"အိုး...သူမက အမတ်ငယ်ရဲ့ မွေးစားသမီး မဟုတ်လား"
ရေမီရာဟာ အမျိုးသမီးလေးတွေမှာ တွေ့ရခဲသော ဆံပင်ပန်းရောင်ကို သတိပြုမိပြီး နေရာမှာတင် အမြစ်တွယ်အောင် ရပ်နေတဲ့ အေဒီရာဘက်ကို လှည့်ပြီးမေးလိုက်တယ်။
"အေဒီရာ?"
ဘယ်လိုပဲနေနေ သူ့ညီမငယ်လေးက တုံ့ပြန်မလာဘူး။သူမက ထိုကောင်မလေး ထံမှာဘဲ မျက်စိမရွေ့ကြည့်နေခဲ့တယ်။
သူဟာ သူ့ရဲ့လွတ်နေသော လက်တဖက်နဲ့ သူမကို ဖက်ထားလိုက်ပြီး သူမအအေးဒဏ်မှ သက်သာအောင် လုပ်ပေးလိုက်တယ်။
သူ ဒီလို လုပ်လိုက်တာက ရာသီဥတုအေးတာကြောင့်လား သူမ အ၀တ်နည်းနည်းပဲ ၀တ်ထားတာကြောင့်လားဆိုတာကိုတော့ သူကိုယ်တိုင်လည်း သေချာမသိလေဘူး။သူမ ပခုံးနေရာတွေက ပြောင်ရှင်းနေတယ်။အေဒီရာရဲ့ အကိုဖြစ်သူ သူ့အတွက်တော့ ဒါကအဆင်ပြေမနေပေ။
သူရဲ့ ညင်သာစွာ လှုပ်ရှားမှုကြောင့် သူမလေးက အသိစိတ်ပြန်ကပ်လာပြီး သူ့ဘက်ကိုလှည့်ကာပြုံးပြလာတယ်။
"ညီမလေး အေးနေသလား။ညီမလေးပုံစံက ဖြူဖျော့နေတာပဲ"ရေမီရာဟာစိတ်ပူစွာနဲ့ မေးလိုက်တယ်။
သူမက ကျန်းမာသည်မှာမှန်သည်။ဒါပေမယ့် အရမ်းစိတ်ချမထားသင့်ဘူး။ငါ့ကို ကာကွယ်လွန်းသူလို့မဆိုနဲ့။ငါ့ရဲ့ အေဒီရာက ငါ့အတွက်တော့ ဘယ်သူနဲ့မှမတူဘူး။
သူမက ခေါင်းကို ညင်သာစွာခါရင်း အေဒီရာဟာ သူမအကိုဘက်ကိုလှည့်ပြီး ဖြေလိုက်တယ်။"ညီမလေး အဆင်ပြေပါတယ် အကို"ပြီးတော့ သူမဟာ သူမအနောက်မှာရှိနေတဲ့ တည်ရှိမှုလေးအပေါ်မှာ သတိပြုရင်း လှေကားကို တက်လိုက်တယ်။
အေဒီရာဟာ သူမတို့နှစ်ယောက် အသက်သိပ်မကွာဘူးဆိုတာကို မေ့ကောင်းမေ့နိုင်လိမ့်မယ်။ဒါပေမယ့် ထိုသူမလေးက သူမရဲ့နေရာကို လုယူပြီး သူမချစ်ရသူကိုပါ သူမမျက်စိရှေ့မှာတင် လုယူသွားခဲ့တာကိုတော့ ဘယ်တော့မှမေ့မှာ မဟုတ်ဘူး။သူမက သုံးပွင့်ဆိုင်ချစ်ခြင်ကြားမှာ နာကျင်ခဲ့တာကို မေ့မှာ မဟုတ်ဘူး။သူမက သူ့ရဲ့ မိန်းမ ပြီး ဘုရင်မတပါးဖြစ်ခဲ့တာတောင် ထိုသူမလေး၏ ချိုမြိန်ပြီး ချစ်စရာကောင်းတဲ့ စကားလုံးတွေအောက်မှာ သူမဟာ ဘေးဖယ်ခံခဲ့ရသည်။
