အိမ်ရှေ့စံမင်းသား
"မင်း အဆင်ပြေရဲ့လား။ကိုယ်မင်းကို ဒီလို ထိတ်လန့်စေမိလို့ တောင်းပန်ပါတယ်။"
အာ..ငါတို့ စတွေ့စဉ်ကလိုပဲ ငါလုပ်မိတဲ့အမှားအတွက် သူက တောင်းပန်နေပြန်ပြီ။
"ကျွန်မ...ကျွန်မ အဆင်ပြေပါတယ် မင်းသား"သူမက တိုးတိုးလေးပြောပြီး လှည့်ထွက်ဖို့ လုပ်လိုက်တယ်။
ကေဆီဟာ သူမထက် မျိုးရိုးမြင့်သော အနည်းထဲက လူတွေထဲမှ တယောက်ဖြစ်ပြီး အိမ်ရှေ့စံဖြစ်နေသည်ကို မယုံနိုင်သေးဘူး။
သူမက သူ့ရှေ့မှာ ဖြစ်သလိုနေ ဖြစ်သလို ပြောခဲ့တာတွေကို မြင်ယောင်မိရင်းတွေးလိုက်မိတယ်။
ဘယ်လောက်တောင် ရှက်ဖို့ကောင်းလဲ အေဒီရာ။
"ဒါက မင်းကို ငါ ပြောပြဖို့ တွန့်ဆုတ်နေရတဲ့ အကြောင်းပဲ"ကေဆီမီရာဟာ သူမလက်ကို ငြင်သာစွာ ဆွဲလိုက်ပြီး သူမမျက်နှာကို ကြည့်ပြီး တိုးတိုးလေး ပြောတယ်။
သူမရဲ့နားနားမှာ ကပ်ပြီးပြောလိုက်တဲ့ သူ့အသံအေးအေးကြောင့်သူမဟာ ခဏ ရင်တုန်သွားပြီး သူ့ကို လှည့်ကြည့်လိုက်တယ်။
တွန့်ဆုတ်နေရတဲ့လအကြောင်း?
သူမရဲ့ ရှုပ်ထွေးနေတဲ့ မျက်နှာကို မြင်တဲ့အခါ သူက ဆက်ပြောလာတယ်။"ကိုယ် မင်းကို ကိုယ်နဲ့ ကွာဝေးနေသလိုမခံစားရစေချင်ဘူး။ကိုယ့်ကို မင်းသားတစ်ယောက်အနေနဲ့ မဟုတ်ဘဲ ကေဆီမီရာလို့ပဲ မြင်စေချင်တယ်။ကိုယ် မင်းခေါ်တဲ့ ကေဆီ ဆိုတဲ့ နာမည်ကိုလည်း ကြိုက်တယ်။"
သံစဉ်စတင်လာတဲ့အခါမှာ သူက သူမကို အကထဲကို ဦးဆောင်ခေါ်ရင်း အပြုံးလေးနဲ့ ဆက်ပြောလာတယ်။"ဒါကြောင့် မင်းကိုယ့်ကို အရှင်မင်းသားလို့ မခေါ်စေချင်ဘူး။အရင်ကခေါ်သလို ကေဆီလို့ပဲ ခေါ်စေချင်တယ်"
"ဒါပေမယ့် မင်းသား ဒါက မသင့်တော်ဘူးလေ"သူမဟာ သူရဲ့ လှုပ်ရှားမှုအတိုင်း လိုက်ကရင်းက ဆိုလိုက်တယ်။
"well မင်းက အမြဲခေါင်းမာတာပဲ"
ကေဆီမီရာဟာ စကားပြောပြီးတဲ့နောက် အကမှာဘဲ အာရုံစိုက်ထားလိုက်တယ်။လှပသော မိန်းမငယ်လေးကို ရင်ခွင်ထဲမှာထည့်ထားရင်း ကရတဲ့ စိတ်ကူးယဉ်ဆန်တဲ့ အချိန်လေးကို တန်ဖိုးထားစွာနဲ့ပေါ့။
