ က်ယ္က်ယ္ေအာ္ေျပာလိုက္တယ္။သူေနာက္ထပ္ ထပ္ခါထပ္ခါမေျပာခ်င္လိုေလဘူး။
     "ဘာလဲ။ဘာေၾကာင့္ ကြၽန္မနာမည္ကို သိခ်င္ရတာလဲ ။မဟုတ္မွလဲြ....."ေအဒီရာက စကားကိုႀကီးဆဲြေျပာၿပီး တစ္၀က္တပ်က္ရပ္ထားလိုက္တယ္။
     သူက သူမေလး ထပ္ေျပာလာမယ့္စကားကို ေစာင့္ရင္း ရင္ေတြတုန္ေနခဲ့ရတယ္။သူမေလးက ဆက္ေျပာလာတယ္။
    
             ".....ကြၽန္မကိုျပန္ၿပီး လက္စားေခ်ဖို႔လား။ဟုတ္တယ္မို႔လား"
    တကယ္ႀကီး ဒီမိန္းကေလးကေတာ့
    "မဟုတ္ပါဘူး။ငါက ဘာလို႔ အဲ့လိုလုပ္ရမွာလဲ။ငါက အဲ့လိုလုပ္မယ့္သူနဲ႔မ်ား တူေနလို႔လား"သူက ေမးလိုက္တဲ့အခါမွာေတာ့ သူမက ခ်က္ျခင္းျပန္ေျဖလာခဲ့တယ္။
     "အင္းေလ"
     "တကယ္ပါပဲ ....ဒီနာမည္ေလးတခုကိုေတာင္"သူက  မေက်မနပ္ဆိုလိုက္ၿပီး ထြက္သြားလိုက္တယ္။
      ေအဒီရာဟာ သူမေၾကာင့္ ပီတာနဲ႔ဟြာတို႔ ျပႆနာထပ္ျဖစ္မိမွာစိုးတာေၾကာင့္ သက္ျပင္းခ်လိုက္ၿပီး အျပင္ေရာက္ေနၿပီျဖစ္တဲ့ ထိုလူကို ေအာ္ေျပာလိုက္တယ္။
      "ေအဒီရာ။ကြၽန္မနာမည္ ေအဒီရာ"
      သူက ရပ္လိုက္ၿပီး ဆိုင္ေပါက္၀မွာ ခါးေပၚလက္တင္ကာရပ္ေနတဲ့ အလြန္ကို အဆင္အတန္းျမင့္ကာ ထက္ျမက္ပံုေပၚတဲ့မိန္းကေလးကို လွည့္လိုက္တယ္။
      "ငါ့ နာမည္ စတီဖန္ပါ။မင္းကို ေတြ႕ရတာ ၀မ္းသာပါတယ္ ေအဒီရာ။ငါတို႔ေတြ ထပ္ေတြ႕ၾကေသးတာေပါ့"
     သူ႔မွာ အခု မၾကာခဏအလည္လာရမယ့္ အၿကိဳက္ဆံုးဆိုင္တခု ရွိသြားခဲ့ၿပီ။
     