တွေးကြည့်လိုက်တော့မှ ငါဘာလို့ အရေးကြီးတဲ့ အရာတခုကို မေ့နေသလိ ခံစားနေရပါလိမ့်။
အေဒီရာဟာ ရေမီရာနဲ့အတူ အခမ်းနား ကျင်းပရာ ဟောခန်းဆီ လျှောက်လမ်းရင်း တွေးနေမိတယ်။သူမဟာ အခမ်းအနားမှူးက သူတို့နာမည်ကို ကြေငြာလိုက်တာကိုရော သူမအကိုရဲ့ စိုးရိမ်နေတဲ့အကြည့်တွေကိုရောကို သတိမပြုမိခဲ့ဘူး။
နောက်ဆုံးတော့သူမက အသိပြန်ကပ်လိုက်ပြီး သူမအတွေးတွေကို နောက်ပို့ထားလိုက်တယ်။ပြီးတော့ သူမက ကိုယ်နေဟန်ထားကို ပြင်လိုက်ပြီး အားလုံးရဲ့ အကြည့်တွေအောက်မှာ သူမအကို ရေမီရာနဲ့အတူ ခန်းမထဲကို ၀င်လိုက်တယ်။တချို့ကတော့ သူမလွှဲချော်သွားမှာ တခုခု မှာယွင်းသွားမှာကို စောင့်နေကြတယ်။ ဒါပေမယ့် သူတိုဖြစ်စေချင်သလို ဖြစ်လာရင် အေဒီရာ ဘယ်ပီသပါတော့မလဲ။ထိုအစား သူမက သူ့တို့ကို ကောင်းချီးပေးဖို့ ရောက်လာတဲ့ နတ်ဘုရားမလိုမျိုး တည်ငြိမ်ပြီး နူးညံ့သိမ်မွေ့စွာနဲ့ ခန်းမအလယ်ကို လျှောက်သွားလိုက်တယ်။
သူတို့ဆီကို ရောက်တဲ့ အခါမှာတော့ အေဒီရာဟာ အေးစက်ပြီးလှပတဲ့ အပြုံးလေးနဲ့ နှုတ်ဆက်လိုက်တယ်။
"မင်္ဂလာညနေခင်းပါရှင်။သင်တို့အားလုံးနဲ့တွေ့ဆုံရလို့ ၀မ်းသာမိပါတယ်။ကျွန်မက မြို့စားမင်း ဆလယ်ဗားရစ်ရဲ့ သမီး အေဒီရာ ရေမီရာ အေရာ ဆလယ်ဗားရစ် ဖြစ်ပါတယ်"
အမျိုးသား အမျိုးသမီးတွေ တော်ဝင်မိသားစုတွေဟာ ဒီကျက်သရေရှိလှတဲ့ ပုံရိပ်လေးကို ကြည့်နေကြတယ်။
အဲ့အချိန်မှာတော့ မြို့စားမင် ဒလယ်ဗားရစ်,အိုးဆီးရစ်နဲ့ ဘုရင်းကြီးတို့ ဘေးမှာ ထိုင်နေသော မြို့စားမင်း ဆလယ်ဗားရစ်က ကျေနပ်နေတဲ့ပုံစံမျိုးနှင့် သူ၏သမီးလေးကို ကြည်နေ့လေတယ်။
