The apple of their eyes
".......နားလည္လား?ခု မင္းတို႔ကိုေပးလိုက္တဲ့ ဆက္သြယ္သြယ္ေရး ေက်ာက္တံုးေတြက ဆရာတို႔ ေက်ာက္တံုးေတြနဲ႔ တိုက္ရုိက္ဆက္သြယ္ထားတယ္။အာ့ေၾကာင့္ မင္းတို႔အႏၲရယ္တခုခုနဲ႔ ႀကံဳတဲ့ခါမွာ ဒါနဲ႔ ဆရာတို႔ကိုဆက္သြယ္ပါ။"
ေက်ာင္းသားေတြ ခရီးမထြက္ခင္ လံုၿခံဳေရးနဲ႔ပတ္သတ္ၿပီး ရွည္လ်ားစြာ မွာၾကားေနျခင္းကို ပေရာ္ဖက္ဆာက အဆံုးသတ္လိုက္တယ္။သူတို႔ဟာ သူတို႔ကို သူတို႔မဲနႈိက္ၿပီး ငါးေယာက္တစ္အုပ္စု သို႔မဟုတ္ ေလးေယာက္တစ္အုပ္စု ဖဲြ႕လိုက္ၾကတယ္။ကံမေကာင္းစြာဘဲ ေအဒီရာဟာ ဒလယ္ဗားရစ္ ၊အိုင္းရစ္တို႔နဲ႔အတူသြားက်ေလတယ္။ေနာက္တေယာက္ကေတာ့ အမတ္ငယ္ နီဗားရီရာရဲ႕ သမီး မယ္လီဆာ နယ္မီရာျဖစ္သည္။
ေနာက္ၿပီး ေျပာစရာမလိုေလာက္ေအာင္ ေကဆီမီရာကလည္း သူတို႔အုပ္စုမွာပါေလတယ္။သူမ ဘယ္သြားသြား သူက ရွိေနမွာပင္။
"ဘာကိုမွ က်ိဳးေၾကာင္းမဲ့ မလုပ္နဲ႔!အားလံုး ၾကားၾကရဲ႕လား"
ပေရာ္ဖက္ဆာရဲ႕ ေနာက္ဆံုးသတိေပးခ်က္အၿပီးမွာေတာ့ ေအဒီရာဟာ သူမကို ေကဆီၾကည့္ေနတာကို သတိထားလိုက္မိတယ္။
"ရွင္ ကြၽန္မကို ဘာလို႔ ဒီလို ၾကည့္ေနတာလဲ"သူမက မေက်နပ္သလို ေမးလိုက္တယ္။
ေကဆီမီရာက သူ႔ပခံုးနွစ္ဖက္ကို တြန္႔ၿပီး ၿပံဳးျပလိုက္တယ္။ေသခ်ာတာေပါ့ သူ သူမကိုေျပာျပရင္ေတာင္ သူမက ေရာက္တဲ့ေနရာတိုင္းမွာ ဘယ္ေလာက္ေတာင္ျပႆနာရွာတတ္လဲဆိုတာ သူမ ယံုမွာမဟုတ္ဘူး။
'ဘာပဲျဖစ္ျဖစ္ ငါရွိေနတာပဲေလ'သူက ေတြးလိုက္တယ္။
ေအဒီရာနဲ႔ အလွမ္းအေတာ္အကြာမွာရွိေနတဲ့ ထရီတန္ဟာ သူတို႔ရဲ႕ ျပဳမူေနၾကပံုကို ၾကည့္ေနရင္း ထိုေငြျဖဴေရာင္ဆံပင္ရွိတဲ့သူကို စိတ္တိုလာတယ္။
သူက ဘာလို႔ သူမဘယ္သြားသြား လိုက္ေနရတာလဲ?သူမရဲ႕ ေလ့လာေရးခရီးကိုေတာင္မွေလ။ေက်ာင္းေကာင္စီဥကၠဌအေနနဲ႔ သူက ေက်ာင္းမွာဘဲ သူလုပ္ရမယ့္တာ၀န္ေတြကို လုပ္ေနသင့္တာမို႔လား။ဒါက အာဏာကို အလဲြသံုးစားလုပ္တာပဲ။မဟုတ္ဘူးလား?
ပထမေတာ့ ထိုသူက ေအဒီရာရဲ႕ ရထာလံုး်ပၚကေနဆင္းလာၿပီး သူမေလးဆင္းဖို႔ရာ သူ႔လက္ကို ကမ္းေပးလိုက္တာကို ျမင္ေတာ့ အံ့ၾသသြားမိေသးသည္။
ဒါေပမယ့္ အခုေတာ့ ေလ့လာေရးခရီးစဥ္အတြင္းမွာ ေအဒီရညနဲ႔ ပိုမိုရင္းနီးလာေအာင္ ျပဳလုပ္ခ်င္တဲ့ သူ႔ရဲ႕ အႀကံအစည္ေတြကို ဖ်က္စီးခံလိုက္ရတယ္ဆိုေသာ အေတြးက သူ႔ကို ပိုၿပီး စိတ္တိုလာေစသည္။
အဖဲြ႕အားလံုးဟာ သတ္မွတ္ထားတဲ့ ၀င္ေပါက္အသီးသီးကေန စတင္ၿပီး ေတာထဲကို ထြက္လာလိုက္ၾကတယ္။
သူတို႔အတန္းကမဟုတ္ဘဲ ေအဒီရာအဖဲြ႕မွာ ေကဆီမီရာပါေနတာေၾကာင့္ သူတို႔အဖဲြ႕ဟာ အျမန္ဆံုးနဲ႔ အထိေရာက္ဆံုး အဖဲြ႕ျဖစ္တယ္။
"အာ့!"ေအဒီရာေနာက္က အသံတစ္သံေၾကာင့္ အားလံုးဟာ ေနာက္ျပန္လွည့္ၾကည့္လိုက္တဲ့အခါမွာေတာ့ ေကဆီမီရာ႕လက္ကို ဆဲြထားတဲ့ အိုင္းရစ္ကို ေတြ႕လိုက္ၾကရတယ္။
"ကြၽန္..ကြၽန္မေတာင္းပန္ပါတယ္ အရွင္မင္းသား။ခြင့္လြတ္ပါ။ေက်ာက္တံုးကို သတိမထားမိဘဲ ေခ်ာ္သြားလို႔ပါ" သူမက ပါးျပင္နီေတြနဲ႔ ေတာင္းပန္လိုက္တယ္။
wow!ဘယ္ေလာက္ေတာင္ သိသာလိုက္တဲ့ မိန္းကေလးလဲ။