အေဒီရာဟာလည်း အတူတူပဲဖြစ်သည်။သို့ငေါ် ကေဆီရဲ့ စကားတွေဟာ သူမကို စိတ်လှုပ်ရှားစေတာကြောင့် သူမာ အတွေးလွန်ပြီး ဘေးကို လဲကျမလို ဖြစ်သွားခဲ့တယ်။ဒါပေမယ့် အချိန်မှီစွာပဲ ကေဆီဟာ သူမခါးကို ပွေ့ဖက်ပြီး တစ်ပတ်လှည့်လိုက်တယ်။သူတို့နှစ်ယောက်ဟာ မှော်ဆန်ပြီး ကြီးမြတ်တဲ့ ပန်းချီဆရာတယောက် ဖန်တီးထားတဲ့ ပန်းချီကားထဲက ထွက်လာသလိုမျိုး လိုက်ဖက်ညီနေခဲ့တယ်။
ကကွက်အနည်းငယ်ကပြီး သီချင်းဆုံးတဲ့အခါမှာတော့ ကေဆီမီရာဟာ မင်းသားတို့ရဲ့ ဟန်ပန်နဲ့အညီ အေဒီရာကို ဦးညွှတ်လိုက်တယ်။အေဒီရာဟာလည်း မင်းသားငယ်ကို ကိုယ်ကိုနှိမ့်ကာ ဦးညွှတ်လိုက်တယ်။ကေဆီမီရာဟာ အေဒီရာထဖို့ လက်ကမ်းပေးလိုက်တယ်။ဒါဟာ သူတို့နှစ်ယောက် စတွေ့စဉ်ကလိုပါပဲ။သူ့ကို စိုက်ကြည့်နေခဲ့တဲ့ သခင်မငယ်လေးကို လက်ကမ်းပေးခဲ့စဉ်ကလိုပေါ့။ခုတော့ အေဒီရာ အလှကြီးလှလာပြီး သူမအပြုံးဟာ ယောက်ျားအားလုံးကို သရေကျစေခဲ့တယ်။
သူမ ထရပ်ပြီးပြီးချင်းမှာပဲ သူမဟာ ကေဆီမီရာကို တိုးတိုးလေးနဲ့ ညက်သာစွာ မေးလိုက်တယ်။"ဒါပေမယ့် ရှင်စိတ်မရှိဘူးဆိုရင် ကျွန်မတို့နှစ်ယောက်ပဲ ရှိတဲ့အချိန်ကျရင် ကေဆီလို့ပဲ ခေါ်မယ်လေ"
သူမအပြောကြောင့် ကေဆီဟာ မြင်ရခဲသော အပြုံးနဲ့ သူမကို ပြုံးကြည့်လာတယ်။
ထို အပြုံးက သိပ်ကို အင်အားကြီးလွန်းတယ်။အေဒီရာကို မနာလိုတဲ့ မိန်းကလေးတွေရဲ့ ရင်ထဲကို မြှားးနှစ်စင်းသုံးစက်း ၀င်ရောက်သွားနေလောက်ပြီ။ခုချိန်က စပြီး ငါ့နောက်ကျောကို ဂရုစိုက်မှ ဖြစ်တော့မယ်။
ပထမဆုံးအက ပြီးတဲ့နောက်မှာတော့ တခြားသော တော်ဝင် မျိုးနွယ်တွေဟာ သူတို့ရဲ့ အသီးသီးသော တွဲဖက်တွေနဲ့အတူ ကပွဲစဉ်ကို နေရာယူလိုက်ကြတယ်။ အေဒီရာကတော့ သူမခြေထောက်ကို အနားယူပေးဖို့ရာ အတွက် ထောင့်တစ်နေရာမှာ ထိုင်နေလိုက်တယ်။