"သခင်မလေး ဆလယ်ဗားရစ်ဟာ သိပ်ကိုအံ့သြဖို့ ကောင်းတဲ့ မိန်းမငယ်လေးပဲ"အိုးဆီးရစ်က အေဒီရာဟာ သူမဘေးမှာရှိနေတဲ့ လူတွေနဲ့ဆက်ဆံနေပုံကို ကြည့်ပြီး ဆိုလာတယ်။သူမက သူတို့နဲ့ ကျွမ်းဝင်စွာ ဆက်ဆံနိုင်တယ်။ဆယ့်ခြောက်နှစ်အရွယ် ကလေးမလေးတယောက်အနေနဲ့ ပတ်ဝန်းကျင် အခြေအနေကို လိုက်ပြီး ကျွမ်းဝင်စွာဆက်ဆံနိုင်ဖို့ဆိုတာ အံသြဖို့ကောင်းတယ်။အထူးသဖြင့် သူမက ကြမ်းတမ်းပြီး အသံကျယ်တဲ့ ဆေဖာလ်ရဲ့ သမီးဖြစ်နေရင်ပေါ့။
"ဟွန့် သေချာတာပေါ့။ငါ့သမီးက အံ့သြဖို့ကောင်းတာပေါ့။ပြောရရင် သူမက အံ့သြဖွယ်အကောင်းဆုံးအဲ။သူမက ကိတ်မုန့်ထပ်က ခရင်မ်တွေလိုမျိုး ခရင်မ်ထက်က ချယ်ရီသီးတွေ
လိုမျိုး သူမက အကောင်းဆုံးပဲ။"
ဒီအဖေရဲ့သူ့သမီးအပေါ်ချစ်တတ်ပုံကို ကြည့်ရင်း အိုးဆီးရစ်က သက်ပြင်းသာချနိုင်တော့တယ်။ဒီငတုံးဖခင်ကြီးက သူ့သမီးအပေါ်သင်ပြရာမှာတော့ ပြည့်စုံသားပဲ။
အစတုန်းကတော့သူဟာသမီးတစ်ယောက်ရှိရခြင်းရဲ့ကောင်းခြင်းကိုနားမလည်ခဲ့ဘူး။ဒါပေမယ့် အေဒီရာကို မြင်လိုက်တဲ့အချိန်မှာတော့ သူကိုယ်တိုင် သူမလို သမီးလေးတယောက် လိုချင်လာတယ်။
"သိပ်ဆိုးတာပဲ မင်းက ငါ့အိမ်နဲ့ စေ့စပ်ဖို့ရာ ငြင်းခဲ့တာပဲ"သူက စိတ်ဆိုးသလ်ု အဝေးကိုကြည့်ရင်း ဆိုလိုက်တယ်။
"ဒါကတော့ ...."
"သေချာတာပေါ့။သူမက ငါ့သမီးဖြစ်ဖို့ ကံပါလာမှတော့ မင်းရဲ့ စေ့စပ်ကြောင်းလမ်းခြင်းကိုငြင်းလိုက်တာ မှန်တာပေါ့။"
ဘုရင်ကြီးက လှပပြီး ချစ်စရာကောင်းသော တခြားသူတွေရဲ့ အာရုံကို ဆွဲဆောင်နေသော ကလေးမငယ်ကို ကြည့်ကာ အိုးဆီးရစ်ရဲ့ကျောပြင်ကို ပုတ်ပြီး အေဒီရာဟာ သူ၏ ချွေးမ ဖြစ်လာမည်ဖြစ်ကြောင်းရယ်မောကာပြောရင်းနဲ့ ကြွားလိုက်တယ်။
"မင်းကြီး ဒါကတော့ မတရားလုပ်တာပဲ။"အိုဆီးရစ်က ဆိုလာတယ်။
"မင်းကြီး ဒါဖြစ်ရင် သင့်သားက ကျွန်ုပ်ရဲ့ လှပတဲ့ သမီးလေးကို စေ့စပ်ရမယ့် ကံကောင်းသူလေးဖြစ်လာဖို့ သေချာပြီပေါ့လေ"
"သေချာတာပေါ့"