ေအဒီရာဟာ မယံုၾကည္နိုင္စြာ ၾကည့္လိုက္ၿပီး ဆက္သြားဖို႔ရာ ျပန္လွည့္လိုက္တယ္။
"ေအဒီရာ"ထရီတန္ဟာ သူမနာမည္အတိုင္းေခၚလိုက္ရာက ျပန္ျပင္ၿပီး"ကြၽန္ေတာ္ ဆိုလိုတာက သခင္မေလး ဆလယ္ဗားရစ္ လမ္းဂရုစိုက္သြားပါ။သင္စိတ္မရွိဘူးဆိုရင္ ကြၽန္ေတာ္သင့္ကို ကူညီခ်င္ပါတယ္"
သူက လူႀကီးလူေကာင္းဆန္စြည ၿပံဳးျပၿပီး သူ႔လက္ကို ကမ္းေပးလာခဲ့တယ္။
"ကြၽန္မ အဆင္ေျပပါတယ္ သခင္ေလး ဒလယ္ဗားရစ္။ကြၽန္မဘာသာ ကြၽန္မ ေစာင့္ေရွာက္နိုင္ပါတယ္"သူမက ယဥ္ယဥ္ေက်းေက်းနဲ႔ ျငင္းလိုက္တယ္။ဒါေပမယ့္ သူက သူမလက္ကို ဆုပ္ကိုင္ထားလိုက္တယ္။
"တခါတရံ ကြၽန္ေတာ့္ကို အားကိုးနိုင္ပါတယ္"
ဒါေပမယ့္ ငါမလုပ္ခ်င္ဘူးေလ!ရွင့္လက္ကို မဆံုးရႈံးရေသးခင္ ခုလို လုပ္ေနတာကို ရပ္လိုက္သင့္တယ္။
သူမက သုမေနာက္က ေအးစက္တဲ့ေလထုကို ခံစားမိၿပီး ေခါင္းထဲမွာတင္ ညည္းညဴလိုက္တယ္။
အို..ဘုရားသခင္ ကယ္ေတာ္မူပါ။
အဖဲြထဲက ေနာက္တစ္ေယာက္ျဖစ္တဲ့ မယ္လီဆာကေတာ့ အဆက့္အတန္းျမင့္မားၿပီး ဂုဏ္သတင္းႀကီးမားလွေသာ ေယာက်္ားပ်ိဳ နွစ္ေယာက္ဟာ မိန္းမငယ္တစ္ေယာက္စီကို ကူညီေပးေနတာကို ၾကည့္ေနလိုက္တယ္။သူတို႔နဲ႔ အခ်ိန္အေတာ္ၾကာ ရွိေနၿပီးတဲ့ ေနာက္မွာေတာ့ သူမက သူတို႔ရဲ႕ စိတ္သေဘာေတြကို ရိမ္မိသေလာက္ရွိေနၿပီျဖစ္တယ္။
မင္းသားနဲ႔ သခင္မေလးဆလယ္ဗားရစ္ကေတာ့ အင္ပါယာ တစ္ခုလံုးသိၾကတဲ့ ၾကင္ယာဖက္ေတြဆိုသည့္အတိုင္း အလြန္လိုက္ဖက္ေလတယ္။
သခင္ေလး ဒလယ္ဗားရစ္ဟာ သခင္မေလးဆလယ္ဗားရစ္အေပၚ စိတ္၀င္စားေနပံုရၿပီး သခင္မေလးလက္တီဖိုလီရာဟာလည္း မင္းသားအေပၚခံစားခ်က္ရွိေနပံုရသည္။မင္းသားအနားမွာ သူမျပဳမူပံုေတြကို ၾကည့္ယံုနွင့္ ဒါကိုခန္႔မွန္းနိုင္တယ္။သူမက မင္းသားဆီက အာရုံစိုက္မႈကို ရဖို႔ အၿမဲႀကိဳးစားေနတတ္တယ္။
သူမ ထိုသူမေလးကို နားလည္သည္။အင္ပါယာထဲက ဘယ္မိန္းမပ်ိဳကမ်ား မင္းသားရဲ႕ ဆဲြေဆာင္မႈရွိျခင္းမွာ ေတာင့္ခံနိုင္ပါ့မလဲ။
ဒါေပမယ့္ ထိပ္တန္းလူပ်ိဳေလးနွစ္ေယာက္ရင္ထဲက အခ်စ္သစ္သီးေလး ျဖစ္တဲ့ သခင္မေလးေအဒီရာဟာေတာ့ ခန္႔မွန္းရခက္ေလတယ္။
ေသခ်ာတာကေတာ့ သူမက မင္းသားနဲ႔ အေတာ္ရင္းနွီးတယ္။ဒါေပမယ့္သူမက သခင္ေလး ဒလယ္ဗားရစ္နဲ႔လည္း ရင္းရင္းနီးနီးရွိေနျပန္တယ္။
ဒါနဲ႔ ဘာလို႔ ရုတ္တရက္ ေအးစိမ့္လာသလို ခံစားရတာပါလိမ့္။
------
သူတို႔လုပ္ရမယ့္ လုပ္ငန္းစဥ္ေတြ အကုန္ၿပီးဆံုးသြားခိ္်န္မွာေတာ့ သူတို႔အခ်ိန္ေတြကို ေတာထဲမွာ အရမ္းမနက္ေစဘဲ ေလ်ွာက္ၾကည့္ဖို႔ရာ ဆံုးျဖတ္လိုက္ၾကတယ္။
သူမေနာက္ကို အရိပ္လိုလိုက္ေနတဲ့ ေကဆီမီရာနဲ႔အတူ ေလ်ွာက္လာရင္း သူမလက္ေအာက္မွာ ယိမ့္နဲြ႕ေနတဲ့ ႏြယ္ပင္ေတြကို သတိထားလိုက္မိတယ္။
သိခ်င္ေဇာနဲ႔ သူမဟာ အဲ့ႏြယ္ပင္ေတြမွာ ဆူးေသးေသးေလးေတြပါတာကိုေတာင္ ဂရုမစိုက္ဘဲ ဆဲြနႈတ္လိုက္တယ္။သူမလက္ေပၚမွာ ျခစ္ရာေတြထင္သြားတာကိုေတာင္ ဂရုမစိုက္ေလဘူး။ဒါေပမယ့္ တစံုတေယာက္ေသာသူကေတာ့ ဂရုစိုက္ေလတယ္။သူမရဲ႕ သတိမဲ့အျပဳအမူေတြေၾကာင့္သူ႔မ်က္နွာဟာ ရႈံ႕မဲ့သြားတယ္။
တကယ္လို႔ အဲ့အပင္ေတြက အဆိပ္ရွိေနခဲ့ရင္ ဘယ္နဲ႔လုပ္မလဲ?
