Open the gate of the hell
အေဒီရာတို့ အပြင်ထွက်လမ်းလျှောက်တဲ့အခါမှာတော့ အကြည့်တွေဟာ သူမဆီကို စုပုံကြလာပြီး တချို့ကတော့ ရှုံ့ချသလို တီးတိုးတီးတိုးနဲ့ ပြောဆိုနေကြတယ်။သူမက သူတို့အကြည့်ကိုနားလည်လိုက်ပြီး အိုင်းရစ်ဟာ သူမ နောက်ကွယ်မှာ တခုခုလုပ်ထားပြီမှန်း ရိပ်မိလိုက်တယ်။
ငါက ဘာကြောင့် မင်းအတွက် ထင်းစထပ်ထည့်မပေးနိုင်ရမှာလဲ
"အရှင်မင်းသား"
သူမက ရုတ်တရက် အလိုလိုက်ခံရသလို ချွဲချွဲနွဲ့နွဲ့နဲ့ ခေါ်လိုက်တယ်။
"ဘာများလဲ"
ကေဆီမီရာဟာ သူမရဲ့ ဒီလိုပုံစံလေးကို ချစ်မြက်နိုးစွာနဲ့ ပြန်ဖြေလိုက်တယ်။
"ဒီမှာ အရမ်းပူတာပဲ။နွေရာသီမို့လားမသိဘူး အရမ်းပူတယ်။ကျွန်မ အေးတာလေးတခုခုကို လိုချင်လိုက်တာ"
သူမက အလိုလိုက်ခံရတဲ့ ဆလယ်ဗားရစ်ရဲ့အိမ်တော်က မင်းသမီးလေးလို ငြီးငြူပြောဆိုလိုက်တယ်။
အေဒီရာ ဘာမှထပ်ပြောစရာမလိုခင်မှာဘဲ ကေဆီမီရာဟာ အဆောင်တခုလုံးကို သူ့ရဲ့ မှော်အစွမ်းနဲ့အေးစေလိုက်ပြီး ရေခဲမှုန်လေးတွေကိုပါ ဖြစ်စေလိုက်ပြီး ဒါက အေဒီရာ အေးစေဖို့ရာ လုံလောက်လေတယ်။
"ပိုကောင်းသွားပြီလား"
"အင်း အများကြီး ပိုကောင်းသွားပြီ"
သူမက သူ့ရဲ့အမေးကို ချစ်စဖွယ်အပြုံးလေးနဲ့ပြန်ဖြေလိုက်တယ်။"မင်းတို့မြင်လား"
"သူမက ပထမမင်းသားကြင်ယာတော်ဆိုတာကို တော်တော် ဂုဏ်ယူနေတာပဲ"
"ဘယ်လောက်တောင် ရှက်ဖို့ကောင်းလဲ"
"သူမက ဘယ်လိုတောင် မင်းသားရှေ့မှာ ဟန်ဆောင်နေရဲရတာလဲ"အေဒီရာဟာ သူတို့ရဲ့ စကားတွေကြောင့် မဲ့ပြုံးပြုံးလိုက်မိတယ်။
ဖြန့်လိုက်ကြစမ်းပါ။ဒါကို စဖြန့်သူနားထဲထိရောက်ပြီး သူမ စိတ်ကျေနပ်အောင့် ဖြန့်လိုက်ကြစမ်းပါ။ကေဆီမီရာဟာ သူတို့ရဲ့စကားတွေကြောင့် သူ့မှော်အစွမ်းကြောင့်ပဲလား သူကိုယ်တိုက်ကစီလားတောင်မသိနိုင်တဲ့ အေးစက်မှုအငွေ့အသက်တွေနဲ့ ရှေ့ထွက်ဖို့ ပြင်ဆင်လိုက်စဉ်မှာဘဲ အေဒီရာက သူ့လက်ကိုဆွဲကာ တားလိုက်တယ်။
"ရှင် ကျွန်မကို ယုံတယ်မို့လား"
ကေဆီမီရာက သူမမေးခွန်းကို ခေါင်းငြိမ့်ပြလိုက်တယ်။
'ကိုယ့်နှလုံးသားတခုလုံးနဲ့ပါ'
"ဒါတွေနဲ့ ပတ်သတ်ပြီး ကျွန်မပဲ ဖြေရှင်းပါရစေ။အားလုံးအဆင်ပြေသွားမှာပါ"
သူမက ပြောလိုက်ပြီး သူတို့ရဲ့ မူရင်းရည်ရွယ်ချက်အတိုင်း ဟေဇယ်ဆီသွားဖို့ လုပ်လိုက်တယ်။
"ကိုယ်သူတို့ကို မင်းအကြောင်း ဒီလို ပြောခွင့်မပြုနိုက်ဘူး"
ကေဆီမီရာအနေနဲ့ သူ့ဂုဏ်သတင်းကို ဂရုမစိုက်ပေမယ့် သူတို့ကောင်းကောင်း အသက်ရှင်ချင်ရင်တော့ အေဒီရာ့နာမည်ကို မထိသင့်ကြောင်း အသိပေးသတိပေးချင်တယ်။
"ကျွန်မနားမှာဘဲ ရှင်ချောနေမြဲချောပြီးနေပါ။ဒါဆို ပြည့်စုံနေပါပြီ"
သူမက ချစ်စရာကောင်းစွာ မျက်စိတဖိတ်မှိတ်ပြကာ ပြောလိုက်ပြီး ဒီနတ်ဆိုးကို စိတ်ပြေစေလိုက်တယ်။
ဒီလူတွေနဲ့ ပတ်သတ်လို့ကတော့ မြေပဲကိုထုဖို့ရာ သံတူကို သုံးဖို့မှ မလိုဘဲလေ မဟုတ်ဘူးလား။
...............
