Uni
'ဒိုင်း...ဒိုင်း´
ကိုယ်ပေါ်သို့ ကျရောက်လာမည့် ရိုက်ချက်များကိုစောင့်စားနေခိုက် ကျယ်လောင်လွန်းသည့် သေနတ်ပစ်သံများနှင့်အတူ အနက်ရောင်ဝတ်လူများမှာ ကြမ်းပြင်ပေါ်သို့အတုန်းအရုန်း လဲကျကုန်၏။မှုန်ဝါးနေသည့် အကြည့်ကြောင့် အိမ်ထဲသို့ပြေးဝင်လာသည့် ပုံရိပ်အားသိပ်မသဲကွဲ။
"မိုမို..."
စိုးရိမ်တကြီးလှမ်းအော်သံတွင် နွေးထွေးမှုတို့ပါ၏။ထိုလူသားမှာ မောင်ဖြစ်မှန်း အတည်ပြုပြီးနောက် ပင်ပန်းလွန်းသော စိတ်အစဉ်အားအနားပေးရန် မိုမို့အသိအာရုံတစ်ခုလုံး အမှောင်ထုထဲသို့ ကျရောက်သွားတော့သည်။
ညွှန့်ခင်ခင်မိုးမှာ အတုံးအရုန်းလဲကျနေသော မိမိဘေးမှလူများအားကြည့်ကာ ခြေမကိုင်မိလက်မကိုင်မိဖြစ်နေရှာ၏။ သူ့ကြီးတော်ဆီရောက်နေရမည့် မြို့အုပ်မင်းမှာ အဘယ်ကြောင့်သည်နေရာသို့ ရောက်ရှိလာရပါသနည်း။အသာစီးရနေရာမှ ရုတ်ချည်းပြောင်းလဲသွားသော အခြေအနေအား အဖြေရှာမရဖြစ်နေ၏။
"ကြိုးကိုင်သူနှစ်ယောက်ကလွဲရင် တစ်ယောက်မှအရှင်မထားနဲ့"
လွင်မင်းခန့်မောင်၏စကားအဆုံး အနောက်မှပါလာသော ပုလိပ်တပ်သားများမှာ ခြေသံလုံလုံနှင့်အိမ်ပေါ်ထပ်သို့ တက်သွားတော့၏။များမကြာမီ အနက်ရောင်အလောင်းများနှင့် ရုန်းကန်နေသော တိုက်သူကြီးမင်းသည် ချုပ်နှောင်ခံရကာ ပါလာခဲ့၏။
"မင်း...မင်း ခွေးမသား။ဥပဒေကို လက်တစ်လုံးခြား လှည့်စားနေတဲ့ကောင်။လွတ်စမ်း ကျုပ်ကိုခုလွတ်။ခွေးမသားတွေ ကျုပ်ကိုဘာထင်နေသတုန်း။တိုက်သူကြီးမင်း ညွှန့်မိုကွ... တိုက်သူကြီးမင်း ညွှန့်မို"
ပါးစပ်ထဲရောက်ခါနီးအစာအား ပုတ်ချခံလိုက်သော သားဖနှစ်ယောက်မှာ ယခုအခါမှမိမိတို့သည် သားရဲကြီးဆင်ထားသော ထောက်ချောက်ထဲ ရောက်သွားမှန်းသိရကာ ကြောက်လန့်တကြား အော်ဟစ်ရုန်းကန်ကုန်၏။
ရဲမင်းကြီးလက်ထဲရုန်းကန်ကာ ပါသွားသောထိုလူများ မြင်ကွင်းထဲကပျောက်သွားမှ မေ့မျောနေသည့်မိုမိုကိုယ်လေးအားပွေ့ကာ အခန်းထဲသို့သယ်သွားလိုက်၏။ထို့နောက် ဆရာဝန်ကြီးအားဖုန်းခေါ်ရန် အောက်ထပ်ပြန်ဆင်းလာသော် ဧည့်ခန်းမကြီးဆီရောက်နေသော အမျိုးသမီးများမှာ ကြောက်စိတ်ပြေသေးဟန်မတူ တစ်ယောက်နှင့်တစ်ယောက်ပွေ့ဖက်ကာ နှစ်သိမ့်နေကြလေ၏။
VOUS LISEZ
My excellent husband (Uni+Zaw) Complete
Roman d'amour1920ခုနှစ်လောက်က လူနေမှုပုံစံတွေကို inspireယူပြီး ရေးဖွဲ့ထားတဲ့ Own Creation rebirth fictionလေးပါ။ _________# Starting date_26.6.2020 Ending date_6.11.2020 #poe_nyo🐌