Extra 1

61.1K 4.9K 94
                                    

Uni

ပျားပန်းခတ်မျှလှုပ်ရှားနေသော လူများက ရန်ကုန်ဘူတာကြီးထဲ ခြေချင်းလိမ်နေကြသည်။ကောင်းဘွိုင်ဦးထုပ်ကို မျက်နှာလုံအောင် ခပ်ငိုက်ငိုက်ဆောင်းကာ သံချေးရောင်လည်သာကုတ်ကို ဝတ်ဆင်ထားတဲ့ လူရွယ်တစ်ယောက် ပိန်ပိန်ပါးပါးကိုယ်နဲ့ ကောင်သေးသေးလေးရဲ့ဘေး မျက်နှာသုန်မှုန်စွာနဲ့ ထိုင်နေလေသည်။ရှပ်အင်္ကျီလက်တိုနှင့် ပုဆိုးကိုခပ်တိုတိုဝတ်ထားတဲ့ ကောင်သေးလေးသည် တစ်ခုခုတွေးတောပူပန်နေကာ မျက်လုံးများ ဂနာမငြိမ်ဖြစ်လျှက်နေ၏။ သူဘယ်လောက် စိတ်လှုပ်ရှားနေသလဲဆို အဝတ်ထည့်သည့်ဖာတောင်းကို ခပ်တင်းတင်းဆုပ်ကိုင်ထားသဖြင့် နီရဲနေသည့်လက်များက သက်သေပင်။

ထိုသူတို့သည်ကား တခြားသူမဟုတ်။စီအိုင်ဒီစုံထောက်ကြီး ဒုန်းမြင်းရွှေလင်းမောင်နှင့် ငြိမ်းချမ်းအေးဆိုသည့် ကောင်ငယ်လေးတို့ပင်ဖြစ်သည်။

သည်ဖြစ်စဉ်အစမှာ လွန်ခဲ့သော တစ်ပတ်ခန့်လောက်မှစတင်၏။

သိမ်းဌက်ဂိုဏ်းအား မိမိတို့ဘက်မှအထိခိုက် အကျဆုံးမရှိ နှိမ်းနှင်းနိုင်ခဲ့သဖြင့် အူမြူးနေသော စုံထောက်ကြီးမှာ အရင်လိုဘိလပ်ရည်ဆိုင်တွေဖက် ခြေဦးမလှည့်တော့။ ကောင်လေးစောင့်နေမည့်အိမ်သို့ ထမင်းလက်စုံရန် ပြန်လာခဲ့သည်။သို့သော်အိမ်ပေါ်ဝ၌ ဆီးကြိုးနေသည့်မြင်ကွင်းက သူ့အားအသိစိတ်မဲ့စေသည်။

မိမိအိမ်ပြန်နောက်ကျသည့်နေ့များတွင် ကောင်လေးအဖော်ရရန် လာစောင့်ပေးဖို့ခေါ်ထားသည့် တစ်လမ်းကျော်မှ လန်ချားမောင်းသည့် ကုလားလေးသည် ကောင်လေး၏ခါးကိုဖက်လျက်

"အဲ့တာဘာဖြစ်နေတာလဲ"

"ဟာ...ဦးလေးကြီး ပြန်လာပြီ..."

"ဘာလဲ မင်းတို့အချိန်ကောင်းလေးကို ကျုပ်နှောက်ယှက်မိသွားသလား"

"ဗျာ..."

ပြန်မော့ကြည့်လာတဲ့ ကောင်လေးက ဘာမှမလုပ်ထားသည့်အတိုင်း။ထိုပုံစံကပင် လင်းမောင်ကို ပိုဒေါသထွက်စေသည်မို့ တစ်စစီမဖျက်ဆီးမိခင် ပြန်ထွက်လာခဲ့လိုက်၏။ခြေလှမ်းများဟာဖြင့် လမ်းထိပ်ဘုံဆိုင်သို့ ဦးတည်သည်။

My excellent husband (Uni+Zaw) CompleteWhere stories live. Discover now