သူမနဲ့ ကေဆီမီရာတို့ အခန်းရောက်လာတဲ့အခါမှာတော့ လီဖာက သူတို့ကိုနှုတ်ဆက်လာတယ်။
"အိုးးသခင်မလေး ဧည့်သည်တစ်ယောက်က ဧည့်ခန်းမှာ စောင့်နေပါတယ်"
"ဧည့်သည်?ဘယ်သူများလဲ?"
အေဒီရာက ခေါင်းငြိမ့်ပြလိုက်ပြီး ကေဆီမီရာကို အရင် ဟေဇယ်ကိုသွားကြည့်ဖို့ရာ အရိပ်အခြေပြလိုက်ပြီး သူမကတော့ မဖိတ်ခေါ်ထားတဲ့ဧည့်သည်အတွက်လုပ်ဖို့ ပြင်လိုက်တယ်။
ကေဆီမီရာက လှေကားတဝက်မရောက်ခင်မှာဘဲ လီဖာရဲ့ သူမကြားနိုင်အောင် တိုးတိုးလေးပြောတဲ့အသံကို ကြားလိုက်ရတယ်။
"ယောက်ျားလေးတစ်ယောက်ပဲ သခင်မလေး"
သူက သူ့တို့ဘက်ကို ပြန်လှည့်ကြည့်လိုက်ပြီး သူ့ရဲ့ ပလက်တီနမ်မျက်လုံးတွေဟာ အေးစက်နေတယ်။သူ့ရဲ့လက်က လှေကားလက်ရမ်းကို ဆုပ်ကိုင်ထားပြီး သစ်သားက ကြိုးတော့မလိုတောင် ထင်နေရတယ်။
မိန်းကလေးနှစ်ယောက်က ကေဆီမီရာရဲ့ အခြေအနေကို နောက်ပြန်လှည့်ကြည့်ဖို့မလိုဘဲ အေးစက်နေတဲ့လေထုကတင် အခြေအနေမကောင်းဘူးဆိုတာကို သက်သေပြနေလေတယ်။
"ဘာ...ဘာ..ပြောလိုက်တာလဲ လီဖာ။ဘာလို့ အဲ့လူက ရောက်နေတာလဲ။ငါ.....ငါ..သူ...သူ့ကိုသိလား။သူ့ နာမည်က ဘာ...ဘာတဲ့လဲ"
"မ....မ..သိဘူး သခင်မလေး။သူ..သူက သခင်မလေးကို အံ့...အံ့..သြအောင်လုပ်ချင်လို့တဲ့"
' အို ဘုရားသခင် အရှင်မင်းသားက ဒါကိုကြားမှာဘဲ။သူ့နားက ဘယ်လောက်တောင်လျင်လိုက်သလဲ။ကျေးဇူပြုပြီး ဗုဒ္ဓဘုရား၊အာလာအရှင်၊ဂျီးဆပ်၊ဇူးစ် ဘယ်ဘုရားရှင် ကြားကြား ကြားတဲ့အရှင် ကျွန်မတို့ ဝိဉာဉ်တွေကို ကယ်တင်စောင့်ရှောက်ပေးပါ'
YOU ARE READING
She become a passive villainess-not(trans)
Historical FictionOriginal author-@HalloweenGodspell ပထဆုံး ဘာသာပြန်ခြင်းမို့ အမှားပါရင် နားလည်ပေးပါ ။ ဖတ်ရအဆင်မပြေဖြစ်ခဲ့ရင် ယခုဘာသာပြန်သူရဲ့ ညံ့ဖျင်းမှုပါ။မူရင်းဝတ္ထုက အလွန် ဖတ်ကောင်းပါတယ်။