       Unicode
  
    A knight to protect you
   
      "အသေးလေး မင်းက ဘယ်လိုတိုက်ခိုက်ရမယ်ဆိုတာ သိတယ်လား"သူတို့ဆိုင်ရှေ့မှာ ဖြစ်သွားတဲ့ အစောက အဖြစ်အပျက်နဲ့ ပတ်သတ်ပြီး ပီတာဟာ သံသယဖြစ်စွာ အေဒီရာကို မေးလာတယ်။
    သူမလေးက တချက်ကလေး ထိလိုက်ရုံနဲ့တင် လဲကျသွားမလို နူးညံ့ပြီး သိမ့်မွေ့ပုံပေါ်နေပေမယ့် ကောင်းကောင်းတိုက်ခိုက်တတ်နေသည်။
     အေဒီရာဟာ ရှက်ရွံ့စွာဘဲ ပြုံးလိုက်မိတယ်။အမှန်တိုင်းဆိုရမယ်ဆိုရင် သူမ ပြန်မွေးဖွားလာကတည်းက သူမကိုယ်သူမ ကာကွယ်နိုင်ဖို့ရာအတွက် တိုက်ခိုက်နည်းတွေ တတ်မြောက်ထားသင့်တယမလို့ယူဆကာ အိမ်တော်ကို ဆရာခေါ်ပြီးဟသင်ယူခဲ့ခြင်းပင်။
    သူမအသက် ၁၂ နှစ်ပြည့်ပြီး တော်တော်များများကို သင်ယူပြီးချိန်မှာတော့ သင်ယူမှုကို ရပ်ဆိုင်းခဲ့တယ်။သူမ တခါတရံ ယောက်ျားလေး ပုံစံဝတ်ဆင်ထားခြင်းမှာလည်း အများစုကမိန်းကလေးတွေဟာ အိမ်မှာဘဲထိုင်နေပြီး ဘယ်လိုလှပအောင်နေရမလဲဆိုတာကိုပဲ သင်ယူသင့်တယ်ဟု ယူဆထားသောကြောင့်ဖြစ်တယ်။
     အတိတ်ဘ၀တုန်းက နာကျင်စရာအဖြစ်အပျက်တွေကြောင့် သူမဟာ အချိန်ရှိတိုင်း အခွင့်အရေးရတိုင်းမှာ သူမကိုယ်သူမ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တယ်။သူမ ဒါကို ဖုံးကွယ်ထားတာ အချိန်အတော်ကြာခဲ့ပြီ။
     "ကျွန်မက ဘယ်လိုရှောင်ရမယ်ဆိုတာနဲ့ ကန်ချက်အနည်းငယ်ပြုလုပ်ဖို့ နည်းနည်းလေးပဲ သိတာပါ"
      "ဘယ်သူက ဘယ်လိုလုပ်ရမယ်ဆိုတာ အနည်းငယ်ပဲ သိတယ် !ဟုတ်လား?"ခုနလေးကတင် ခုလိုနူးညံ့လှပါတယ်ဆိုတဲ့ မိန်ကလေးတယောက်ဆီမှာ အထိုးခံလိုက်ရ၍ မှားယွင်းသလို ခံစားမိနေတဲ့ ထိုလူဟာ အံသြကြီးစွာ မေးလာခဲ့တယ်။
      အေဒီရာဟာ သူ့ကို အကြည့်စူးစူးတချက် ကြည့်လိုက်တဲ့အခါ သူဟာ သူ့ပါးစပ်ပေါက်ကို ပိတ်လိုက်ရတယ်။သူ့ရဲ့ မသိစိတ်လေးက သူအသက်ရှင်သေးရင် ထိုမိန်းကလေးကို သွားမရှုပ်မိစေဖို့ သတိပေးနေလေတယ်။
     "ဘယ်လိုပဲဖြစ်ဖြစ် အဲ့နေ့က ဖြစ်ခဲ့တာတွေအတွက် ကျွန်မ ဦးလေးတို့ကို ရှင်းပြချင်ပါတယ်။ဦးလေးတို့ အလုပ်မရှုပ်ဘူးမို့လား"
     သူမပြောရင်း ပြောင်းလဲသွားတဲ့ဆိုင်ကို တချက်ဝေ့ကြည့်လိုက်တယ်။ ယခင်က ကိတ်ဆိုင်ရိုးရိုးလေးကနေ အခုတော့ ကိတ်မျိုးစုံအပါအ၀င် လက်ဖက်ရည်ရော ကော်ဖီပါရတဲ့ ဆိုင်အကြီးကြီးအဖြစ်ပြောင်းလဲနေလေပြီ။
    "ရတာပေါ့။တို့တွေ အထဲမှာ သွားပြောကြမလား"
    အေဒီရာဟာ ခေါင်းငြိမ့်ပြလိုက်ပြီး အစာစားနေတဲ့ ထိုလူကို တစ်ယောက်တည်းထားခဲ့ဖို့ လုပ်လိုက်တယ်။
     အေဒီရာဟာ ပိုင်ရှင်လင်မယားနဲ့အတူ ထွက်သွားဖို့လုပ်နေတာကို တွေ့လိုက်ရတဲ့အခါ သူ့လက်နဲ့ အေဒီရာကို ဆွဲလိုက်တယ်။
