It Was You
"ဘာမှမပြောသေးဘူးပေါ့လေ"
ဝီလီယမ်ဟာ ရိုက်နှက်ခံထားရတဲ့ ဘယ်ဘက်မျက်လုံးမှာ ဟက်တက်ကွဲရာကြီးနဲ့ ရုပ်ဆိုးဆိုးမျက်နှာထားရှိသူကို ပြောလိုက်တယ်၊၊
လူကြီးဟာ သူ့မျက်နှာပေါ်ကို သွေးတို့ထွေးထုတ်လိုက်ပြီး သူ့နှုတ်ခမ်းတို့ကို တင်းတင်းစေ့ထား တယ်၊၊
"အာ့...မင်းက ပျော်စရာ ဖန်တီးချင်တာလား....ဒါဆို့ ကျွန်တော့်အတွက်...အံတင်းတင်းကြိတ်ထားပေးပါလား..အကိုကြီး.."
ဝီလီယမ်ဟာ လူကြီးမျက်နှာကို အားပြင်းပြင်းလက်သီးတချက်ထိုးသွင်းလိုက်ရင်း စိတ်ပျော်စွာသရော်ပြုံးတချက်ပြုံးလိုက်တယ်၊၊ရိုးရိုလက်သီးလေးတင်လားဆိုတော့ ဘယ်ဟုတ်မလဲ၊၊လက်ဆစ်လေးချောင်းမှာစွပ်ထားတဲ့ ကြေးဝါလက်စွပ်တွေပါ ပါဝင်လေတယ်၊၊
"အခုရော ဘယ်လိုလဲ၊၊မပြောချင်သေးဘူးလား"
ဝီလီယမ်ဟာ သူ့ရဲ့ညစ်ပေပြီးစိုရွှဲနေတဲ့ အဝတ်တွေပေါ်မှာ ပါးစပ်ကနေ သွေးစီးကြောင်းတို့ကျနေပြီး မူးဝေကာ ခေါင်းငိုက်စိုက်ကျနေတဲ့ လူကြီးကို ဝမ်းသာအားရ ထပ်မေးလိုက်တယ်၊၊
အဲ့ဒါကိုပဲ ထိုလူကြီးဟာ ခေါင်းမာပြီး ပါးစပ်ဟမလာလေဘူး၊၊
ဝီလီယမ်ဟာ သူ့ကို ပထမဆုံးနှိပ်စက်မေးမြန်းတဲ့သူထက် ပိုပြီး ရက်စက်ကြမ်းကြုပ်တယ်၊၊ဒီကောင်လေးက လုံးဝ နောက်မဆုတ်တဲ့အပြင် သူက ဒီလို နှိပ်စက်ရတာကို ကျေနပ်ပျော်ရွှင်တောင် ပျှော်ရွှင်နေသေးတယ်၊၊
"အော......ငါက မင်းလို ခေါင်းမာတဲ့သူတွေကို သိပ်သဘောကျတာ၊၊ဒါက ကစားရတန်တာပေါ့."