သူမရဲ့ မျက်လုံးထောင့်စွန်းကနေ တက်ကြွပြီး ချစ်စရာကောင်းသော ဟန်ပန်တွေနဲ့ ပန်းရောင်ဆံပင်ရှိတဲ့ မိန်းမငယ်လေးကို လှမ်းမြင်လိုက်တယ်။ထိုသူမလေးဟာ သူမအတွက် ရေသွားယူပေးနေတဲ့ ကေဆီမီရာဆီကို လျှောက်သွားပြီးဘနှုတ်ဆက်နေခဲ့တယ်။ဒါပေမဟ့် မင်းသားငယ်ဟာ အသိအမှတ်ပြုရုံ ခေါင်းတချက်သာ ငြိမ့်ပြပြီး အေဒီရာ ရှိတဲ့ဆီကိုပဲ လျှောက်လာနေခဲ့တယ်။
သူတို့တွေကို ကြည့်ရင်း အေဒီရာဟာ စိတ်လှုပ်ရှားလာခဲ့တယ်။ဒါဟာ သ၀န်တိုမှုတွေ ဘာကြောင့်တွေမှမဟုတ်ဘဲ ထိုသူမလေးကို တွေ့တိုင်း ထိုသို့ ခံစားနေရခြင်းသာ ဖြစ်သည်။
"ဘာဖြစ်လို့လဲ"ကေဆီဟာ အနားရောက်လာပြီး သူမအမူအရာကြောင့် မေးလိုက်တယ်။
"ဘာ ...ဘာမှ မဟုတ်ပါဘူး"သူမက ပြန်ဖြေလိုက်ပြီး အပြင်ပန်းမှာတော့ လှပသလိုရှိပေမယ့် တကယ်တော့ ကောက်ကျစ်လှတဲ့ ထိုမိန်းကလေးအပေါ်မှာဘဲ အကြည့်တွေကို ပြန်ပို့လိုက်တယ်။
"ဒီမှာ ရေ"သူက ထပ်မမေးတော့ပဲ သူမ အနားမှာဘဲ တိတ်တဆိတ် ထိုင်လိုက်တယ်။
"ဒါနဲ့ ကေဆီ"သူမဟာ သူ့ပုံစံအစစ်အမှန်ကို သိရပြီးနောက် အတွေးတခု ပေါ်လာပြီး စကားစလိုက်တယ်။ကေဆီဟာ သူမကို နညးထောင်နေသည်ဆိုသော ပုံစံဖြင့် ပေါ့ပေါ့ပါးပါး ပြုံးပြလာခဲ့တယ်။
"ရှင့် ရဲ့ သက်ပြည့် အခမ်းအနားမှာတုန်းက ကျွန်မ မတတ်နိုင်ခဲ့ဘူးလေ။အကကတော့ ရှင် ဘယ်လိုလုပ်ခဲ့လဲ"သူမက ပပြစ်ရှိတဲ့ ပုံစံမျိုးလေးနဲ့ မေးလိုက်တယ်။
"ငါ မကခဲ့ဘူ"သူက အဲ့တုန်းက အခြေအနေကို ပြန်တွေးကြည့်ရင်း ပြုံးပြုံးလေးနဲ့ ပြန်ဖြေလိုက်တယ်။
" ရှင်မကခဲ့ဘူး။အဲ့လိုမျိုး ခွင့်ပြုလို့လား"
"ဒါက ကိုယ့် ကြင်ယာတော်လောင်းက နေမကောင်းဖြစ်နေတယ်။ကိုယ် အစက တက်ဖိုတောင် စိတ်မကူးခဲ့ဘူး။ကိုယ်က ကိုယ်တို့အတူ အခမ်းအနားမှာ အတူကချင်တာလေ။ဒါပေမယ့် အခြေအနေတော်တော်များများပေါ်လာလို့"
အတူတူ?