    အေဒီရာဟာ စိတ်ပျက်စွာနဲ့ မေးလိုက်တယ် "ဘာလဲ"
    "မင်း ငါ့ကို ဒီမှာထားခဲ့မလို့လား"
  "ဘာလဲ ဒီက မင်းသားက ကိုယ့်ဘာသာကို မစားတတ်ဘူးလား။ဒါမှမဟုတ် ဒီမင်းသားက တစ်ယောက်တည်း ဖြစ်မှာကြောက်နေတာလား"
    "ဘယ်...ဘယ်သူက တယောပ်တည်းဖြစ်မှာ ကြောက်နေလို့လဲ။သွားပေါ့ ...ငါ ဂရုမစိုက်ပါဘူး"
   သူဟာ ရှက်စိတ်ကြောင့် နီရဲသွားပြီး ပြန်ခံပြောလိုက်ပြီး အေဒီရာလက်ကို လွှတ်ပေးလိုက်တယ်။
    အေဒီရာတို့လည်း အထဲကို ၀င်လိုက်ကြတယ်။
    အေဒီရာဟာ ပီတာတို့ကို သူမရဲ့ သရုပ်မှန်နဲ့ အဲ့နေ့က စစ်သည်တွေ လိုက်ရှာနေခဲ့သူဟာ သူမဖြစ်ကြောင်း အခြေခံအားဖြင့် လွန်ခဲ့တဲ့ ၉ နှစ်က သူမ ဆလယ်ဗားရစ်အိမ်တော်ဝန်းကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် လုပ်ခဲ့မိပုံတွေကို ရှင်းပြလိုက်တယ်။
     "ဒါကြောင့် အဲ့တုန်းက ဘာစကားမှမဆိုဘဲ စိတ်ပူစေမိလို့ တောင်းပန်ပါတယ်"
     "မဟုတ်တာ သခင်မလေး-------"
     "ကျေးဇူးပြုပြီး ဦးလေးတို့အနေနဲ့ ကျွန်မကို ဒီလို လေးလေးစားစား မပြောပါနဲ့လား။ကျွန်မက အဲ့တုန်းက ဦးလေး မုန့်ခေါ်ကျွေးခဲ့တဲ့ ကလေးမလေးပါပဲ။ကျွန်မက ရိုးရိုးရှင်းရှင်း အေဒီရာငယ်လေး ဖြစ်နေဆဲပါပဲ"
     ပီတာနဲ့ဟွာ ဟာတစ်ယောက်ကိုတယောက် ကြည့်လိုက်ကြပြီး သူမလေးကို တင်းကျပ်စွာ ဖက်ထားလိုက်ကြတယ်။သူတို့ သူမလေးကို အရမ်းလွမ်းနေခဲ့တာ။အဲ့နေ့ပြီးကတည်းက သူတို့မှာ သူမလေးအတွက် စိုးရိမ်နေခဲ့ကြတာဖြစ်တယ်။
     ဒီလို နွေးထွေးတဲ့ အခိုက်အတန့်လေးကို သူ့တို့ နှစ်ခြိုက်နေစဉ်မှာဘဲ တံခါးဖွင့်သံကြားလိုက်ရပြီး ၉ နှစ်အရွယ်ကလေးတယောက်ဝင်လာတယ်။
     "Dad,mom "
       ကောင်လေးရဲ့ အသံကိုကြားတဲ့အချိန်မှာ သူတို့ဟာ ဖက်ထားတာကို ဖြေလိုက်ကြပြီး ကောင်ငယ်လေးကို လှည့်ကြည့်လိုက်ကြတယ်။
        သူ့မှာ ဟွာနဲ့ဆင်တူတဲ့ မျက်လုံးအရောင်လေးနဲ့ ဆံပင်အရောင်ရှိပြီး ပီတာရဲ့ ရှည်လျားတဲ့အရပ်နဲ့ အပြုံးတွေကို ပိုင်ဆိုင်ထားတယ်။သူ့အရွယ်မှာတောင် သူ့အရပ်က အေဒီရာမေးစေ့အထိရောက်နေပြီဖြစ်တယ်။သူက အရပ်မြင့်ပြီး ချောမောတဲ့ ကောင်ငယ်လေးပဲ။
     သူကြီးလာတဲ့အခါ သေချာပေါက် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်လာမှာ မလွဲလေဘူး။
      "ဒါက....?"ကောင်ငယ်လေးဟာ သူတို့အားလုံးက စကားမဆိုလာတဲ့အခါမှာတော့ သူကပဲ စပြီးမေးလာခဲ့တယ်။
     "အိုးးးးးသူမက အေဒီရာတဲ့။အေဒီရာ သူက တို့တွေရဲ့သား အိုဝမ် ။အဲ့မတော်တမှုအပြီးမှ သူ့ကို ရခဲ့တာ။သူ့အသက်က ၉ နှစ်ရှိပြီ။"ဟွာက ကြင်နာစွာနဲ့ သူတို့နှစ်ယောက်ကို မိတ်ဆက်ပေးတယ်။
