အခန်း ၆

93K 8.9K 944
                                    

Uni

"ထိုင်နှင့်ဦး ကိုယ်ရေချိုးလိုက်ဦးမယ် ပြီးမှ စကားအေးဆေး ပြောကြတာပေါ့"

"ဟုတ် ဟို...ကျတော်ကူပေးမယ်လေ"

အပြောထက်လက်ကမြန်စွာ မောင့်ရင်ဘက်မှကြယ်သီးများအား ဖြုတ်ပေးနေပြီဖြစ်၏။လစ်ဟာသွားသောအင်္ကျီအောက် ပေါ်ထွက်လာသည့်အသားဆိုင်တို့က အကြည့်မလွဲချင်စရာ။မိုမိုနှင့်ယဉ်လျှင် မောင်က အတော်အသားလှသည့်ထဲ ပါသည်ဟုပြောရမည်။ဖြူသည်လည်းမဟုတ် မြန်မာဆန်သည့်အသားအရည်က ဝင်းနှစ်နေ၏။ဗိုက်မှထင်ရှားလှသည့် ကြွက်သားအမြှောင်းများမှာ အကြည့်မလွှဲချင်စရာ။ထိုထဲတွင်မှ အင်္ကျီချွတ်ပြီးနောက် ပေါ်လာသည့်​ကျောပြင်ကျယ်တွင် စုတ်ထိုးထားသည့် နဂါးပုံက မောင့်အားရစ်ပတ်ထားသကဲ့သို့ အသက်ဝင်လွန်းလှသည်။

မိုမိုသတိလက်လက်ဖြင့် ထိကိုင်ကြည့်မည်အပြု

"ကြည့်လို့ပြီးပလား မပြီးသေးလဲ ထွက်လာမှပဲကြည့်တော့နော်။ ရေချိုးဖို့နောက်ကျနေပြီမို့..."

"အဟွတ်...အဟွတ်...ဘယ်သူကများ ကြည့်နေလို့လဲ"

မောင်ဟာ မကြည့်ရင်လည်းပြီးတာပဲ ဟူသောပုံစံဖြင့် မျက်ခုံးပင့်ပြကာ သဘတ်တထည်အားပုခုံးတင်လျှက် ရေချိုးခန်းထဲသို့ ဝင်သွားတော့၏။

'အား...ရှက်ဖို့ကောင်းလိုက်တာ သေလိုက်ပါလား မိုမိုရယ် '

ကျန်နေခဲ့သော မိုမို့မှာသာ ကုတင်ပေါ်လိမ့်ရင်း မောင့်အား နှာဘူးကလေးလုပ်မိသည်အတွက် ရှက်သွားရကာ ခြုံစောင်ကြီးထဲသို့တိုး၀င်၍ အိပ်ချင်ယောင်ဆောင်နေလိုက်တော့သည်။

လွင်မင်းခန့်မောင် ရေချိုးပြီးပြန်ထွက်လာသောအခါ ကုတင်ထက်တွင် စောင်ခေါင်းမြှီးခြုံကာ ပုန်းနေသော ကောင်ငယ်လေးအား တွေ့လိုက်ရ၏။မိမိအင်္ကျီစချွတ်သည်အား ကူညီပေးရန်လှမ်းကြည့်နေသော ကောင်လေးမှာ ကျောဘက်ဆေးမှင်ရုပ်ကိုသာ ဟန်မဆောင်နိုင်အောင် သဘောကျသွားမှန်းသိ၏။သို့သော်ရုပ်တည်ကြီးနှင့် စလိုက်သည်တွင် နားရွက်များနီလာပြီး ရှက်သွားသည်မှာလည်း လွန်စွာချစ်ဖို့ကောင်းပေစွ။

My excellent husband (Uni+Zaw) CompleteWhere stories live. Discover now