ေသခ်ာေပါက္ သူဟာ သူမနဲ႔ ေလ်ွာက္သြားေနရင္းအပင္ေတြကို စစ္ေဆးၿပီးျဖစ္တယ္။အႏၲရယ္ရွိတဲ့အပင္ေတြနဲ႔ အဆိပ္ရွိတဲ့ အပင္ေတြနားဆိုရင္ေတာ့ ေအဒီရာကို အနားကပ္ေစမွာမဟုတ္ေပ။ဒါေၾကာင့္ သူမ ႏြယ္ပင္ေတြနား ကပ္သြားတာကို ၾကည့္ေနလိုက္ျခင္းျဖစ္သည္။ဒီႏြယ္ပင္ေတြဟာ လံုး၀အႏၲရယ္ကင္းေပမယ့္ သူမဂရုမစိုက္မႈေၾကာင့္ျဖစ္သြားသည့္ သူမလက္ေပၚ ျခစ္ရာေတြျဖစ္သြားတာကို မႀကိဳက္ျခင္းျဖစ္သည္။
ဒီ မိန္းကေလးကေတာ့
ဘာမွမေျပာေတာ့ဘဲ သူကဘႏြယ္ပင္ေတြကို ထပ္ဆဲြဖို႔ရာျပင္ေနတဲ့ ေအဒီရာ လက္ေတြကို ဖမ္းၿပီး ဆုပ္ကိုင္လိုက္တယ္။
"ေကဆီ?"ႏြယ္ပင္နႈတ္ေနတာကို ေနွာင့္ယွက္ခံလိုက္ရတာေၾကာင့္ ေအဒီရာက လွည့္ၾကည့္လိုက္တယ္။သူမဟာ သူ႔မ်က္၀န္းေတြထဲက စိတ္အလိုမက်ျခင္းေတြကို ျမင္ေတြ႕လိုက္ရၿပီး သူဘာလို႔ ထိုသို႔ ျဖစ္သြားရသည္ကို ေတြးေနမိတယ္။
wow သူ႔ကို တခ်က္ၾကည့္ရုံနဲ႔ သူဘာျဖစ္ေနလဲသိနိုင္တဲ့ ငါ့ကိုယ္ငါ ခ်ီးက်ဳးရမလိုပဲ
သူမကို စကားတခြန္းမွ ဆိုမလာဘဲ သူဟာ သူ႔လက္ေပၚက လက္အိတ္ေတြကို ခြၽတ္လိုက္ၿပီး သူမလက္ေတြေပၚမွာ ၀တ္ေပးလိုက္တယ္။ သူတို႔နွစ္ေယာက္ရဲ႕ လက္အ႐ြယ္အစားမတူတာေၾကာင့္ လက္အိတ္ေတြဟာ သူမလက္ေပၚမွာ အေတာ္အတန္ႀကီးေနခဲ့တယ္။ေအဒီရာဟာ မၿပံဳးဘဲ မေနနိုင္ေတာ့ဘူး။
"ရွင္က ကြၽန္မလက္ေပၚက ျခစ္ရာေတြေၾကာင့္ စိတ္ဆိုးသြားတာလား"သူ႔အမူအရာ ေျပာင္းလဲျခင္းရဲ႕ အေၾကာင္းအရင္းကို ေတြ႕ၿပီးတဲ့ေနာက္မွာေတာ့ သူမက ေပ်ွာ္႐ႊင္စြာ ေမးလိုက္တယ္။
သူမရဲ႕ ေပ်ွာ္႐ႊင္ေနတဲ့ အၿပံဳးေတြေၾကာင့္ သူဟာ သူမခ်စ္စရာ ေကာင္းလြန္း၍ လႊတ္ဘဲထားရမလား ဒါမွမဟုတ္ သူမက သုမဂရုမစိုက္မႈေတြကို ေနာင္တမရေနတဲ့အတြက္ စိတ္ဆိုးရမလား ေ၀ခဲြရ ခက္သြားခဲ့တယ္။
"ေက်းဇူးပဲ ေကဆီ။ကြၽန္မအဆင္ေျပပါတယ္။ဒါေပမယ့္ ေက်းဇူးတင္ပါတယ္။ရွင္ကြၽန္မတို႔နဲ႔ လိုက္လာတာ ကြၽန္မ ၀မ္းသာမိတယ္"
သူ႔ရဲ႕ အားစိုက္မွာသာ မပါခဲ့ရင္ သူမတို႔အဖဲြဟာ ခုလို လ်င္လ်င္ျမန္ျမန္နဲ႔ ေစာေစာၿပီးၿပီး ဒီေလာက္အၾကာႀကီး နားခ်ိန္ရမွာမဟုတ္ေပ။
သူက သူမစကားေတြေၾကာင့္ အံၾသသြားၿပီး သူမေခါင္းကို အသာပုတ္လိုက္တယ္။
တျခားေယာက်္ားေတြေရွ႕မွာ အဲ့လို မၿပံဳးနဲ႔
သူက သူ႔ကိုယ္သူ စိတ္ေလ်ာ့လိုက္ၿပီး သူ႔မ်က္စိေအာက္မွာ ရွိေနသေ႐ြ႕ သူမလုပ္ခ်င္တာ လုပ္ေစလိုက္တယ္။
ဒါက ေကဆီနဲ႔ နွစ္ေတြအမ်ားႀကီးခင္လာၿပီး ေအဒီရာ သိခဲ့ရေသာအရာျဖစ္သည္။သူ႔ကို ေဖ်ာင္းျဖဖို႔ရာအတြက္ ခ်စ္စရာေကာင္းေအာင္ ဒါမွမဟုတ္ သနားစရာေကာင္းေအာင္ လုပ္ျပလိုက္လ်ွင္ သူမလုပ္ခ်င္တာ လုပ္ခြင့္ရေပလိမ့္မည္။
