Bother only me
အေဒီရာဟာ သူ့ရင်ခွင်ထဲမှာ အနားယူရင်း သက်ပြင်းတချက်ချလိုက်ကာ သူ့စကားတွေကို သေချာနားထောင်ရင်း စိတ်ကိုဖြေလျော့လိုက်တယ်။မဟုတ်ရင်သူမသူ့အပေါ် မီးလောင်ရာဖြစ်စေမိတော့မှာပင်။
သူမအပူချိန်ကိုအခုမှသတိရကာ အေဒီရာဟာ သူ့ကို အလျင်အမြန်ဘဲ တွန်းထုတ်လိုက်ပြီး သူ့ကိုယ်ပေါ်မှာ လောင်ကျွမ်းရာရှိနေခြင်းရှိမရှိစစ်ဆေးလိုက်တယ်။
သူမက သဝန်အတိုလွန်ပြီး ဆေးခတ်ခံရပြီးချိန်ကစပြီး သူမ စိတ်တိုလွယ်တဲ့အခါ သူမအပူချိန်ကို ကောင်းကောင်းမထိန်းချုပ်သေးတာကို မေ့သွားခဲ့တာ။
ကေဆီမီရာဟာ အေဒီရာရဲ့ပြင်းထန်စွာသူ့ကို တွန်းထုတ်လိုက်မှုကြောင့် စိတ်ရှုပ်သွားပြီး သူမကို စိတ်ဆိုးနေဆဲဟုထင်ကာ ကြည့်လိုက်တယ်။သူမက သူ့ကိုယ်ပေါ်က တစုံတခုရှာဖွေနေတာကို တွေ့လိုက်ရတယ်။
"ဘာဖြစ်လို့လဲ"
"ကျွန်..ကျွန်မတောင်းပန်ပါတယ်။ကျွန်မရှင့်ကို လောင်ကျွမ်းစေမိသေးလား။ကျွန်မ အခုတလော အပူချိန်ကို ကောင်းကောင်းမထိန်ချုပ်နိုင်သေးဘူး ဒါကြောင့် တခါတလေ တခုခုကို လောင်ကျွမ်းစေမိတာတွေရှိတယ်။ကျွန်မရှင့်ကို နာကျင်စေမိပြီလား?ကျွန်မရှင့်ကို မီးလောင်ကျွမ်းစေခဲ့လား?ပြောပါဦး ကေဆီမီရာ။ကျွန်မကို ဖြေဦး!ကျွန်မကို စိုက်ကြည့်မနေနဲ့တော့!"
ကေဆီမီရာဟာ သူမလေးရဲ့သူ့အပေါ်စိုးရိမ်နေတာကို ထုတ်ပြောလာမှုကြောင့် မတတ်နိုင်စွာဘဲ သူ့ပေါင်ပေါ်မှာထိုင်နေဆဲဖြစ်တဲ့သူမရဲ့ နှုတ်ခမ်းပေါ်ကို ညင်ညင်သာသာနဲ့အနမ်းတပွင့်ခြွေလိုက်တယ်။
သူက သူမကို သူမလေးက သူမ မမြင်ဖူးသော မသိသောထိုမင်းသမီးနဲ့စာရင် သူမက ဘယ်လိုယဉ်လို့မရကြောင်း ရှည်လျားစွာ ပြောဆိုပြစ်တင်နေမှုတွေ စိတ်ရှုပ်မှုတွေဖြစ်နေဆဲမှာဘဲ သူ့ပေါ်ကို ဆွဲထိုင်စေခဲ့တာဖြစ်သည်။ဒါကို သူမက ခုထိသတိမထားမိတာပင်။
အင်းးးခုချိနိထိပေါ့။
အေဒီရာဟာ ရုတ်တရက်ဘဲ ထရပ်လိုက်ပြီး သူမကိုယ်က ရဲရဲတောက် ပူလောင်လာတာကြောင့် ဟေဇယ်ဆီကိုပြေးသွားလိုက်ကာ သူ့တောင်ပံအောက်မှာ ပုံးခိုနေလိုက်တယ်။
ကေဆီမီရာက သူတို့နားကိုကပ်သွားလိုက်ပေမယ့် ဟေဇယ်ဟာ ကျန်တဲ့တောင်ပံတစ်ဖက်ဖြင့် သူ့ကို တားထားလေတယ်။
