uni
ခြံထဲရှိပိတောက်ပင်ကြီးတွင် ပိတောက်ပန်းများဝေနေသဖြင့် မနက်ခင်းလတ်ဆတ်သည့်လေတွင် ပိတောက်ရနံ့များ ကြိုင်နေ၏။ညဦိးပိုင်းက တစ်ပြိုက်နှစ်ပြိုက် သည်းသွားသည့်မိုးကြောင့် မြေသင်းနံ့သင်းပျံ့ပျံ့သည် မိုးလင်းကတည်းက နှာဝ၌လာကျီစယ်နေသည်။တစ်နွေလုံးပူလောက်လိမ့်ပိန့်လာသမျှ မိုးလေးရွာလိုက်မှ နေသာထိုင်သာရှိသွားသလို။ပတ်ဝန်းကျင်ဟာလည်း ခြောက်သွေ့ဖုန်တက်နေရာမှ လန်းလန်းဆန်းဆန်းနှင့် မြင်မြင်သမျှစိမ်းမြနေသည်။
သည်ကနေ့ဟာ သင်္ကြန်အကြိုနေ့။မအေးရီတို့ကို လွန်ခဲ့သည့်ရက်များထဲက ရွာပြန်ခွင့်ပြုခဲ့ပြီးနောက် ကြီးကြီးသည်လည်း သင်္ကြန်တရားစခန်းဝင်လေရာ အိမ်ကြီးတွင် မိုမိုတို့မိသားစု သုံးယောက်သာ ကျန်နေခဲ့၏။သည်လိုဆိုတော့လည်း နေရတာဟာ ခြောက်ခြောက်ကပ်ကပ်နှင့် ပျင်းစရာ။နုဒါလေးရှိလို့သာ တော်ရော့သည်။နိူ့မို့ဆို မိုမိုပျင်းလွန်းလို့ သေသွားနိုင်လောက်သည်။
မောင်ကမနက်အစောကြီး မြို့တော်မဏ္ဍပ်ကိုဖဲကြိုးဖွင့်ရန် သွားသဖြင့် အိမ်တွင်မိုမိုတို့၂ယောက်တည်း။ဒါကို အိပ်ပုတ်ကောင်လေးဟာ အိပ်ယာမှမထချင်သေးဟုဆိုလာ၏။ ထို့ကြောင့် မိုမိုလည်းကော်ဖီတစ်ခွက်ယူကာ နုဒါလေးအိပ်နေသည်အားစောင့်ပေးရင်း ဝရန်ဒါ၌ထိုင်နေရတော့သည်။
တင်း...တောင်...တင်း...တောင်
"ဗုဒ္ဓေါ"
ခြံတံခါရှိဘဲလ်သံက တိတ်ဆိတ်သောအိမ်ကြီး၌ ကျယ်လောင်စွာထွက်ပေါ်လာ၏။မောင်ပြန်လာသည်တော့ မဖြစ်နိုင်။မောင်ပြန်လာလျှင် ကိုယ့်ဟာကိုယ်ဖွင့်ဝင်လာလိမ့်မည်။ဒါဖြင့် ဘယ်သူများ အလိုက်ကမ်းဆိုးမသိ စွတ်တီးပါလိမ့်။
တင်း...တောင်...တင်း...တောင်
မိုမိုကော်ဖီခွက်ချပြီး ထွက်ကြည့်မည်အပြု ဘဲလ်သံမှာ နောက်တစ်ကြိမ်ထွက်ပေါ်လာပြန်၏။
"လာပြီ...လာပြီ"
ခဏလေးတောင်စိတ်မရှည်သည့် ဘဲလ်တီးနေသူအား စိတ်ထဲမှမေတ္တာပို့ကာ ခြံထဲအပြေးဆင်းလာရသည်။
YOU ARE READING
My excellent husband (Uni+Zaw) Complete
Romance1920ခုနှစ်လောက်က လူနေမှုပုံစံတွေကို inspireယူပြီး ရေးဖွဲ့ထားတဲ့ Own Creation rebirth fictionလေးပါ။ _________# Starting date_26.6.2020 Ending date_6.11.2020 #nyo yee poe loon🐌