ဒီေနရာမွာေတာ့ ေကဆီဟာ သူမအေဖ၊အကိုတို႔နဲ႔ တူေလသည္။သူတို႔အားလံုးဟာ ေအဒီရာ၏ခ်စ္စရာေကာင္းစြာ ခ်ဲြႏြဲ႕မႈမွာ ရႈံးနိမ့္ရစၿမဲ ျဖစ္သည္။
ေကဆီရဲ႕ လက္အိတ္ေတြကို ၀တ္ဆင္ၿပီးတဲ့ေနာက္မွာေတာ့ သူမဟာ စိတ္ထြက္ေပါက္အေနနဲ႔ ႏြယ္ပင္ေတြကို ထပ္နႈတ္ေနလိုက္တယ္။ေန႔စဥ္ေန႔တိုင္းမွာ ထရီတန္နဲ႔ အိုင္းရစ္တို႔ေၾကာင့္ သူမအေတာ္ စိတ္ပင္ပန္းရသည္။
ကံေကာင္းလို႔ ခုေတာင္ ေကဆီမီရာက လူတိုင္းၾကားနိုင္ေလာက္တဲ့ အကြာအေ၀းမွာ ကိုယ္စီကိုယ္စီေလ့လာၾကဖို႔ အႀကံေပးခဲ့လို႔သာျဖစ္သည္။ မဟုတ္လ်ွင္ သူတို႔ ပါေနဦးမည္။ဒါဟာ ေကဆီအေနနဲ႔ ေအဒီရာနဲ႔အတူ သူတို႔ရဲ႕ သီးသန္႔အခ်ိန္ေတြကို ၀င္မေနွာင့္ယွက္နိုင္ေစဖိူ႔ရာ အသံတိတ္သတိေပးလိုက္ျခင္းလည္းျဖစ္သည္။
ဒါေၾကာင့္ သူတို႔ဟာ အျခားသံုးေယာက္နဲ႔ ခဲြထြက္လာၾကျခင္းျဖစ္သည္။
သူမ ႏြယ္ပင္ေတြ အကုန္လံုးကို နႈတ္ၿပီးတဲ့အခါမွာေတာ့ သူမ တကိုယ္စာ ၀င္နိုင္ေလာက္တဲ့ လိႈဏ္ေခါင္းပံုသဏၭာန္ အေခါင္းေပါက္တခုကို ေတြ႕လိုက္ရတယ္။
ဒါက ....ရင္းနီးလြန္းေနတယ္။
သူမက သူမကိုယ္သူမ ေတြးလိုက္ၿပီး ပတ္၀န္းက်င္ကို ေလ့လာလိုက္တယ္။ဒါက အတူတူပဲ။ဒါက သူမ ေဟဇယ္ကို ေတြ႕ခဲ့တဲ့ လမ္းပဲ။
ဒါေပမယ့္ ....ငါဒီအခ်ိန္ ေဟဇယ့္ကို မေတြ႕ရေသးပါဘူး။ငါမွတ္တာ မမွားဘူးဆိုရင္ သူနဲ႔ေတြ႕ရဖို႔ လအနည္းငယ္ လိုေသးတယ္မို႔လား။
သူမက ေတြးဆလိုက္တယ္။ေကဆီဟာ သူမျပဳလုပ္ေနပံုေၾကာင့္ ရပ္ၿပီးသူမ ဘာလုပ္ေနတယ္ဆိုတာကိုၾကည့္လိုက္တယ္။အိမ္ေတာ္ႀကီးတခုရဲ႕ သခင္မေလးဟာ ေျမႀကီးေပၚမွာေလးဘက္ေထာက္ၿပီး တစံုတခုကို ၾကည့္ေနတယ္။
သူမ ဘာကိုၾကည့္ေနတယ္ဆိုတာကို ထပ္ၾကည့္လိုက္တဲ့ အခါမွာေတာ့ လိႈဏ္ေခါင္းသဖြယ္ျဖစ္ေနတဲ့ အေခါင္းေပါက္တခုကို ေတြ႕လိုက္ရတယ္။ဒါက ဘယ္သူ႔အတြက္မဆို ေသးလြန္းတယ္။
ဒါေပမယ့္....ျဖစ္နိုင္တာက
သူ႔အေတြးမဆံုးခင္မွာဘဲ ထိတ္လန္႔စရာျဖစ္လာတယ္။သူမက တြင္းထဲကို ရုတ္တရက္ တြားသြား၀င္သြားတယ္။
သူက သူ႔အသံကို ျမႇင့္ၿပီး ေခၚလိုက္တယ္။"ေအဒီရာ"ဒါေပမယ့္ သူမက ၾကားပံုးမေပၚဘဲ ေရွ႕ကိုပဲ ဆက္သြားေနတယ္။
"ေအဒီရာ....shit"သူက ဆဲဆိုမိသြာၿပီး အေခါင္းေပါက္ထဲကို ၀င္ဖို႔ႀကိဳးစားလိုက္တယ္။ဒါက သူမ တစ္ေယာက္စာအတြက္ ကြက္တိလုပ္ထားသလိုမ်ိဳး သူ၀င္လို႔မရခဲ့ဘူး။