ဝီလီယမ်က စိတ်လှုပ်ရှားစွာ အားပေးလိုက်ပြီး တခြားနှိပ်စက်ပစ္စည်းတွေတင်ထားတဲ့ စင်ဆီကို သွားလိုက်တယ်၊၊
"ဟင်းး...ငါ နောက်ထပ် ဘာကို ရွေးရကောင်းမလဲ၊၊အာ...မင်း လက်သည်းတွေ ညစ်ပတ်နေတယ်မို့လား...ငါ ..သူတို့ကို သန့်ရှင်းပေးရမလား၊၊မင်း ဇာဂနာကို ကြိုက်လား၊၊ဒါမှမဟုတ် ရိုက်တံနဲ့ လုပ်ပေးစေချင်လား၊၊ငါက နှစ်မျိုးစလုံးနဲ့ ကျွမ်းကျွမ်းကျင်ကျင်ကို လုပ်တတ်တာ မင်းသိပါတယ်"
လက်ထဲမှာ ပစ္စည်းတွေကို လှည့်ပတ်ကိုင်နေတဲ့ ဝီလီယမ်ရဲ့ မျက်ဝန်းတွေထဲမှာ လုံးဝသန့်စင်တဲ့ စိတ်ကျေနပ်ပျော်ရွှင်နေမှု တောက်ပနေတာကို မြင်လိုက်ရတဲ့အခါမှာတော့ လူကြီးဟာ ကြောက်ရွံ့တုန်လှုပ်သွားခဲ့တယ်၊၊
"မဖြေဘူးလား၊၊ဒါဆို ငါ ရိုက်တံဘဲ ရွေးလိုက်တော့မယ်နော်၊၊ပိုပြီးနာကျင်ရလေ ပိုပြီးပျော်စရာကောင်းလေပဲ၊၊မင်းရဲ့ ချစ်စဖွယ်အော်သံလေးကြားရပါ့မလားဘဲ၊၊မင်းသိလား..အဲ့လို အသံတွေက ငါ့အတွက်တော့ သံစဉ်တွေလိုပဲ ဆိုတာ၊၊ဒါ့ကြောင့် ငါ့ကို မင်းအသံလေး ပေးကြားနော်"
ပြေးစရာမရှိမှန်းသိရဲ့နဲ့ နောက်ကိုဆုတ်ကာ ပြေးဖို့ ကြိုးစားနေတဲ့ လူကြီးကို လေသံအေးအေးလေးနဲ့ ပြောလိုက်ရင်း တလှမ်းချင်းစီလျှောက်သွားလိုက်တယ်၊၊
ဝီလီယမ်ဟာ ရိုက်တံနဲ့ လူကြီးရဲ့ လက်သဲတွေကို ထုမလို့လုပ်စဉ်မှာဘဲ တံခါးဖွင့်သံက ကြားဖြတ်လိုက်ပြီး သူတို့နှစ်ယောက်စလုံးရဲ့ အရိုးထဲကနေ အေးစိမ့်မှုကို ခံစားလိုက်ကြရတယ်၊၊
ဝီလီယမ်ဟာ နောက်ဆုတ်လိုက်ပြီး ဝင်လာသူရဲ့ ဘေးမှာ ရပ်လိုက်တယ်၊၊လူကြီးကတော့ ခုချိန်မှာ သူရဲ့ စစ်မေးသူမပြောင်းဖို့ရာ ဆုတောင်းမိလိုက်တော့တယ်၊၊ အင်ပါယာရဲ့ နတ်ဆိုးကြီးထံမှာတော့သေချာပေါက် မဟုတ်ပါစေနဲ့လို့ပေါ့၊၊
" မင်းက ဖြေဆေးအကြောင်း အခုထိ ထုတ်ပြောမလာသေးဘူးပဲ"နက်မှောင်ပြင်းရှတဲ့ အသံခပ်မာမာဟာ ကေဆီမီရာထွက်ပေါ်လာလာခြင်းမှာ ထွက်ပေါ်လာခဲ့တယ်၊၊