      "Hello အိုဝမ် တို့နာမည်က အေဒီရာပါ။မင်းကို တွေ့ရလို့ ၀မ်းသာပါတယ်"အေဒီရာဟာ ချိုသာစွာပြုံးပြလိုက်ပြီး လက်ကမ်းပေးကာ နှုတ်ဆက်လိုက်တယ်။
       ဒီလှပလွန်းလှတဲ့ အစ်မပြီးကြောင့် အိုဝမ်ဟာ သူ့လက်ကို ဆန့်ထုတ်လိုက်ဖို့ ကြက်သေသေနေခဲ့တယ်။သူတိုမြို့တော်မှာ ဒီ အစ်မကြီးလောက်လှပတဲ့သူဆိုတာ အတော်ရှားတာမဟုတ်လား။ဒါကြောင့် သူက အခွင့်အရေးကို ဆုပ်ကိုင်ထားဆဲပါပဲ။
    "H.....hi ကျွန်တော်က အိုဝမ်ပါ။အာ...အာဂျန်တို ဆိုင်ပိုင်ရှင် ပီတာနဲ့ ဟွာတို့ရဲ့ သားပါ။"သူဟာ ထစ်ထစ်အအနဲ့ အေဒီရာရဲ့ နွေးထွေးပြီး နူးညံ့တဲ့လက်ကိုလက်ဆွဲကို နှုတ်ဆက်လိုက်တယ်။
     အေဒီရာဟာ အိုဝမ်ရဲ့ ချစ်စရာကောင်းမှုကြောင့် ခပ်ဖွဖွရယ်မောမိလိုက်တယ်။တကယ်လို့ သူမမှာသာ မောင်ငယ်လေးတယောက်ရှိခဲ့မယ်ဆိုရင်လည်း ခုလိုပဲချစ်စရာကောင်းမလားဆိုတာ တဒင်္ဂ တခဏ တွေးမိလိုက်တယ်။
     "ကျွန်မ ညစာအတွက် နေလို့ရမလား"သူမက ပီတာနဲ့ ဟွာကိုမေးလိုက်တယ်။
    သူတို့မဖြေရသေးခင်မှာဘဲ အိုဝမ်ဟာဖြတ်ပြီး အဖြေပေးလာလေတယ် "ရတာပေါ့။ညစာအတွက် ရတာပေါ့။တသက်လုံးအတွက်ဆိုရင်တောင် အဆင်ပြေပါတယ် အစ်မကြီး"
     မိဘတွေဟာ သူတို့သားလေး ဘာဖြစ်နေပြီဆိုတာကို စကားတခွန်းမလိုဘဲ နားလည်သွားကြပြီး တစ်ယောက်ကိုတယောက် ကြည့်မိလိုက်ကြတယ်။
     သူတို့ရဲ့သားက သခင်မလေး အေဒီရာအပေါ်မှာ ကျရှုံးသွားလေပြီ။
    လူလေးရေ ဒီနံရံက တက်ဖို့မဖြစ်နိုင်တဲ့ နံရံကြီးတခုပဲ ငါ့ကလေးလေးရ။
    ပီတာက တွေးလိုက်ပြီး ခေါင်းခါကာ သက်ပြင်းတချက်ချလိုက်မိတယ်။ဒါပေမယ့် သူ့သားကိုလည်း အပြစ်မဆိုနိုင်လေဘူး။အေဒီရာဟာ တကယ်ပဲ ဆွဲဆောင်မှုရှိပြီး လှပလွန်းလေတယ်။အတွင်းရော အပြင်ရောပေါ့။
     သူမကိုကြည့်မိတဲ့ ဘယ်ယောက်ျားလေးမဆို သူမလေးအလှမှာ ကျရှုံးသွားရမှာဘဲ။ဘယ်သူ လွတ်မြောက်နိုင်မှာလဲ။
       "ကျေးဇူးပါပဲ အိုဝမ်ဒါက တို့ကိုပျော်ရွှင်စေတာပဲ"အေဒီရာဟာ ပြုံးလိုက်ပြီး လူငယ်လေးရဲ့ခေါင်းကို ပုတ်ပေးလိုက်တယ်။
လူငယ်လေးဟာ အဲ့အပြုံးအောက်မှာ ထပ်မံ မိန်းမောသွားမိပြန်တယ်။
      "ကျွန်တော့်ကို ကလေးတယောက်လို မဆက်ဆံပါနဲ့ အမကြီး။ကျွန်တော်က အစ်မကြီးထက် နှစ်နည်းနည်းပဲ ငယ်တာပါ။
 ဒါပေမယ့် ကျွန်တော်က ကလေးမဟုတ်ပါဘူး။ပြီးတော့ ကျွန်တော်ကြီးလာတဲ့အခါ အမကြီးကို လက်ထပ်ယူမယ်လေ"သူရဲ့ သူမအပေါ် ထပ်ပြီး ကွန်ပလိန်းတက်လာမှုက သူမမျက်လုံးတွေထဲမှာ ပိုပြီးချစ်စရာကောင်းနေခဲ့လေတယ်။
    သူ့ရဲ့ မတ်တတ်ရပ်ပြီး ရင်ဘက်ကိုထုကာပြောနေပုံက သူ့ရဲ့စကားတွေကို အတည်ယူချင်စရာ မကောင်းလောက်အောင် ချစ်စရာကောင်းလွန်းနေလေတယ်။