သူက အျမန္ေျပးၿပီး တျခားမိန္းကေလးနွစ္ေယာက္ကို သြားေခၚလိုက္တယ္။သူတို႔ကေတာ့ ဆန္႔နိုင္ေကာင္းပါရဲ႕။
ဒါေပမယ့္ သူက ေၾကာင္ေတာင္ေတာင္ ျဖစ္ေနတဲ့ မိန္းခေလးနွစ္ေယာက္နဲ႔အတူ ျပန္လာတဲ့အခ်ိန္မွာေတာ့ ထိုအေခါင္းေပါက္က ေမွာ္ဆန္စြာဘဲ ေပ်ာက္ဆံုးေနခဲ့တယ္။
ေကဆီမီရာအေနနဲ႔ ထိုေနရာက မွန္တယ္ဆိုတာ ေသခ်ာတယ္။သူက အေရးႀကီးတဲ့အရာေတြကို ဘယ္ေတာ့မွ မေမ့တတ္ဘူး။ဒါေပမယ့္ အေခါင္းေပါက္က မရွိေတာ့ဘူး။ဒါက အစကတည္းက မရွိခဲ့အရာ ဆိုရင္ေရာ။
Dam.mit!တစံုတခုက ေအဒီရာကို ဝါးမ်ိဳသြားတယ္။
Unicode
The apple of their eyes
".......နားလည်လား?ခု မင်းတို့ကိုပေးလိုက်တဲ့ ဆက်သွယ်သွယ်ရေး ကျောက်တုံးတွေက ဆရာတို့ ကျောက်တုံးတွေနဲ့ တိုက်ရိုက်ဆက်သွယ်ထားတယ်။အာ့ကြောင့်မင်းတို့အန္တရယ်တခုခုနဲ့ ကြုံတဲ့ခါမှာ ဒါနဲ့ ဆရာတို့ကိုဆက်သွယ်ပါ။"
ကျောင်းသားတွေ ခရီးမထွက်ခင်လုံခြုံရေးနဲ့ပတ်သတ်ပြီး ရှည်လျားစွာ မှာကြားနေခြင်းကို ပရော်ဖက်ဆာက အဆုံးသတ်လိုက်တယ်။သူတို့ဟာ သူတို့ကို သူတို့မဲနှိုက်ပြီး ငါးယောက်တစ်အုပ်စု သို့မဟုတ်လေးယောက်တစ်အုပ်စု ဖွဲ့လိုက်ကြတယ်။ကံမကောင်းစွာဘဲ အေဒီရာဟာ ဒလယ်ဗားရစ်၊အိုင်းရစ်တို့နဲ့အတူသွားကျလေတယ်။နောက်တယောက်ကတော့ အမတ်ငယ်နီဗားရီရာရဲ့ သမီး မယ်လီဆာ နယ်မီရာဖြစ်သည်။
နောက်ပြီး ပြောစရာမလိုလောက်အောင်ကေဆီမီရာကလည်း သူတို့အုပ်စုမှာပါလေတယ်။သူမ ဘယ်သွားသွား သူက ရှိနေမှာပင်။
"ဘာကိုမှ ကျိုးကြောင်းမဲ့ မလုပ်နဲ့!အားလုံး ကြားကြရဲ့လား"
ပရော်ဖက်ဆာရဲ့ နောက်ဆုံးသတိပေးချက်အပြီးမှာတော့ အေဒီရာဟာ သူမကို ကေဆီကြည့်နေတာကို သတိထားလိုက်မိတယ်။
"ရှင်ကျွန်မကို ဘာလို့ ဒီလို ကြည့်နေတာလဲ"သူမက မကျေနပ်သလို မေးလိုက်တယ်။
ကေဆီမီရာက သူ့ပခုံးနှစ်ဖက်ကို တွန့်ပြီး ပြုံးပြလိုက်တယ်။သေချာတာပေါ့ သူ သူမကိုပြောပြရင်တောင်သူမက ရောက်တဲ့နေရာတိုင်းမှာ ဘယ်လောက်တောင်ပြဿနာရှာတတ်လဲဆိုတာ သူမ ယုံမှာမဟုတ်ဘူး။
'ဘာပဲဖြစ်ဖြစ်ငါရှိနေတာပဲလေ'သူက တွေးလိုက်တယ်။
အေဒီရာနဲ့ အလှမ်းအတော်အကွာမှာရှိနေတဲ့ ထရီတန်ဟာ သူတို့ရဲ့ ပြုမူနေကြပုံကို ကြည့်နေရင်း ထိုငွေဖြူရောင်ဆံပင်ရှိတဲ့သူကို စိတ်တိုလာတယ်။
သူက ဘာလို့ သူမဘယ်သွားသွား လိုက်နေရတာလဲ?သူမရဲ့ လေ့လာရေးခရီးကိုတောင်မှလေ။ကျောင်းကောင်စီဥက္ကဌအနေနဲ့ သူက ကျောင်းမှာဘဲ သူလုပ်ရမယ့်တာဝန်တွေကို လုပ်နေသင့်တာမို့လား။ဒါက အာဏာကို အလွဲသုံးစားလုပ်တာပဲ။မဟုတ်ဘူးလား?
