အပိုင်း ၂၅

86.7K 7.3K 338
                                        

Uni

"ဒေါက်~ဒေါက်"

အခန်းတံခါးခေါက်သံကြောင့် မိုမို အိပ်နေရာမှ နိုးလာခဲ့၏။မနက်အစော သဇင်ဥများအား ထမင်းရည်သွားလောင်းပြီးကတည်းက ပြန်တတ်အိပ်နေသည်မှာ ယခုနေအတော်လင့်နေချိန်ထိဖြစ်၏။

"ဘယ်သူပါလဲ"

"အကိုလေး ကျမအေးရီပါ"

"အာ...ဟုတ် မအေးရီ။ကိစ္စအထွေထူးရှိလို့လားဗျ"

"ဟို~ကြီးကြီးက အောက်ကိုခဏဆင်းလာခဲ့ဖို့ ပြောခိုင်းလိုက်လို့ပါ... ခြေထောက်ထောက်နိုင်သလား အကိုလေး"

"ဘာဖြစ်လို့ပါလိမ့်။ခြေထောက်က အနာရင်းနေသေးတာမို့ သိပ်ထောက်နိုင်မယ်ဘူး။ကိစ္စကအရေးကြီးသလား...မအေးရီ"

"ကြီးမယ်ထင်တယ်အကိုလေး... ကြီးကြီးဒေါသလည်းထွက်နေပုံတယ်"

"ဟုတ်လား။ကောင်းပါပြီ ဒါဖြင့် ကျွန်တော်ဆင်းလာခဲ့ပါ့မယ်။ကျွန်တော့်ကိုတွဲကူဖို့ ကိုမောင်ချစ်ကို လွှတ်ပေးပါလား မအေးရီ"

"ဟုတ်ကဲ့ အေးရီလွှတ်လိုက်ပါ့မယ်"

မအေးရီထွက်သွားသံကြားမှ မိုမိုကတင်ပေါ်ကထကာ လူမမာရုပ်ပေါက်သလားလို့ မှန်ရှေ့အပြေးသွားကြည့်လိုက်၏။အိပ်ရာထကာစ နွမ်းဖတ်ဖတ်မျက်နှာလေးကြောင့် စိတ်တိုင်းကျသွားကာ လူမိုက်အပြုံးပြုံးလိုက်ပြီး ကုတင်ပေါ်ပြန်တက်ကာ မောင်ချစ်အလာကိုမလှုပ်မယှက် ထိုင်စောင့်နေလိုက်သည်။

မအေးရီမပြောလည်း ဘာဖြစ်နေသည်ကို မိုမိုသိ၏။သဇင်ဥပြသနာပဲ နေလိမ့်မည်။ထိုလုပ်လုပ်ဖို့ မိုမိုစဉ်းစားမိသည်က ယခင်ဘ၀ကသူမဟာ ကြီးကြီးနှစ်သက်သည့် သဇင်ပန်းပင်များလက်ဆောင်ပေး၍ ကြီးကြီး၏အမြင်ကြည်မှုများအားလုံး သိမ်းပိုက်ကာ မိုမို့နေရာအား၀င်ယူပြီး အိမ်၏အတွင်းရေးမှန်သမျှ သူမစိတ်ကြိုက် ချယ်လှယ်နိုင်ခဲ့၏။ခုများဖြင့် သည်သဇင်ပန်းများကြောင့် သူမသည်အိမ်ကြီးက ထွက်သွားရတော့မည်။

___

မိုမိုမောင်ချစ်အကူအညီဖြင့် အောက်ထပ်သို့ဆင်းလာသောအခါ ခေါင်းငုံ့၍ထိုင်နေသော မမကြီးနှင့် အိမ်ရှိအလုပ်သမားများသည်လည်း လူစုံတက်စုံရောက်နေကြ၏။

My excellent husband (Uni+Zaw) CompleteHikayelerin yaşadığı yer. Şimdi keşfedin