"ဟေဇယ်?အဖေက မင်းအမေကို နာကျင်အောင် မလုပ်ပါဘူး။အဖေ သူမအခြေအနေကို ကြည့်ချင်ရုံပါ"
"ကျေးဇူးပြုပြီး မလာပါနဲ့"
အေဒီရာက အနေရခက် ရှက်ရွံ့စွာနဲ့ ပြန်ဖြေလိုက်ပြီး လည်ချောင်းရှင်းကာ ထပ်ပြောလိုက်တယ်။
"ဒီတိုင်းးးးကျွန်မကိုယ် ကျွန်မ စုစည်းပါရစေ"
"မင်း အဆင်ပြေရဲ့လား"
"အင်း ကျွန်မအဆင်ပြေပါတယ်။ကျွန်မ အပူချိန်ကို ခံနိုင်တာ ဟေဇယ်တစ်ယောက်ပဲရှိတာ။ကျွန်မကို မိနစ်အနည်းငယ်ပေးပါ။ကျွန်မ အဆင်ပြေသွားမှာပါ။
'အာ..သူမက ငါထိခိုက်မိမှာကို စိုရိမ်နေတာလား'
"အဖေကို ဖြတ်ခွင့်ပေး ဟေဇယ်။ငါ မင်းအမေကို ထိခိုက်အောင်မလုပ်သလို မင်းအမေကလည်း အဖေ့ကို မထိခိုက်စေပါဘူး"
သူက သူ့သားကို ချော့မော့ကာသံသယပျောက်စေခါမှ နဂါးလေးက သူ့တောင်ပံကို ရုတ်သိမ်းပေးပြီး သူမအနားကို သွားစေလေတယ်။
ကေဆီမီရာက တောင်ပံကို ဖွင့်ဝင်လိုက်တဲ့အခါမှာတော့ အပူလွန်တာကို ထိန်းဖို့နဲ့ သူမရဲ့နီရဲနေတဲ့မျက်နှာကို ဖုံးအုပ်ဖို့ရာ ကြိုးစားရင်းနဲ့ ထိုင်နေရှာတဲ့ သူရဲ့ဇနီးငယ်လေးကို တွေ့လိုက်ရတယ်။
သူက ပြုံးလိုက်ကာ သူမကို ထဖို့ရာထူလိုက်ပြီး သူ့ရင်ခွင်ထဲကို နောက်တစ်ကြိမ်ဆွဲသွင်းလိုက်တယ်။သူမလေးက သူ့ရင်ခွင်ထဲ ပုံးခိုနေမှသာ သူ့အနေနဲ့ သက်တောင့်သက်သာရှိပြီး စိတ်သာရာရသလိုခံစားရလေတယ်။ဒါက သူမအတွက်တင်မဟုတ် သူ့အတွက်ပါ ဖြစ်သည်။
"ဒါက အဆင်ပြေပါတယ်။မင်းရဲ့မီးက ကိုယ့်ကို မထိခိုက်စေပါဘူး။ဘယ်တော့မှ"
"ကျွန်မတောင်းပန်ပါတယ်။ကျွန်မဒါကို ခုနောက်ပိုင်း ကာင်းကောင်းမထိန်းချုပ်နိုင်ပဲ ပေါက်ကွဲထွက်တော့မလို ခံစားနေရတယ်။ကျွန်မ အခုအပူလုံးကြီးဖြစ်နေမှာပဲ။ကျွန်မတောင်းပန်ပါတယ် ကေဆီ"
"မင်းကိုယ့်ကို မင်းစိတ်ရှိသလောက် အနှောင့်အယှက်ပြုနိုင်ပါတယ်။ကိုယ့်တစ်ယောက်တည်းကိုပဲ အနှောင့်အယှက်ပေးပါ။ဒုက္ခပေးပါ။တခြားဘယ်သု့ကိုမှ မျှဝေမပေးလိုက်ပါနဲ"
'ငါ လီယွန်ကို အသုံးချပြီး ဒီလိုတွေဖြစ်လာစေတဲ့သူကို ရှာတွေ့ရင် ငါ သူ့တို့ကို ဒီအင်ပါယာအတွင်း ခြေချစရာမရှိဖြစ်အောင် လုပ်ပစ်မယ်'