ပထမတော့ ထိုသူက အေဒီရာရဲ့ ရထာလုံျးပ်ါကနေဆင်းလာပြီး သူမလေးဆင်းဖို့ရာ သူ့လက်ကို ကမ်းပေးလိုက်တာကို မြင်တော့ အံ့သြသွားမိသေးသည်။
ဒါပေမယ့်အခုတော့ လေ့လာရေးခရီးစဉ်အတွင်းမှာ အေဒီရညနဲ့ ပိုမိုရင်းနီးလာအောင်ပြုလုပ်ချင်တဲ့ သူ့ရဲ့ အကြံအစည်တွေကို ဖျက်စီးခံလိုက်ရတယ်ဆိုသော အတွေးက သူ့ကို ပိုပြီး စိတ်တိုလာစေသည်။
အဖွဲ့အားလုံးဟာ သတ်မှတ်ထားတဲ့ ၀င်ပေါက်အသီးသီးကနေ စတင်ပြီး တောထဲကို ထွက်လာလိုက်ကြတယ်။
သူတို့အတန်းကမဟုတ်ဘဲ အေဒီရာအဖွဲ့မှာ ကေဆီမီရာပါနေတာကြောင့်သူတို့အဖွဲ့ဟာ အမြန်ဆုံးနဲ့ အထိရောက်ဆုံး အဖွဲ့ဖြစ်တယ်။
"အာ့!"အေဒီရာနောက်က အသံတစ်သံကြောင့်အားလုံးဟာ နောက်ပြန်လှည့်ကြည့်လိုက်တဲ့အခါမှာတော့ ကေဆီမီရာ့လက်ကို ဆွဲထားတဲ့ အိုင်းရစ်ကို တွေ့လိုက်ကြရတယ်။
"ကျွန်..ကျွန်မတောင်းပန်ပါတယ်အရှင်မင်းသား။ခွင့်လွတ်ပါ။ကျောက်တုံးကို သတိမထားမိဘဲ ချော်သွားလို့ပါ" သူမက ပါးပြင်နီတွေနဲ့ တောင်းပန်လိုက်တယ်။
wow!ဘယ်လောက်တောင်သိသာလိုက်တဲ့ မိန်းကလေးလဲ။
အေဒီရာဟာ မယုံကြည်နိုင်စွာ ကြည့်လိုက်ပြီး ဆက်သွားဖို့ရာ ပြန်လှည့်လိုက်တယ်။
"အေဒီရာ"ထရီတန်ဟာ သူမနာမည်အတိုင်းခေါ်လိုက်ရာက ပြန်ပြင်ပြီး"ကျွန်တော်ဆိုလိုတာက သခင်မလေး ဆလယ်ဗားရစ်လမ်းဂရုစိုက်သွားပါ။သင်စိတ်မရှိဘူးဆိုရင်ကျွန်တော်သင့်ကို ကူညီချင်ပါတယ်"
သူက လူကြီးလူကောင်းဆန်စွည ပြုံးပြပြီး သူ့လက်ကို ကမ်းပေးလာခဲ့တယ်။
"ကျွန်မ အဆင်ပြေပါတယ်သခင်လေး ဒလယ်ဗားရစ်။ကျွန်မဘာသာ ကျွန်မ စောင့်ရှောက်နိုင်ပါတယ်"သူမက ယဉ်ယဉ်ကျေးကျေးနဲ့ ငြင်းလိုက်တယ်။ဒါပေမယ့်သူက သူမလက်ကို ဆုပ်ကိုင်ထားလိုက်တယ်။
"တခါတရံ ကျွန်တော့်ကို အားကိုးနိုင်ပါတယ်"
ဒါပေမယ့်ငါမလုပ်ချင်ဘူးလေ!ရှင့်လက်ကို မဆုံးရှုံးရသေးခင်ခုလို လုပ်နေတာကို ရပ်လိုက်သင့်တယ်။
သူမက သုမနောက်က အေးစက်တဲ့လေထုကို ခံစားမိပြီး ခေါင်းထဲမှာတင်ညည်းညူလိုက်တယ်။
အို..ဘုရားသခင်ကယ်တော်မူပါ။
အဖွဲထဲက နောက်တစ်ယောက်ဖြစ်တဲ့ မယ်လီဆာကတော့ အဆက့်အတန်းမြင့်မားပြီး ဂုဏ်သတင်းကြီးမားလှသော ယောက်ျားပျို နှစ်ယောက်ဟာ မိန်းမငယ်တစ်ယောက်စီကို ကူညီပေးနေတာကို ကြည့်နေလိုက်တယ်။သူတို့နဲ့ အချိန်အတော်ကြာ ရှိနေပြီးတဲ့ နောက်မှာတော့ သူမက သူတို့ရဲ့ စိတ်သဘောတွေကို ရိမ်မိသလောက်ရှိနေပြီဖြစ်တယ်။
မင်းသားနဲ့ သခင်မလေးဆလယ်ဗားရစ်ကတော့ အင်ပါယာ တစ်ခုလုံးသိကြတဲ့ ကြင်ယာဖက်တွေဆိုသည့်အတိုင်း အလွန်လိုက်ဖက်လေတယ်။
သခင်လေး ဒလယ်ဗားရစ်ဟာ သခင်မလေးဆလယ်ဗားရစ်အပေါ် စိတ်၀င်စားနေပုံရပြီး သခင်မလေးလက်တီဖိုလီရာဟာလည်း မင်းသားအပေါ်ခံစားချက်ရှိနေပုံရသည်။မင်းသားအနားမှာ သူမပြုမူပုံတွေကို ကြည့်ယုံနှင့်ဒါကိုခန့်မှန်းနိုင်တယ်။သူမက မင်းသားဆီက အာရုံစိုက်မှုကို ရဖို့ အမြဲကြိုးစားနေတတ်တယ်။
သူမ ထိုသူမလေးကို နားလည်သည်။အင်ပါယာထဲက ဘယ်မိန်းမပျိုကများ မင်းသားရဲ့ ဆွဲဆောင်မှုရှိခြင်းမှာ တောင့်ခံနိုင်ပါ့မလဲ။
ဒါပေမယ့်ထိပ်တန်းလူပျိုလေးနှစ်ယောက်ရင်ထဲက အချစ်သစ်သီးလေး ဖြစ်တဲ့ သခင်မလေးအေဒီရာဟာတော့ ခန့်မှန်းရခက်လေတယ်။
သေချာတာကတော့ သူမက မင်းသားနဲ့ အတော်ရင်းနှီးတယ်။ဒါပေမယ့်သူမက သခင်လေး ဒလယ်ဗားရစ်နဲ့လည်း ရင်းရင်းနီးနီးရှိနေပြန်တယ်။
ဒါနဲ့ ဘာလို့ ရုတ်တရက်အေးစိမ့်လာသလို ခံစားရတာပါလိမ့်။
------
သူတို့လုပ်ရမယ့်လုပ်ငန်းစဉ်တွေ အကုန်ပြီးဆုံးသွားခိ်ျန်မှာတော့ သူတို့အချိန်တွေကို တောထဲမှာ အရမ်းမနက်စေဘဲ လျှောက်ကြည့်ဖို့ရာ ဆုံးဖြတ်လိုက်ကြတယ်။
သူမနောက်ကို အရိပ်လိုလိုက်နေတဲ့ ကေဆီမီရာနဲ့အတူ လျှောက်လာရင်း သူမလက်အောက်မှာ ယိမ့်နွဲ့နေတဲ့ နွယ်ပင်တွေကို သတိထားလိုက်မိတယ်။
သိချင်ဇောနဲ့ သူမဟာ အဲ့နွယ်ပင်တွေမှာ ဆူးသေးသေးလေးတွေပါတာကိုတောင်ဂရုမစိုက်ဘဲ ဆွဲနှုတ်လိုက်တယ်။သူမလက်ပေါ်မှာ ခြစ်ရာတွေထင်သွားတာကိုတောင်ဂရုမစိုက်လေဘူး။ဒါပေမယ့်တစုံတယောက်သောသူကတော့ ဂရုစိုက်လေတယ်။သူမရဲ့ သတိမဲ့အပြုအမူတွေကြောင့်သူ့မျက်နှာဟာ ရှုံ့မဲ့သွားတယ်။
တကယ်လို့ အဲ့အပင်တွေက အဆိပ်ရှိနေခဲ့ရင်ဘယ်နဲ့လုပ်မလဲ?