"ဒါဖြင့် အခု အဲ့လူရှုပ်ကလေးက ဘယ်ရောက်နေပါလိမ့်"ဆေဖာလ်ကို မင်းကြီးကို ပြုံးပြီး မေးလိုက်တယ်။ ပုံမှန်လိုသာဆိုရင် သူဟာ မထီမဲ့မြင်ဆိုမှုကြောင့် ထောင်ထဲကို အစောကတည်းက ရောက်နေလောက်ပြီ။ဒါပေမယ် သူတို့က ငယ်သူငယ်ချင်းတွေဖြစ်ပြီး တခါတရံ အများရှေ့ ဒီလိုပွဲတွေမှာတောင် ခုကဲ့သို ပြောကြဆိုကြတတ်သည်ကို အားလုံးက သိပြီးဖြစ်သည်။
"အိုးး သူရှိပါတယ်။သူက အနည်းငယ်အလုပ်ရှုပ်နေလို့ သင့်သမီးကို သွားမကြိုနိုင်တာပါ။ခုလောက်ဆို သူပြီးလောက်ပြီလို ငါထင်တယ်"
ပြီးတော့ အစီအစဉ်အတိုင်း ကပွဲဟာ စတင်ပေတော့မည်။
အေဒီရာဟာ အကအတွက် စိတ်ပူမနေဘူး။သူမဟာ အရင်ဘ၀က ထရီတန် အရှက်မရစေဖို့ရာ သူနဲ့တွဲဖက်ညီဖို့ရာ အတွက် ကြိုးစားခဲ့ရာမှ အက ကျွမ်းကျင်ပြီးသားဖြစ်သည်။
သူမ အခု စိုးရိမ်နေသည်က သူမသတို့သားလောင်းသည် အခုထိ သူမရှေ့ကို ရောက်မလာသေးခြင်းဖြစ်သည်။
သူမ အဲ့လို စိုးရိမ်နေစဉ်မှာဘဲ သူမလက်ကို တစုံတယောက်က ဆွဲကိုင်လာတယ်။
သူမက ထိတ်လန့်သွားပြီး ကျန်လက်တဖက်နဲ့ ထိုသူကို ရိုက်လိုက်တယ်။
ဘယ်နှယ့်ကြောင့် ထိုသူဟာ သူမလက်ကို ကိုင်ဖို့ထိ ရဲတင်းရပါသလဲ။
သူမဟာ ထိုသူကို လှည့်ကြည့်လိုက်တဲ့အခါမှာတော့ သူမကို အံ့သြစွာ ကြည့်နေတဲ့ ကေဆီကို တွေ့လိုက်ရတယ်။
အာ?ကေဆီ သူက ဒီမှာ?
ကေဆီဟာ တော်မျိုးတစ်ယောက်ဖြစ်သည်ကိုတော့ သူမသိသည်။ဒါပေမယ့် ဘယ်အိမ်တော်ကမှန်းတော့ သူမ မသိဘူး။သူမ သိတာ မမှားဘူးဆိုရင် ကေဆီက သူမထက်အသက်တစ်နှစ်ပိုကြီးတာကြောင့် သူ့ရဲ့ သက်ပြည့်အခမ်းအနားက လွန်ခဲ့သော တစ်နှစ်က မဟုတ်ဘူးလား။
"ကေဆီ" သူမ သူ့နာမည်ကို ခေါ်လိုက်တဲ့အခါမှာတော့ သူက ပြုံးပြလာတယ်။
"ဟယ်လို အေဒီရာ။အဆင်ပြေရဲ့လား"
"ငါအဆင်ပြေပါတယ်။ငါတောင်းပန်ပါတယ်။ငါနင်မှန်းမသိလိုက်ဘူး"အေဒီရာဟာ ခေါင်းကို အနည်းငယ်ငုံ့ပြီးတောင်းပန်လိုက်တယ်။ကေဆီရဲ့ အဆင့်အတန်းဟာ သူမထက်နိမ့်နေမည် ဖြစ်နေရင်တောင် သူမရဲ့ သတိမထားဘဲ ရိုင်းစိုင်းမှုအတွက် တောင်းပန်ရမှာပါပဲ။
"အဆင်ပြေပါတယ်။ငါက ငါ့ကိုယ်ငါ မပြောမိဘဲ လုပ်လိုက်မိတာကိုး။ဒါ ငါ့အမှားပါ"သူက ယဉ်ကျေးစွာ ပြန်ပြောလာတယ်။