သူက ခုဒီလူတွေရှိနေတဲ့ နေရာမျိုးမှာ လုံးဝဆန့်ကျင်နိုင်ဖို့ ခက်ခဲတဲ့ ပုံရိပ်ပဲ၊၊သူက ဒီလိုမဲမှောင်ပြီး ငရဲဆန်တဲ့ နေရာမျိုးနဲ့ လုံးဝကို အံ့ဝင်ခွင်ကျဖြစ်နေခဲ့တယ်၊၊
"အေဒီရာကို တိုက်ခိုက်ဖို့ မင်းကို ဘယ်သူ စေခိုင်းခဲ့တာလဲ"
ကေဆီမီရာက အချိန်ဖြုန်းမနေဘဲ လိုရင်းကို တိုက်ရိုက်မြန်မြန်ဘဲ မေးလိုက်တယ်၊၊
လူကြီးဟာ ခုချိန်မှာ ဒီအလုပ်ကို လက်ခံခဲ့တာနဲ့ပတ်သတ်ပြီး နောင်တရနေခဲ့ပေမယ့် သူက ဆိတ်ဆိတ်ပဲနေလိုက်တယ်၊၊သူသာ ထုတ်ပြောလိုက်ရင် သူဆုံးရှုံးရမှာတွေက အများကြီးပဲ၊၊
"မင်းလူးလိုက်တဲ့ အဆိပ်အတွက် ဖြေဆေးက ဘယ်မှာရှိနေတာလဲ"
ကေဆီမီရာက နောက်တကြိမ်ထပ်မေးလိုက်ပြီး သူ့ရဲ့အေးစက်မှုတွေက ပို၍တောင်တိုးလာလေတယ်၊၊
ပြီးတော့ လူကြီးကတော့ ခေါင်းမာစွာဘဲ သူ့နှုတ်ခမ်းတွေကို တင်းတင်းစေ့ထားခဲ့တယ်၊၊
"ငါ မင်းကို နောက်တကြိမ်ထပ်မေးမယ်၊၊တကယ်လို့မှ မင်းမဖြေဘူးဆိုရင်တော့ ငါ့အနေနဲ့ မင်းရဲ့ဆွေမျိုးသားချင်း ကလေးလူကြီး တစ်ယောက်မကျန်ရှာဖွေဖမ်းဆီးပြီး တစ်ယောက်ကိုမှ ချပ်လှပ်မပေးဘဲ မင်းရှေ့မှာတင် တစ်ယောက်ချင်းသတ်ပြပေးမယ်၊၊
မင်းရဲ့ဆန္ဒအတွက် မင်းနောင်တရပြီး သူတို့အသက်တွေအတွက် မင်းနောင်တရခံစားနေစေရမယ်၊၊"
စူးရှပြီးတောက်ပေနေတဲ့ ပလက်တီနမ်မျက်ဝန်းတွေမှာ သတ်ဖြတ်လိုခြင်းတွေနဲ့ ဖုံးလွှမ်းနေလေတယ်၊၊လူကြီးမျက်နှာမှာ နောက်ဆုံးတော့ မျက်ရည်တို့ စီးကျလာခဲ့တယ်၊၊
သူ့ရဲ့နက်ရှိုင်းတဲ့အကြည့်တွေကို သူ့မျက်ဝန်းတွေကနေတဆင့် မြင်လိုက်ရတာက သူ့ရှေ့မှာတင် သူချစ်ရတဲ့ မိသားစုဝင်တွေ တစ်ယောက်ပြီး တစ်ယောက်ဟာ ဒီပထမမင်းသားရဲ့အထဲမှာ ပုန်းအောင်းနေတဲ့ ရက်စက်တဲ့ နတ်ဆိုးကြောင့် သေဆုံးရမှာကိုပင်၊၊ဒါတွေအားလုံးကလည်း သူ့လုပ်ရပ်ကြောင့်ဖြစ်နေ တယ်၊၊
"ပစ်...ပစ်မှတ်က...သခင်မလေး မ... မဟုတ်ခဲ့ဘူး၊၊ပစ်မှတ်က ..အရှင်...အရှင်မင်းသားကိုပဲ၊၊"
သူက နောက်ဆုံးတော့ ဖွင့်ဟညည်းညူလာတယ်၊၊
' လုပ်ကြံသူလား?လုပ်ရဲသေးတယ်ပေါ့လေ?'
"ဖြေဆေးကရော?"
