အပိုင်း ၁၄

79.7K 8K 466
                                    

Uni

"အဲ့တာ ဘာလုပ်နေတာလဲ မိုမို..."

"ဟို...မိုမို...မိုမိုက.."

ဒေါသထွက်နေသည့် မောင့်ပုံစံကြောင့် ပြောစရာစကားများမေ့ကာ ဘာဆက်ပြောရမည်ကိုလဲ စဥ်းစားမရတော့ပေ။ထို့ကြောင့် ကြံရာမရဖြစ်ကာ အနည်းငယ် အားကိုးရလိုအားကိုးရငြား အကိုဖိုးမောင်တို့အား လှမ်းကြည့်လိုက်သော် ထိုသစ္စာဖောက်အုပ်စုမှာ မီးပုံဘေးရှိကုက္ကိုပင်နောက်တွင် ၀င်ပုန်းနေလျက် ခေါင်းလေးများဖော်ကာ မိုမို့အဖြစ်အား လှမ်းစပ်စုနေကြ၏။

"မိုမိုက... ပြီးဘာဆက်ဖြစ်သလဲ ပြောလေ..."

"ကျွန်တော်....အေးနေပြီ မောင်..."

မိုမိုမောင့်အား ဘာပြန်ပြောရမည်မှန်း မစဥ်းစားတတ်တော့ပေ။ ထို့ကြောင့် ယခုခံစားနေရသည်ကိုသာ အသံတိုးတိုးလေးဖြင့် ပြောပြမိသည်။ခုနကငါးလိုချင်ဇောနှင့်မို့ ဗွက်ထဲဆင်ရသည်မှာ ချမ်းမှန်းမသိသာသော်လည်း ခုလိုရပ်နေရသောအခါ တစ်ကိုယ်လုံးစိမ့်၍ အေးလာ၏။ထိုပြင်မိုမိုတို့ရပ်နေသောနေရာမှာ လယ်ကွင်းပြင်ဖြစ်သောကြောင့် လေများတဖြူးဖြူးနှင့် တိုက်ခတ်နေသည်ဖြစ်ရာ လေစိမ်းများကြောင့် မျက်လုံးများပူလာကာ နှာရည်များပင်ကျလာသည်။

ထိုအချိန်တွင် မိုမို့ပုခုံးပေါ်သို့ ရောက်လာသော မောင့်တိုက်ပုံအင်္ကျီနှင့်အတူ မောင်ကမျက်နှာပေါ်မှ ရွံ့များအား သူ့လက်ကိုင်ပုဝါနှင့် အသာသုတ်ပေးလာ၏။သည်လောက်ဆို အခြေအနေသိပ်မဆိုးသည်ကို ရိပ်မိသော မိုမိုမှာ မချဥ်ပြုံးလေးပြုံးကာ မျက်နှာလေးပင် မော့ပေးထားလိုက်၏။

လွင်မင်းခန့်မောင် မျက်စိရှေ့တွင် သနားစဖွယ်မျက်နှာလေးနှင့် ရပ်နေသော ခင်ပွန်းသည်ပေါက်စအား အလွန်တရာ အသည်းယားကာ ကိုင်စောင့်ချင်နေပြီဖြစ်၏။နေပူထဲ ကြာကြာထွက်လျှင်တောင် ဖျားမှာစိုးရိမ်နေသည့် ဒီကကောင်အား အားမနာ ဘုရားပွဲကိစ္စအတွက် မြို့ပေါ်ခဏသွားသည်ကို အခွင့်ကောင်းယူကာ ဒင်းကဒီမှာ ဗွက်လာလူးနေ၏။ဆူလိုက်လျှင်ဖြင့် မျက်နှာငယ်လေးနှင့် သနားစဖွယ်ဖြစ်အောင် လုပ်ပြတတ်၏။အခုလည်းမျက်နှာပေါ်ရှိရွံ့များအား သုတ်ပေးနေသည်ကို ဘာမှန်းမသိသောမျက်နှာပေးနှင့် ကြည့်ကာပြုံးပြလာသည့် ကောင်လေးအား နှာဖူးကိုနာအောင်ထုထည့်လိုက်၏။

My excellent husband (Uni+Zaw) CompleteWhere stories live. Discover now