သေချာပေါက်သူဟာ သူမနဲ့ လျှောက်သွားနေရင်းအပင်တွေကို စစ်ဆေးပြီးဖြစ်တယ်။အန္တရယ်ရှိတဲ့အပင်တွေနဲ့ အဆိပ်ရှိတဲ့ အပင်တွေနားဆိုရင်တော့ အေဒီရာကို အနားကပ်စေမှာမဟုတ်ပေ။ဒါကြောင့်သူမ နွယ်ပင်တွေနား ကပ်သွားတာကို ကြည့်နေလိုက်ခြင်းဖြစ်သည်။ဒီနွယ်ပင်တွေဟာ လုံးဝအန္တရယ်ကင်းပေမယ့်သူမဂရုမစိုက်မှုကြောင့်ဖြစ်သွားသည့်သူမလက်ပေါ် ခြစ်ရာတွေဖြစ်သွားတာကို မကြိုက်ခြင်းဖြစ်သည်။
ဒီ မိန်းကလေးကတော့
ဘာမှမပြောတော့ဘဲ သူကဘနွယ်ပင်တွေကို ထပ်ဆွဲဖို့ရာပြင်နေတဲ့ အေဒီရာ လက်တွေကို ဖမ်းပြီး ဆုပ်ကိုင်လိုက်တယ်။
"ကေဆီ?"နွယ်ပင်နှုတ်နေတာကို နှောင့်ယှက်ခံလိုက်ရတာကြောင့်အေဒီရာက လှည့်ကြည့်လိုက်တယ်။သူမဟာ သူ့မျက်၀န်းတွေထဲက စိတ်အလိုမကျခြင်းတွေကို မြင်တွေ့လိုက်ရပြီး သူဘာလို့ ထိုသို့ ဖြစ်သွားရသည်ကို တွေးနေမိတယ်။
wow သူ့ကို တချက်ကြည့်ရုံနဲ့ သူဘာဖြစ်နေလဲသိနိုင်တဲ့ ငါ့ကိုယ်ငါ ချီးကျုးရမလိုပဲ
သူမကို စကားတခွန်းမှ ဆိုမလာဘဲ သူဟာ သူ့လက်ပေါ်က လက်အိတ်တွေကို ချွတ်လိုက်ပြီး သူမလက်တွေပေါ်မှာ ၀တ်ပေးလိုက်တယ်။ သူတို့နှစ်ယောက်ရဲ့ လက်အရွယ်အစားမတူတာကြောင့်လက်အိတ်တွေဟာ သူမလက်ပေါ်မှာ အတော်အတန်ကြီးနေခဲ့တယ်။အေဒီရာဟာ မပြုံးဘဲ မနေနိုင်တော့ဘူး။
"ရှင်က ကျွန်မလက်ပေါ်က ခြစ်ရာတွေကြောင့်စိတ်ဆိုးသွားတာလား"သူ့အမူအရာ ပြောင်းလဲခြင်းရဲ့ အကြောင်းအရင်းကို တွေ့ပြီးတဲ့နောက်မှာတော့ သူမက ပျှော်ရွှင်စွာ မေးလိုက်တယ်။
သူမရဲ့ ပျှော်ရွှင်နေတဲ့ အပြုံးတွေကြောင့်သူဟာ သူမချစ်စရာ ကောင်းလွန်း၍ လွှတ်ဘဲထားရမလား ဒါမှမဟုတ်သူမက သုမဂရုမစိုက်မှုတွေကို နောင်တမရနေတဲ့အတွက်စိတ်ဆိုးရမလား ဝေခွဲရ ခက်သွားခဲ့တယ်။
"ကျေးဇူးပဲ ကေဆီ။ကျွန်မအဆင်ပြေပါတယ်။ဒါပေမယ့်ကျေးဇူးတင်ပါတယ်။ရှင်ကျွန်မတို့နဲ့ လိုက်လာတာ ကျွန်မ ၀မ်းသာမိတယ်"
သူ့ရဲ့ အားစိုက်မှာသာ မပါခဲ့ရင်သူမတို့အဖွဲဟာ ခုလို လျင်လျင်မြန်မြန်နဲ့ စောစောပြီးပြီး ဒီလောက်အကြာကြီး နားချိန်ရမှာမဟုတ်ပေ။
သူက သူမစကားတွေကြောင့်အံသြသွားပြီး သူမခေါင်းကို အသာပုတ်လိုက်တယ်။
တခြားယောက်ျားတွေရှေ့မှာ အဲ့လို မပြုံးနဲ့
သူက သူ့ကိုယ်သူ စိတ်လျော့လိုက်ပြီး သူ့မျက်စိအောက်မှာ ရှိနေသရွေ့ သူမလုပ်ချင်တာ လုပ်စေလိုက်တယ်။
ဒါက ကေဆီနဲ့ နှစ်တွေအများကြီးခင်လာပြီး အေဒီရာ သိခဲ့ရသောအရာဖြစ်သည်။သူ့ကို ဖျောင်းဖြဖို့ရာအတွက်ချစ်စရာကောင်းအောင်ဒါမှမဟုတ်သနားစရာကောင်းအောင်လုပ်ပြလိုက်လျှင်သူမလုပ်ချင်တာ လုပ်ခွင့်ရပေလိမ့်မည်။
ဒီနေရာမှာတော့ ကေဆီဟာ သူမအဖေ၊အကိုတို့နဲ့ တူလေသည်။သူတို့အားလုံးဟာ အေဒီရာ၏ချစ်စရာကောင်းစွာ ချွဲနွဲ့မှုမှာ ရှုံးနိမ့်ရစမြဲ ဖြစ်သည်။
ကေဆီရဲ့ လက်အိတ်တွေကို ၀တ်ဆင်ပြီးတဲ့နောက်မှာတော့ သူမဟာ စိတ်ထွက်ပေါက်အနေနဲ့ နွယ်ပင်တွေကို ထပ်နှုတ်နေလိုက်တယ်။နေ့စဉ်နေ့တိုင်းမှာ ထရီတန်နဲ့ အိုင်းရစ်တို့ကြောင့်သူမအတော်စိတ်ပင်ပန်းရသည်။