သူက သူ့နှလုံးသားထဲကနေ သစ္စာဆိုလိုက်ပြီး သူမလေးကို ပိုမိုတင်းကျပ်စွာဖက်ထားလိုက်တယ်။သူ သူမလေး ဟေဇယ်နဲ့သူမအပူချိန်ကို ထိနိးချုပ်နေတာကို သတိထားမိပြီး သူမအပူချိန်က မတည်မငြိမ်ဖြစ်နေသေးတာကို ခံစားမိတယ်။
သူက သူမဖျားနေတယ်လို သတိထားမိလောက်အောင်ထိ သူမအပူချိန်တွေမြင့်တတ်နေတဲ့အချိန်တွေရှိခဲ့ပေမယ့် သူမပုံစံက အဆင်ပြေနေတာကြောင့် သူက ဒီအတိုင်းပဲ သူမကို စောင့်ကြည့်နေခဲ့တာဖြစ်သည်။
အခုတော့ သူမကိုယ်တိုင် ဖွင့်ပြောလာလေပြီ။သူမက ဒါကို ထိန်းထားဖို့ ပြဿနာတတ်နေတာဖြစ်သည်။
"ရှင်..အခု ကျွန်မ အခန်းထဲမှာဆိုတာ သိတယ်မို့လား"
အေဒီရာက မေးလာတဲ့အခါမှာတော့ ကေဆီက အင်း တချက်ပေး ဖြေလိုက်တယ်။
"ဒါဆို ရှင် အခု ကျွန်မပိုင်နက်ထဲမှာ အနမ်းတခုခိုးယူသွားချိန်မှာ ကျွန်မအဖေ ရုတ်တရက်ရောက်လာပြီး ရှင့်ကို အပိုင်းပိုင်းဖြစ်အောင် လုပ်နိုင်တယ်ဆိုတာရော ရှင်သိရဲ့လား"
ကေဆီမီရာက တချက်ရယ်လိုက်ပြီး သူမပြောတာကို ထောက်ခံလိုက်တယ်။ဆေလ်ဖာအနေနဲ့ သူက မင်းသားတစ်ပါးဖြစ်နေပါစေ သူ့ရဲ့ ချစ်လှစွာသော သမီးလေးနဲ့ပတ်သတ်လာရင်တော့ ဘယ်သူမှ မတားနိုင်ဘဲ အားလုံးကို အေးခဲပစ်စေမှာပင်။
..........
ကေဆီမီရာအနေနဲ့ ညမှာပါနေဖို့ စီစဉ်ထားပေမယ့် ယောက္ခထီးဖြစ်သူ၏ မြို့တော်တွင် ဧည့်သည်များအတွက် တချို့အရာတွေ စီစဉ်နိုင်စေရန်ဟုဆိုကာ နှင်ထုတ်ခြင်းကိုခံလိုက်ရလေတယ်။
သူ့အား အေဒီရာက တိုင်းပြည်အရေးနှင့် လေးစားသမှုကြောင့် အင်ပါယာအနှံ့ ထိုမင်းသမီးကို ပြသဖိုဖို့ ခွင့်ပြုပေးလိုက်သော်လည်း သူ့အနေနဲ့ သူမလေး တစ်ကိုယ်ကောင်းဆန်စွာ ထိုမင်းသမီးကို မတွေ့အောင် တာဆီးစေချင်မိခဲ့တယ်။
"သူမ ငါ့ကို တခါတလေ တစ်ကိုယ်ကောင်းဆန်စွာ ချုပ်ချယ်သင့်တာ။သူမလေးက အဲ့လိုလုပ်မယ့်သူမဟုတ်ပေမယ့်ပေါ့"
သူက သက်ပြင်းချရင်းက ပြုံးလိုက်လေတယ်။