    "ဒါဆို အိုဝမ်လေးက ကောင်းကောင်းကြီးပြင်းလာပြီး အစ်မကြီးကို ကာကွယ်ပေးရမယ်နော် ဟုတ်ပြီလား"
    အေဒီရာဟာ သူပြောတာကို အတည်မယူဘဲ ကလေးတယောက်လို ဆက်ဆံနေဆဲဆိုပေမယ့် သူက သူမကို ကတိပေးလာလေတယ်။
    "သေချာတာပေါ့။ကျွန်တော်က မြန်မြန်ကြီးလာပြီး အစ်မကြီးကို ကာကွယ်နိုင်ဖို့ စစ်သည်တော် ဖြစ်လာစေရမယ်"
      "ဒါဆို အစ်မကြီးက စောင့်မျှော်နေပါ့မယ်"
      ပီတာနဲ့ ဟွာဟာ ကလေးနှစ်ယောက်အပြန်အလှန်ပြောဆိုနေတာကို ကြားပြီးနောက်မှာတော့  တကယ်ရင်းနီးတဲ့မောင်နှမတွေလိုမျိုး ခံစားလိုက်ရတယ်။သူ့ရဲ့ မောင်ငယ်လေးကို အလိုလိုက်ပြီး အားကိုချင်စရာအစ်မကြီးတယောက်နဲ့ သူ့အစ်မကို လွန်စွာချစ်တတ်တဲ့ မောင်ငယ်လေးတစ်ယောက်ပုံစံမျိုးပေါက်နေလေတယ်။
    အေဒီရာသာ သူတို့သမီးလေးဖြစ်လာခဲ့ရင် ငါတို့မိသားစုလေးက ခုလိုမျိုးအမြဲဖြစ်နေမှာဘဲ။
   -----------
    သူတို့နဲ့ စကားအတော်ကြာပြောပြီးတဲ့မှာတော့ အေဒီရာဟာ ဈေးကူရောင်းပေဖို့အတွက် အပြင်ပြန်ထွက်လာကြတယ်။သူတို့ ပြန်ထွက်လာတဲ့အချိန်ထိ ထိုလူဟာ အေဒီရာချန်ခဲ့တဲ့နေရာမှာဘဲ ရှိနေဆဲဆိုတာတွေ့လိုက်ရတယ်။
     "Hey ခင်ဗျားက ဒီမှာရှိနေတုန်းလား"
      "မင်းပြီးပြီလား"
      "အင်း ခင်ဗျားက ဘာလို့ ဒီမှာရှိနေသေးတာလဲ"
       "ဒါ..ဒါက မင်းငါ့အတွက်ရှင်းပေးတာကို သေချာအောင်လုပ်ဖို့လိုတယ်လေ"
     ထိုလူဟာ ပြောပြီး အေဒီရာရဲ့ မျက်လုံးနဲ့တတန်းတည်းဖြစ်အောင် ရပ်လိုက်တယ်။
    "တကယ်လား"အေဒီရာဟာ မျက်လုံးလှန်ကြည့်လိုက်ပြီး ခပ်ပြတ်ပြတ်မေးလိုက်တယ်။
    သူဟာ သွားကိုကြိတ် လက်သီးဆုပ်ကာ သူ့အကျီင်္ကိုဆွဲဖြန့်လိုက်ကာ သူတကယ်သိချင်နေတဲ့ အရာကို တိုးတိုးလေး မေးလာလေတယ်။
      "ငါ မင်းနာမည်ကို သိချင်လို့"
     "ဘာပြောတာရယ်?ကျွန်မ သေချာမကြားရဘူး။ဘာပြောလိုက်တာပါလိမ့်"အေဒီရာဟာ တမင်သက်သက်သူ့ကို စိတ်တိုစေချင်တာ မဟုတ်ပေမယ့် အဲ့လိုယူဆမယ်ဆိုလျင်လည်း ဖြစ်သည်။သူ့ရဲ့ ရိုင်းစိုက်မှုက သုမ လွယ်လွယ်အလွတ်မပေးချင်တဲ့ ရိုရှင်းတဲ့ အကြောင်းပြချက်တခုပါပဲ။
     "ငါ ငါပြောတာက မင်းနာမည်ကို သိချင်တယ်လို့"သူက ၀မ်းနည်းသံနဲ့ ထိုမိန်းကလေးကြားနိုင်အောင် ရှင်းလင်းစွာနဲ့ ကျယ်ကျယ်အော်ပြောလိုက်တယ်။သူနောက်ထပ် ထပ်ခါထပ်ခါမပြောချင်လိုလေဘူး။
     "ဘာလဲ။ဘာကြောင့် ကျွန်မနာမည်ကို သိချင်ရတာလဲ ။မဟုတ်မှလွဲ....."အေဒီရာက စကားကိုကြီးဆွဲပြောပြီး တစ်ဝက်တပျက်ရပ်ထားလိုက်တယ်။
     သူက သူမလေး ထပ်ပြောလာမယ့်စကားကို စောင့်ရင်း ရင်တွေတုန်နေခဲ့ရတယ်။သူမလေးက ဆက်ပြောလာတယ်။
    