ကံကောင်းလို့ ခုတောင်ကေဆီမီရာက လူတိုင်းကြားနိုင်လောက်တဲ့ အကွာအဝေးမှာ ကိုယ်စီကိုယ်စီလေ့လာကြဖို့ အကြံပေးခဲ့လို့သာဖြစ်သည်။ မဟုတ်လျှင်သူတို့ ပါနေဦးမည်။ဒါဟာ ကေဆီအနေနဲ့ အေဒီရာနဲ့အတူ သူတို့ရဲ့ သီးသန့်အချိန်တွေကို ၀င်မနှောင့်ယှက်နိုင်စေဖိူ့ရာ အသံတိတ်သတိပေးလိုက်ခြင်းလည်းဖြစ်သည်။
ဒါကြောင့်သူတို့ဟာ အခြားသုံးယောက်နဲ့ ခွဲထွက်လာကြခြင်းဖြစ်သည်။
သူမ နွယ်ပင်တွေ အကုန်လုံးကို နှုတ်ပြီးတဲ့အခါမှာတော့ သူမ တကိုယ်စာ ၀င်နိုင်လောက်တဲ့ လှိုဏ်ခေါင်းပုံသဏ္ဌာန်အခေါင်းပေါက်တခုကို တွေ့လိုက်ရတယ်။
ဒါက ....ရင်းနီးလွန်းနေတယ်။
သူမက သူမကိုယ်သူမ တွေးလိုက်ပြီး ပတ်၀န်းကျင်ကို လေ့လာလိုက်တယ်။ဒါက အတူတူပဲ။ဒါက သူမ ဟေဇယ်ကို တွေ့ခဲ့တဲ့ လမ်းပဲ။
ဒါပေမယ့်....ငါဒီအချိန်ဟေဇယ့်ကို မတွေ့ရသေးပါဘူး။ငါမှတ်တာ မမှားဘူးဆိုရင်သူနဲ့တွေ့ရဖို့ လအနည်းငယ်လိုသေးတယ်မို့လား။
သူမက တွေးဆလိုက်တယ်။ကေဆီဟာ သူမပြုလုပ်နေပုံကြောင့်ရပ်ပြီးသူမ ဘာလုပ်နေတယ်ဆိုတာကိုကြည့်လိုက်တယ်။အိမ်တော်ကြီးတခုရဲ့ သခင်မလေးဟာ မြေကြီးပေါ်မှာလေးဘက်ထောက်ပြီး တစုံတခုကို ကြည့်နေတယ်။
သူမ ဘာကိုကြည့်နေတယ်ဆိုတာကို ထပ်ကြည့်လိုက်တဲ့ အခါမှာတော့ လှိုဏ်ခေါင်းသဖွယ်ဖြစ်နေတဲ့ အခေါင်းပေါက်တခုကို တွေ့လိုက်ရတယ်။ဒါက ဘယ်သူ့အတွက်မဆို သေးလွန်းတယ်။
ဒါပေမယ့်....ဖြစ်နိုင်တာက
သူ့အတွေးမဆုံးခင်မှာဘဲ ထိတ်လန့်စရာဖြစ်လာတယ်။သူမက တွင်းထဲကို ရုတ်တရက်တွားသွားဝင်သွားတယ်။
သူက သူ့အသံကို မြှင့်ပြီး ခေါ်လိုက်တယ်။"အေဒီရာ"ဒါပေမယ့်သူမက ကြားပုံးမပေါ်ဘဲ ရှေ့ကိုပဲ ဆက်သွားနေတယ်။
"အေဒီရာ....shit"သူက ဆဲဆိုမိသွာပြီး အခေါင်းပေါက်ထဲကို ၀င်ဖို့ကြိုးစားလိုက်တယ်။ဒါက သူမ တစ်ယောက်စာအတွက်ကွက်တိလုပ်ထားသလိုမျိုး သူဝင်လို့မရခဲ့ဘူး။
သူက အမြန်ပြေးပြီး တခြားမိန်းကလေးနှစ်ယောက်ကို သွားခေါ်လိုက်တယ်။သူတို့ကတော့ ဆန့်နိုင်ကောင်းပါရဲ့။
ဒါပေမယ့်သူက ကြောင်တောင်တောင်ဖြစ်နေတဲ့ မိန်းခလေးနှစ်ယောက်နဲ့အတူ ပြန်လာတဲ့အချိန်မှာတော့ ထိုအခေါင်းပေါက်က မှော်ဆန်စွာဘဲ ပျောက်ဆုံးနေခဲ့တယ်။
ကေဆီမီရာအနေနဲ့ ထိုနေရာက မှန်တယ်ဆိုတာ သေချာတယ်။သူက အရေးကြီးတဲ့အရာတွေကို ဘယ်တော့မှ မမေ့တတ်ဘူး။ဒါပေမယ့်အခေါင်းပေါက်က မရှိတော့ဘူး။ဒါက အစကတည်းက မရှိခဲ့အရာ ဆိုရင်ရော။
Dam.mit!တစုံတခုက အေဒီရာကို ဝါးမျိုသွားတယ်။
YOU ARE READING
She become a passive villainess-not(trans)
Historical FictionOriginal author-@HalloweenGodspell ပထဆံုး ဘာသာျပန္ျခင္းမို႔ အမွားပါရင္ နားလည္ေပးပါ ။ ဖတ္ရအဆင္မေျပျဖစ္ခဲ့ရင္ ယခုဘာသာျပန္သူရဲ႕ ညံ့ဖ်င္းမႈပါ။မူရင္းဝတၳဳက အလြန္ ဖတ္ေကာင္းပါတယ္။