မြို့စားကြီးဆလယ်ဗားရသ်၏ ဒေါသတကြီး ဖုန်းခေါ်လာမှုကြောင့် မင်းသားအား လာခေါ်ယူရသော ရိုမန်ကတော့ သူ၏မင်းသားဖြစ်သူကို မယုံကြည်နိုင်ဖွယ်ကြည့်လိုက်တယ်။သူ့အနေနဲ့ ဒီမင်းသားဟာ သခင်မလေးအေဒီရာကို သူ့နည်လမ်းတွေနဲ့ သခင်မလေးဘဝထဲဝင်ရောက်နိုင်အောင် ဘယ်လိုများစီမံခဲ့လည်းဆိုတာ သိချင်မိလေတယ်။
သူက တွေးရင်း ခေါင်းကိုသာ ယမ်းလိုက်မိတယ်။
"အရှင်မင်းသား အဲလက်ဇမ်းဒါးက လီယွန်နဲ့ပတ်သတ်ပြီး တင်ပြလာပါတယ်။လီယွန်က ကောင်းမွန်စွာ လုပ်ဆောင်နေပြီး ဘယ်သူနဲ့မှ ဘာအကြောင်းကြောင့်မှ တွေ့ဆုံခြင်းမရှိဘူးလို့ပြောလာပါတယ်။သူက ခုနောက်ပိုင်း သူ့ကိုယ်သူထိန်းချုပ်ပြီး သူ့အမှားကို သုံးသပ်ဆင်ခြင်နေဟန်တူပါတယ်။ကျွန်တော့်အနေနဲ့ အခုထိ သူ့ကို သခင်မလေးအေဒီရာ့လက်အောက်မှာ ထားတာက အကြံကောင်းမဟုတ်ဘူးလို့တွေးမိပါတယ်။သူက သူမကို တစ်ကြိမ်ထိခိုက်စေမိပြီးပြီ။အရှင့်သားအနေနဲ့ သခင်မလေးအေဒီရာ သူ့ကို စွန့်လွတ်ပြီး သူလုပ်ခဲ့တဲ့အပြစ်အတွက် အပြစ်ပေးနိုင်မယ့် နည်းလမ်းနောက်တခု မရှိဘူးလား"
ရိုမန်ဟာ အနာဂတ်ရဲ့ဘုရင်မ အေဒီရာရဲ့ သက်တော်စောင့်ဖြစ်နေသော လီယွန်နဲ့ပတ်သတ်ပြီး စိုးရိမ်စွာ သူ့အတွေးတွေကို ထုတ်ပြောလိုက်တယ်။
သူ့ကို မင်းသားက လီယွန်အမှုနဲ့ပတ်သတ်ပြီး အတိုချုပ်ပြောပြတုန်းက သူ့မှာ စဉ်းစားသွားခဲ့ရပြီး အေဒီရာက သူ့ကို သူမကိုယ်ရံတော်အဖြစ်တောင်းချိန်မှာတော့ ပိုပြီး စဉ်းစားခဲ့ရတယ်။
"နောက် ဒါမှမဟုတ် မကြာခင်မှာတော့ အဲ့လူက လီယွန်ကို ဆက်သွယ်ဖို့ ကြိုးစားလာမှာဘဲ။ဒီတကြိမ်တော့ ငါသူတို့ကို အလွတ်မပေးတော့ဘူး"
"လက်တီဖိုလီရာတွေကို ဘယ်လိုလုပ်ပါမလဲ"
"ငါတို့ သူတိုနဲ့လည်း ဖြေရှင်းရမယ်။သူတို့က ငါ သူတို့သမီးကို လစ်လျူရှုဖို့ ဆုံးဖြတ်လိုက်ကတည်းက မျက်စိဆံပင်မွှေးစူးစရာဖြစ်နေတယ်။အခု သူမက သူမရည်ရွယ်ချက်ကို ထုတ်ပြလာပြီဆိုမှတော့ ငါ သုမကို ငါမြင်နိုင်တဲ့ ဘယ်နေရာမှမဆို မမြင်ချင်ဘူး"
ရိုမန်ဟာ မင်းသားရဲ့လျင်မြန်စွာ ဖုံးကွယ်လိုက်တဲ့ အေးစက်လှတဲ့အရိပ်ကို တွေ့လိုက်ရတယ်။သူ့အနေနဲ့ လက်တီဖိုလီရာတွေရဲ့ဝိဉာဉ်တွေအား သူတို့နောက်ကြုံလာရမယ့်အရာတွေအတွက် အမွေးတိုင်ထွန်း ဆုတောင်းပေးလိုက်မိတော့တယ်။
