1990 vibe အပြည့်အ၀ ရချင်ရင် ဒီသီချင်းလေးနဲ့ တွဲပြီး ဖတ်ကြည့်ဖို့ high recomment ပေးပါတယ်ဗျ။
Uni
အစကတော့ဖြုဖြူ×××ညိုသွားပြီ×××ခုတော့ ညိုသွားပြီ×××
ပျိုမှားပါပြီရှင်××ခေါ်လာမိတယ်×××
(အင်းလျားရေ တစ်စည်လောက်တော့××× လိုချင်ပါတယ်××× ၀ယ်ချင်ပါသူ×××)2
(ရွှေမန်းသူတွေ ရေခေါ်ချိုးတယ်××× တမျိုးနော်လှအောင်××× မိုးပေါ်ကြသူ×××)2
မီးရထားနဲ့တင်ဖို့ကြံတယ်××တန်ဆာခက သုံးရာလောက်တော့×××ယူမှာဧကန်×××ကြံကြံဖန်ဖန် ရန်ကုန်သူ×××မန္တလာမြင်တို့ ရန်ကုန်သူ××မန္တလေးသွားလို့ အသားမည်းပြန်သတဲ့ဆူ×××
(ရွှေဘိုသနပ်ခါးတုန်းများ ရန်ကုန်လိမ်းဖို့ယူ××ဘယ်လို အသားမည်းမည်း ဝါဝါညက်ညက်ဖြူ)2
....................................................
မန္တလာမြင့် သီဆိုထားသည့် ရွှေဘိုသနပ်ခါး သီချင်းသည် အိမ်ရှေ့ခန်းရှိ ရေဒီယိုရသမ်မှ အေးအေးငြိမ့်ငြိမ့် ထွက်ပေါ်လျှက်ရှိ၏။မနက်ကိုးနာရီ ရှိနေပြီဖြစ်သော်လည်း ဧည့်ခန်းဆက်တီတွင် ပျင်းရိစွာ လှဲလျောင်းနေသည့် ဆံပင်ကောက်ကောက်နှင့် ကောင်လေးမှာ နေပူစာလှုံနေသည့် ကြောင်ပျင်းလေးနှင့် တူပေလှသည်။
ကြီးကြီးနှင့် နုဒါလေးမှာ အမျိုးများလာလည်သဖြင့် ရွှေတိဂုံဘုရားသို့ ဘုရားဖူးသွားကြသော်လည်း သနားစရာကောင်းသော မိုမိုလေးခင်မျာ နေမကောင်သေး ဟူသည့်အကြောင်းပြချက်နှင့် အိမ်တွင်သာ နေခဲ့ရရှာ၏။ထို့ကြောင့် မောင့်အား စိတ်ကောက်ကာ တနေ့လုံးစကား မပြောဟုဆုံးဖြတ်ထားသည်။မနေ့က သံအမတ်ကြီး လက်ဆောင်ပေးလိုက်သည် ဟုဆိုကာ မောင်ယူလာခဲ့သည့် နိုင်ငံခြားမှလာသော ချောကလက်ပြားများအား တစ်ခုပြီးတစ်ခု ယူစားနေရင်းက အတွေးများက ဆေးရုံပေါ်၌ ပထမဆုံး သတိရလာသည့် အချိန်များသို့ ရောက်ရှိသွားတော့၏။
ESTÁS LEYENDO
My excellent husband (Uni+Zaw) Complete
Romance1920ခုနှစ်လောက်က လူနေမှုပုံစံတွေကို inspireယူပြီး ရေးဖွဲ့ထားတဲ့ Own Creation rebirth fictionလေးပါ။ _________# Starting date_26.6.2020 Ending date_6.11.2020 #nyo yee poe loon🐌
