အပိုင်း ၃၃

115K 7.9K 518
                                        

uni

အင်းစိန်ခရိုင်ဝန်ရှင်တော်မင်းကြီးရုံး၌ လွင်မင်းခန့်မောင်တစ်ယောက် ရာထူးလွဲပြောင်းခြင်း အစီရင်ခံစာများ၊အမှုတွဲများ၊မြို့တော်တိုးတက်ရေး စီမံချက်များကိုရေးဆွဲထားသည့် ဌာနအသီးသီးမှ အစီရင်ခံစာများ၊ အစည်းဝေးတွင် အဆုံးအဖြတ်ပေးရမည့် စာရွက်စာတမ်းများ စသည့်စာရွက်ပေါင်း တစ်သောင်းခြောက်ထောင်ဖြင့် အလုပ်ရှုပ်နေရ၏။ထိုစဥ် အနားသို့လာကာ ခေါင်းကုပ်ဖင်ကုပ်လုပ်နေသည့် အပါးတော်မြဲ မောင်ထွေးအား မျက်စိနောက်လာသဖြင့်

"ကိုင်း ဘာဖြစ်သလဲ... ပြောစရာရှိလဲပြော "

"ဟို... အပြင်ဘက်မှာ အကိုလေးလေ ဘာဖြစ်လာသလဲမသိပါဘူး ငိုပြီးရောက်လာ..."

"ဘာကွ"

'ဘာ'ဟူသည့်အသံဆုံးသည်နှင့် အပြင်သို့ ရောက်နှင့်ပြီဖြစ်သော ရှင်တော်၀န်မင်းကြောင့် မောင်ထွေးခမျာ အကြောင်းအရင်းကိုပင် ပြည့်စုံအောင် မရှင်းပြလိုက်နိုင်ပေ။

လွင်မင်းခန့်မောင် အခန်းအပြင်ရောက်သည်နှင့် အလွတ်ရနေပြီဖြစ်သော နောက်ကျောလေးအား ရှာဖွေမိ၏။

"မိုမို"

"မောင်"

တရှံ့ရှုံ့နှင့်မျက်ရည်များကျနေကာ မိမိကိုမြင်သည်နှင့် ရင်ခွင်ထဲပစ်၀င်လာသည့် ကောင်လေးကြောင့် ခြေမကိုင်မိလက်မကိုင်မိ ဖြစ်သွားရ၏။

"ဘာဖြစ်လာသလဲ မိုမို...မောင်ရောက်လာပြီလေ အချစ်ရယ် မောင်ရှိနေပြီနော်...မငိုနဲ့တော့ တိတ်...တိတ်။မော့ပါဦး တစ်ခုခုဖြစ်လာသလားလို့ မောင် ကြည့်စမ်းပါရစေ..."

မျက်နှာလေးအားမြင်လို၍ ပုခုံးနှစ်ဖက်မှကိုင်ကာ ဆွဲထုတ်သော်လည်း ခါးမှအင်္ကျီစအား ကျစ်ကျစ်ပါအောင် ဆုပ်ထားကာ ခေါင်းခါပြလာ၏။

ထိုမြင်ကွင်းအား ကြည့်နေရရှာသော မောင်ထွေးမှာ လူပျိုကလေးပီပီ မျက်နှာပူလှသဖြင့်

"အဟင်း...အဟမ်း...ကျတော် အကိုလေးဖို့ရုံးရှေ့က ကြံရည်သွား၀ယ် လိုက်ပါဦးမယ်"

မိမိအား မည်သူမျှ အဖက်မလုပ်လောက်ဟု ထင်သော်လည်း ရိုသေသမှုနှင့် အသိပေးလိုက်၏။သို့သော် ထင်သည့်အတိုင်း တကယ်ပင် မည်သူမျှ အဖက်ပြန်မလုပ်သဖြင့် ရှက်လက်စတန်းလန်းနှင့်ပင် ကြံရည်၀ယ်ရန်ရုံးရှေ့သို့ ထွက်ခဲ့လိုက်ရလေသည်။

My excellent husband (Uni+Zaw) CompleteTempat cerita menjadi hidup. Temukan sekarang