"ဒါဆို ရှင်က ကျွန်မနဲ့ အတူတူ ကဖို့ရာအတွက် အခမ်းအနားကို မတတ်ချင်ပေမယ့် အခြေအနေတွေကြောင့် တက်လိုက်ရတယ်ပေါ့"သူမက နားလည်သွားသလိုပုံစံနဲ့ သူ့ကို ပြောလိုက်တယ်။အဲဒါကိုလည်း သူက အပြုံးလေးနဲ့ပဲခေါင်းညိတ် ဖြေလိုက်တယ်။
ဘုရားရေ သူ့အပြုံးက သိပ်ကို လှလွန်းတယ်။
"ဒါကြောင့် ရှင်က ကျွန်မ ဖျားတာကို သိပြီး နှစ်ရက်အကြာမှာ အလည်ဆိုပြီး ရောက်လာခဲ့တာပဲ"
ကေဆီမီရာ ခေါင်းညိတ်ပြရင်း သူမအတွေးတွေနဲ့ သူမ မြုပ်နေတဲ့ အေဒီရာကိုသာ ပြုံးပြီး ကြည့်နေလိုက်တယ်။
သူမနဲ့ စကားပြောရတာ တကယ်ပြောစရာကောင်းတယ်။ အချိန်ခဏလေးအတွင်းမှာပဲ ပြောင်းလဲသွားတတ်တဲ့ သူမ အမူအရာ ဟန်ပန်လေးတွေကို ကြည့်နေရတာကပင် သူ့အတွက် ရိုးရိုးရှင်းရှင်းနဲ့ ပျော်စရာ ကောင်းတယ်။
Unicode
အိမ်ရှေ့စံမင်းသား
ဗုံးပေါက်ကွဲသည့်နှယ်ကြားလိုက်ရသောလစကားကြောင့်အေဒီရာဟာ နေရာမှာတင်တောင့်တင်းသွားတယ်။ကေဆီရဲ့ နာမည်အပြည့်အစုံကို ကြားပြီးတဲ့နောက်မှာတော့ သူမရဲ့ ခေါင်းထဲမှာ အရင်ဘ၀ရဲ့မှတ်ဉာဏ်တွေဟာ အစီအရီဝင်ရောက်လာတယ်။
ဗာဆိုင်းလူးယပ်စ်အင်ပါယာ၏နန်းလျာလောင်း ပထမင်းသားငယ်ကေဆီမီရာ အေသီနာဆီးယပ်စ်ရိုဆန်ဗာဆိုင်းလူးယပ်စ်။ ဒုတိယမင်းသားငယ်ဆုံးပါးသွားပြီး သိပ်မကြာခင်မှာ အိမ့်ရှေ့မင်းသားငယ်ကေဆီမီရာသည်အသက်၁၇နှစ်အရွယ်မှာ ဆုံးပါးခဲ့သည်။ထိုအချိန်မှာဘဲ တော်၀င်သွေးဝေးလွန်းလှသော ဒလယ်ဗားရစ်မိသားစုသည်ထီးနန်းရယူရန်ကြိုးပမ်းခဲ့ကြသည်။ထိုအချိန်က ပြည်သူများကြားတွင်မင်းသားလေးများအား ဒလယ်ဗားရစ်မိသားစုက လုပ်ကြံခဲ့သည်ဟူသော
သတင်းများပြန့်နှံ့ခဲ့သည်။သို့သော်ထိုအချိန်က ထရီတန်အား ခွေးရူးတကောင်ကဲ့သို့ စွဲစွဲလမ်းလမ်း ချစ်ခဲ့သောသူမသည်ထိုသတင်းဖြန့်သူအားလုံးကို နှုတ်ပိတ်ခဲ့သည်။
ထိုအချိန်ကစ၍ သူမအား အသက်တို့ကို စတေးတတ်သော မကောင်းဆိုးဝါးဘုရင်မရယ်ဟု ခေါ်ခဲ့ကြပြီး သူမ၏ ဂုဏ်သတင်းသည်လည်း ဆိုးရွားခဲ့သည်။သူမက သူတို့မည်သို့ပင်သမုတ်ပါစေ ဂရုမစိုက်ခဲ့ပေ။သူမ ဂရုစိုက်သော အရာမှာ ထရီတန်အားမကောင်းသတင်းမရှိစေဘဲ သူ၏ ဂုဏ်သတင်း ကျော်ဇောဖို့ရာသာ ဖြစ်သည်။ သူမ ရွှံ့နွံ့ထဲ လမ်းလျှောက်ရမည်ဆိုရင်တောင်သူမအတွက်အရေမကြီးခဲ့ပေ။
YOU ARE READING
She become a passive villainess-not(trans)
Historical FictionOriginal author-@HalloweenGodspell ပထဆုံး ဘာသာပြန်ခြင်းမို့ အမှားပါရင် နားလည်ပေးပါ ။ ဖတ်ရအဆင်မပြေဖြစ်ခဲ့ရင် ယခုဘာသာပြန်သူရဲ့ ညံ့ဖျင်းမှုပါ။မူရင်းဝတ္ထုက အလွန် ဖတ်ကောင်းပါတယ်။