"ဟုတ်တယ် နင်ဘာလို့ ရုတ်တရက်ကြီး ပေါ်လာရတာလဲ"အခုတော့ သူမဟာ ကေဆီရဲ့စိတ်အခြေအနေကိုလိုက်ပြီး ကွန်းပလိန်းတက်လိုက်တယ်။
သူက သတိမပြုမိဘဲ သူမလေးအတွက် ခယ်လ်မိုလလ်လက်ဖက်ရည်ကို အများကြီး လုပ်မိသောကြောင့် အေဒီရာကို သွားကြိုဖို့ရာနဲ့ ခန်းမအ၀င် မိတ်ဆက်ဖို့ရာ နှုတ်ကျနေခြင်းဖြစ်သည်။
"အိုးးနိုး ငါနင်နဲ့ ကစားဖို့ အချိန်မရှိသေးဘူး ကေဆီ။ငါ ငါ့ရဲ့ သတို့သားစုတ်လေးကို ရှာရဦးမယ်။ငါ့ရဲ့ သက်ပြည့်အခမ်းအနားမှာ ဘယ်လိုဖြစ်လို့ သူက ငါ့တယောက်တည်း ထားခဲ့နိုင်ရတာလဲ။ဒါ သူ့သက်ပြည့် အခမ်းအနားတုန်းက ငါမတက်နိုင်ခဲ့လို့ ငါ့ကို လက်စားချေတာပဲဖြစ်ရမယ်။သူ့ကို တွေ့လို့ကတော့ သူ့ဆံပင်တွေကို အပိုင်းပိုင်းဖြစ်အောင်လုပ်ပြီး ကတုံးဖြစ်အောင် လုပ်ပေးလိုက်မယ်။"
သူမရဲ့ စကားတွေကို နားထောင်ပြီးတဲ့ နောက်မှာတော့ ကေဆီက သူမလက်ကို ထပ်ဆွဲလိုက်တယ်။ဒီတခါမှာတော့ သူမက ငြင်းဆန်နေခြင်း မရှိတော့ဘူး။ သူက သူမကို ခန်းမအလယ် ခေါ်သွားလိုက်တယ်။
ပွဲဦးထွက်အကဟာ မင်းသားနဲ့ ကြင်ယာတော်တို့၏ အကနဲ့ စတင်မှာဖြစ်တယ်။
မင်းသားလေး၏ သက်ပြည့် အခမ်းအနားတုန်းက သူမက အပြင်းဖျားနေတာကြောင့် တက်ရောက်နိုင်ခြင်း မရှိခဲ့ပေ။သူမက ဘယ်လိုပဲနေနေ ပွဲတက်ဖို့စိတ်ကူးခဲ့ပါသေးသည်။မင်းသားကို ပွဲအလယ်မှာ တယောက်တည်း ရပ်နေစေခြင်းက မသင့်တော်ဘူး မဟုတ်ပါလား။ဒါပေမယ့် သူရဲ့ ကာကွယ်တတ်သော မိသားစုက ဆန့်ကျင်ခဲ့ကြသည်။
နေ့လည်လောက်မှာ နန်းတော်က စာပို့သမားရောက်လာပြီး အမှာပါးလာတယ်။
"မင်းသားက သင်နေကောင်းဖို့မျှော်လင့်ကြောင့် ဆိုလိုက်ပါတယ် သခင်မလေး။သခင်မလေး သူ့အတွက် စိတ်မပူဘဲ ကောင်းကောင်းအနားယူဖို့ မှာလိုက်ပါတယ်"
ငါဘယ်လိုလုပ် စိတ်မပူဘဲ နေရပါ့မလဲ။သူ့ကို ခန်းမအလယ်မှာတစ်ယောက်တည်းရပ်နေစေပြီးတော့လေ။