             ".....ကျွန်မကိုပြန်ပြီး လက်စားချေဖို့လား။ဟုတ်တယ်မို့လား"
    တကယ်ကြီး ဒီမိန်းကလေးကတော့
    "မဟုတ်ပါဘူး။ငါက ဘာလို့ အဲ့လိုလုပ်ရမှာလဲ။ငါက အဲ့လိုလုပ်မယ့်သူနဲ့များ တူနေလို့လား"သူက မေးလိုက်တဲ့အခါမှာတော့ သူမက ချက်ခြင်းပြန်ဖြေလာခဲ့တယ်။
     "အင်းလေ"
     "တကယ်ပါပဲ ....ဒီနာမည်လေးတခုကိုတောင်"သူက  မကျေမနပ်ဆိုလိုက်ပြီး ထွက်သွားလိုက်တယ်။
      အေဒီရာဟာ သူမကြောင့် ပီတာနဲ့ဟွာတို့ ပြဿနာထပ်ဖြစ်မိမှာစိုးတာကြောင့် သက်ပြင်းချလိုက်ပြီး အပြင်ရောက်နေပြီဖြစ်တဲ့ ထိုလူကို အော်ပြောလိုက်တယ်။
      "အေဒီရာ။ကျွန်မနာမည် အေဒီရာ"
      သူက ရပ်လိုက်ပြီး ဆိုင်ပေါက်ဝမှာ ခါးပေါ်လက်တင်ကာရပ်နေတဲ့ အလွန်ကို အဆင်အတန်းမြင့်ကာ ထက်မြက်ပုံပေါ်တဲ့မိန်းကလေးကို လှည့်လိုက်တယ်။
      "ငါ့ နာမည် စတီဖန်ပါ။မင်းကို တွေ့ရတာ ၀မ်းသာပါတယ် အေဒီရာ။ငါတို့တွေ ထပ်တွေ့ကြသေးတာပေါ့"
     သူ့မှာ အခု မကြာခဏအလည်လာရမယ့် အကြိုက်ဆုံးဆိုင်တခု ရှိသွားခဲ့ပြီ။
     
      
  
   
   
     
   
   
   
     
   
   

She become a passive villainess-not(trans)Where stories live. Discover now