"ကျွန်တော်....ကျွန်တော် မသိပါဘူး၊၊အရှင့်ရန်သူဆီမှာ ရှိမှာ၊၊..ပြီးတော့ အဲ့သခင်မလေး အန္တရယ်ရှိတယ်၊၊အရှင်လည်း အန္တရယ်ရှိတယ် အရှင်မင်းသား"
သူက ကေဆီမီရာကို သတိပေးလိုက်ပြီးချိန်မှာဘဲ ကေဆီမီရာဟာသူ့ရင်ဘက်အတွင်းမှ နှိုးစက်သံတခု ထွက်ပေါ်လာသလိုမျိုး ရုတ်တရက် ကျယ်လောင်တဲ့ ရိုက်ချက်တခုကို ခံစားလိုက်ရတယ်၊၊
သူက အလျင်အမြန်ဘဲ သူ့အခန်းဆီပြန်ဖို့ရာ သူ့ခြေထောက်တွေကို လှည့်လိုက်တယ်၊၊သူ့အနေနဲ့ ဘာကြောင့်မှန်းမသိပေမယ့် သူ အေဒီရာနားကိုအမြန် သွားဖို့လိုအပ်နေတယ်လို့ ခံစားနေရတယ်၊၊
သူလမ်းမှာ အကျဉ်းခန်းပေါင်းများစွာကို ကျော်ဖြတ်ခဲ့ပြီး တစ်နေရာအရောက်မှာတော့ သူကြားနိုင်စေဖို့ရာ သူ့နာမည်ကို ခေါ်တဲ့ မိန်းမတစ်ယောက် အသံကို ကြားလိုက်ရတယ်၊၊
"အရှင်မင်းသား စောင့်ပါဦး!ကျွန်မ အေဒီရာကို ကယ်နိုင်ပါတယ်"
................
ကေဆီမီရာအခန်းဘက်မှာတော့ ယောက်ျား တစ်ယောက်ရဲ့ အရိပ်တခုဟာ ခြုံထားတဲ့စောင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး နာကျင်စွာ လှဲလျောင်းနေတဲ့ သခင်မလေးအနားကို တိတ်တဆိတ်ချဉ်းကပ်နေခဲ့တယ်၊၊
သတိလစ်နေတဲ့ဘုရင်ကြီးဟာ ကြမ်းပြင်ပေါ်မှာ ခြေကားရားလက်ကားရား လဲကျနေလေတယ်၊၊အဲလက်ဇမ်းဒါးဟာလည်း သတိလစ်နေပြီး သူ့ကို မမြင်နိုင်တဲ့တစ်နေရာမှာ ထိုင်ခုံပေါ် ကြိုးတုပ်လျက်သား ဖုံးကွယ်ခံထားရလေတယ်၊၊အပြင်မှာ လှည့်လည်စောင့်ကြပ်နေတဲ့ စစ်သည်တွေဟာလည်း ဘာကိုမှ ရိပ်မိသိရှိနေခြင်းမရှိလေဘူး၊၊
အရိပ်ဟာ သူမအနားကို တိုးသွားလိုက်ပြီး သူမဘေးနားမှာ ထိုင်လိုက်တယ်၊၊
"အချစ်လေး ကိုယ်တောင်းပန်ပါတယ်၊၊ဒါပေမယ့် ဒီအင်ပါယာကပြိုလဲသွားဖို့ လိုတယ်"
သူက ချွေးတွေနဲ့ပြည့်နေတဲ့ သူမရဲ့ လှပတဲ့မျက်နှာလေးကို ကြင်နာစွာပွတ်သပ်ရင်းက တိုးတိုးလေးဆိုလိုက်တယ်၊၊
YOU ARE READING
She become a passive villainess-not(trans)
Historical FictionOriginal author-@HalloweenGodspell ပထဆုံး ဘာသာပြန်ခြင်းမို့ အမှားပါရင် နားလည်ပေးပါ ။ ဖတ်ရအဆင်မပြေဖြစ်ခဲ့ရင် ယခုဘာသာပြန်သူရဲ့ ညံ့ဖျင်းမှုပါ။မူရင်းဝတ္ထုက အလွန် ဖတ်ကောင်းပါတယ်။