"ဟုတ်ပါပြီ။မိန်းမဖြစ်သူက မကြိုက်ဘူးမို့လား"
ရိုမန်ဟာ မင်းသားအား စိတ်ပြောင်းစေရန် အေဒီရာကို မသုံးချလိုက်တဲ့အခါမှာတော့ အောင်မြင်စွာဘဲ မင်းသားရဲ့မျက်နှာပေါ်မှာ နွေဦးကိုရောက်ရှိသွားသလို နွေးထွေးမှုအပြည့်ဖြင့် အပြုံးတစ်ပွင့် ဖြစ်တည်လာလေတယ်။
"ဟုတ်တယ်။မိန်းမဖြစ်သူက မကြိုက်လို့"
'အိုး ကောင်ကင်ဘုံကြီးရေ ဒီနတ်ဆိုးကို ထိန်းချုပ်နိုင်တဲ့ သခင်မလေးအေဒီရာကို ကျွန်တော်တို့ဆီ ပို့ဆောင်ပေးလို့ ကျေးဇူးပါပဲ'
ရိုမန်ဟာ သူ့လက်နှစ်ဖက်ကို တိတ်တိလေးကလေး ဆုပ်လိုက်ပြီး နတ်ဘုရားတွေကို ကျေးဇူးတင်လိုက်တယ်။သူ့ရဲ့ ထိုအမူအရာကို မျက်လုံးထောင့်ကနေ မြင်လိုက်ရတဲ့ ကေဆီမီရာဟာ မျက်ခုံးပင့်ရင်း မေးလာခဲ့တယ်။
"မင်း ဘာလုပ်နေတာလဲ"
"အိုးးးဘာမှမဟုတ်ရပါဘူး အရှင်မင်းသား။ကျွန်တော်က မင်းသားလေးနဲ့ အဲ့နေ့က ဝင်တိုက်မိတာ သခင်မလေး အေဒီရာအနေနဲ့ ကံကောင်းတာပဲလို့ တွေးမိလို့ပါ"
ရိုမန်က မင်းသားငယ်ရဲ့ဂုဏ်ကို မြင့်တင်လိုစွာ သူ့ကို မြှောက်ပြောလိုက်တယ်။မင်းသားလေးလိုမျိုး အေးစက်တဲ့သူကို ဘယ်လို စိတ်ပျော်အောင် ချီးကျူးရမယ်ဆိုတဲ့ ကြိုးတစ်ချောင်းကို ဆွဲမိသလို ခံစားရပြီးပေါ့။
ကေဆီမီရာဟာ အဝေးကို ပြန်ကြည့်ရင်းက သူ့ကို သရော်ဟန်ပြုလိုက်တယ်။နောက်တော့ သူက ရိုမန်ကို တလက်လက်တောက်ပနေတဲ့မျက်လုံးတွေနဲ့ကြည့်လာပြီး အပြုံးတခုနဲ့ ပြောလာခဲ့တယ်။
"မဟုတ်ဘူး။ငါကသာ ကံကောင်းတာ"
ကြည့်ရတာ ရိုမန်က မင်းသားငယ်ကို ကိုင်တွယ်တဲ့နေရာမှာ အေဒီရာလယ်ဗယ်ကို ရောက်ဖို့ အဝေးကြီးလိုနေသေးဟန်ပါပဲ။
*************
![](https://img.wattpad.com/cover/274392649-288-k235302.jpg)
YOU ARE READING
She become a passive villainess-not(trans)
Historical FictionOriginal author-@HalloweenGodspell ပထဆုံး ဘာသာပြန်ခြင်းမို့ အမှားပါရင် နားလည်ပေးပါ ။ ဖတ်ရအဆင်မပြေဖြစ်ခဲ့ရင် ယခုဘာသာပြန်သူရဲ့ ညံ့ဖျင်းမှုပါ။မူရင်းဝတ္ထုက အလွန် ဖတ်ကောင်းပါတယ်။