အခန်း ၃

118K 9.4K 395
                                        

Uni

'မင်းက မာမီတို့ရဲ့ သားအရင်းမဟုတ်ဘူး...'

'မင့်ကြောင့်မာမီသေရတာ...'

'ခုမင့်ကြောင့် မင့်ယောက်ျားလည်း သေပြီ...'

'မင်းကမမွေးဖွားလာသင့်တဲ့ မကောင်းဆိုးဝါးဘဲ...'

'မင်းပိုင်ဆိုင်သမျှ အရာအားလုံးကို ငါဖျက်ဆီးပြစ်မယ်...'

'ဟား...ဟား....'

"အား...မလုပ်နဲ့"

မိုမိုကြောက်လန့်တကြားအော်ဟစ်ရင်း အိပ်နေရာမှနိုးလာခဲ့၏။ထိုနေ့မှအ​ဖြစ်အပျက်များသည် ညစဥ် ထပ်တလဲလဲမက်လေ့ရှိသော အိမ်မက်ဆိုးများအဖြစ် မိုမိုအားခြောက်လန့်လျက်ရှိသည်။သို့သော် ထိုအဖြစ်အပျက်များသည် အိမ်မက်တစ်ခုမဟုတ် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်မှန်များသာ။တုန်လှုပ်နေသည့်စိတ်အား ငြိမ်သက်သွားစေရန် စားပွဲပေါ်ရှိရေကရားမှရေကို ဖန်ခွက်နှင့် အပြည့်ထည့်ကာ မော့သောက်လိုက်၏။

"ဟဲ့...အမြိုင် ညည်းသိပြီးပလား...လာမဲ့အပတ်ထဲမယ် ဟိုမြို့အုပ်မင်းနဲ့ မမကြီးတို့ကို စေ့စပ်ပေးတော့မယ်တဲ့တော့"

"ဘယ်မြို့အုပ်မင်းတုန်း အမကြင်ရဲ့"

"ဘယ်မြို့အုပ်မင်းရမှာတုန်း... ဟိုအသစ်ပြောင်းလာတဲ့ ကလေးအဖေမြို့အုပ်မင်းပေါ့"

အပြင်မှကြားလိုက်ရသော အိမ်အကူအမျိုးသမီးနှစ်ယောက်အသံတွင် မောင့်အကြောင်းပါလာသဖြင့် အခန်းအပြင်ထွက်ဖို့လှမ်းနေသော ခြေထောက်တို့မှာ ကုတင်ပေါ်သို့အသာအယာထိုင်ချမိတော့သည်။

"ဟုတ်လား အမြိုင်တော့ မကြားမိပေါင်...အမကြင် ဘယ်ကများကြားလာသတုန်း"

"ကျုပ် မနက်အစော မမကြီးအခန်းကို သန့်ရှင်းရေးလုပ်ဖို့အသွား တိုက်သူကြီးမင်းပြောနေသံကို ကျုပ်နားနဲ့ဆက်ဆက် ကြားခဲ့တာတော့..."

"သည်လိုဆိုဖြင့် သေချာရောပေါ့ အမကြင်... အဲ့ဒါ ကောင်းတယ်မလား။ အမကြင်က ဘာဖြစ်နေတာတုန်း"

"ဘယ်ကကောင်းရမှာတုန်းအေ...အဲ့မြို့အုပ်မင်းက ဒေါသကြီးပြီး ကြောက်ဖို့ကောင်းလွန်းတယ်လို့ နာမည်ကြီးနေတာဟ။ဘိလပ်ကပြန်ရောက်တာ မကြာသေးပေမဲ့ သူအလုပ်ဝင်ကတည်းက ပြုတ်လိုက်တဲ့ ဝန်ကြီးဝန်ကလေးတွေ၊အရာရှိကြီးငယ်တွေဆိုတာ ရေလို့တောင်မရလို့ သူတို့အသိုင်းအဝိုင်းကြားမယ်တော့ မြို့တော်သားရဲကြီးဆိုပြီး နာမည်ကြီးတယ်တဲ့။သူ့အိမ်မှာဆိုလည်း သူ့စိတ်အဆင်မပြေရင် အိမ်စေတွေကိုရိုက်နှက်တတ်တယ်ဆိုပြီး သတင်းသဲ့သဲ့ထွက်လာသေးတယ်။တစ်ခါကလည်း သူဒေါသထွက်အောင် လုပ်လို့ဆိုပြီး အိမ်စေတစ်ယောက်ကိုရိုက်လိုက်တာ လက်လွန်ပြီးသေသွားတဲ့"

My excellent husband (Uni+Zaw) CompleteWhere stories live. Discover now