အေဒီရာဟာ ဖျားနာမှုကြောင့် အိပ်ရာထဲမှာဘဲ ကွေးကွေးလေးနေခဲ့ရတယ်။နှစ်ရက်နီစ်ည အပြင်းဖျားပြီးတဲ့ နောက်မှာတော့ သူမဆီကို ကေဆီဟာ အလည် ရောက်လာခဲ့တယ်။သူမ သူ့ကို သူမသက်သာပြီးဖြစ်ကြောင်း နောက်ပြီး သူမက သူမသတို့သားလောင်းရဲ့ သက်ပြည့်အခမ်းအနားကို မတတ်နိုင်သည့်အတွက် နောင်တရမိကြောင်းတွေ ပြောလိုက်တယ်။
"အာ ဆိုးတာပဲ။သူ အခုငါ့ကို မုန်းနေလောက်တယ်။ငါအဖေ့ဆီကို စေ့စပ်ပွဲအတွက် ပြန်စဉ်စားဖို့ ပြောရတော့မလား။"သူမက ဆိုဖာပေါ်မှာ လျော့ရဲစွာထိုင်ပြီး သက်ပြင်းချလိုက်တယ်။
"နေဦး ဘာလို့လဲ"ကေဆီက အထိတ်တလန့်နဲ့မေးလာတယ်။
"ဘာကြောင့်လဲ ဆိုတော့ သူငါ့ကို မုန်းနေလောက်ပြီး မို့လို့"
"သူနင့်ကို မုန်းနေမယ်လို့ ဘာလို့ ထင်တာလဲ။သူကိုယ်တိုင်က ပြောလို့လား"
"အဲ့လိုတော့ မဟုတ်ဘူး။ဒါပေမယ့် ဘယ်သူက သူ့တို့ရဲ့ သက်ပြည့်အခမ်းအနားမှာ အရှက်ရစေတဲ့သူကို အမြင်ကြည်မှာလဲ"
"ဒါဆို သူကဘာမှမပြောဘူးပေါ့။နင်က နင့်ဘာသာအတွေးများနေတာပဲ။သူနင့်ကို မုန်းချင်မှမုန်းမှာပေါ့။နင်က စေ့စပ်တဲ့ကိစ္စကို ခုလို အလွယ်တကူ ဆုံးဖြတ်လို့မရဘူးလေ"
ကေဆီပြောတာက အဓိပ္ပါယ်ရှိလေတယ်။မင်းသားဟာ သူမကို မုန်းနေသည်ဆိုဦးတော့ စေ့စပ်ပွဲကို အလွယ်တကူ ဖြတ်ပစ်ဖို့ရာကတော့ မလွယ်ကူပေ။အချိန်အတော်ယူရပေလိမ့်မည်။
"ဒါမှမဟုတ် သူက တခြားကောင်မလေးတွေဆီရောက်နေလို့ ငါနဲ့ စေ့စပ်တာကို အရေးမစိုက်တာလည်း ဖြစ်နိုင်တာပဲ"သူမ ထပ်ပြောလိုက်တဲာ အခါမှာတော့ ကေဆီဟာ သက်ပြင်းသာချနိုင်တော့တယ်။သူဟာ သူမလေးနဲ့ ခုလိုလွတ်လွတ်လပ်လပ် စကားပြောရတာကို ကြိုက်တယ်။
YOU ARE READING
She become a passive villainess-not(trans)
Historical FictionOriginal author-@HalloweenGodspell ပထဆုံး ဘာသာပြန်ခြင်းမို့ အမှားပါရင် နားလည်ပေးပါ ။ ဖတ်ရအဆင်မပြေဖြစ်ခဲ့ရင် ယခုဘာသာပြန်သူရဲ့ ညံ့ဖျင်းမှုပါ။မူရင်းဝတ္ထုက အလွန် ဖတ်ကောင်းပါတယ်။