Uni
လွင်မင်းခန့်မောင်တစ်ယောက် စာကြည့်ခန်း၀င်နေသည်မှာ တိုက်သူကြီးမင်းဦးညွန့်မို၏ နေအိမ်မှပြန်လာကတည်းကဖြစ်သည်။
အကြောင်းမှာ အပါးတော်မြဲ မောင်ထွေးစုံစမ်းခိုင်းပေးလာသည့် အညိုရောင်ကလေးနှင့် သူ့မိသားစုအတွင်းရေး သတင်းများကြောင့်ပင်။ရလာသည့်သတင်းမှာ စိတ်ချမ်းမြေ့စရာတစက်မှမရှိ သည်မျှရှုပ်ထွေးသည့် မိသားစုအား လက်ခံမိသည်မှာပြီဟုပင်ထင်မိ၏။သို့သော် ခပ်ပြုံးပြုံးမျက်နှာကလေးနှင့် သူ့အားအားကိုးတကြီး ချစ်ရေးဆိုနေသည့် ကောင်ငယ်လေးအား တွေးမိပြန်တော့လည်း လက်မလွတ်ချင်။
ဟင်း...
စဥ်းစားရင်း လွန်ဆွဲမိရင်း သံသရာလည်နေကာ သည်နေ့အတွက် ဘယ်နှစ်ကြိမ်မြောက်မှန်း မသိသောသက်ပျင်းကို ချမိပြန်၏။မင်းက ဘယ်လိုကောင်လေးလဲ မိုမို...
"ဒေါက် ဒေါက်"
အပြင်မှ တံခါးခေါက်သံကြောင့် အတွေးတို့မှာ လက်ရှိကာလသို့ ပြန်ရောက်ရှိလာ၏။သည်အချိန်ကြီး တံခါးလာခေါက်ဝံ့သည်မှာ မောင်ထွေးမှလွဲ၍ အခြားမဖြစ်နိုင်သောကြောင့်
"၀င်လာခဲ့"
စကားသံအဆုံး အခန်းတံခါးမှာ ဖြေးညှင်းစွာပွင့်လာပြီး အပါးတော်မြဲမောင်ထွေး ၀င်လာသည်။
"ဘာကိစ္စလဲ..."
"အိမ်အောက်မယ် တိုက်သူကြီးမင်း ရောက်နေလို့ပါ မြို့အုပ်မင်း..."
" သည်အချိန်ကြီးကိုလေ..."
"ဟုတ်ကဲ့ အရေးကြီးလို့လား မေးတာလည်း မဖြေဘဲ မြို့အုပ်မင်းနဲ့ တွေ့ချင်တယ်ချည်း ပြောနေလို့"
"အင်း လာခဲ့မယ်သွားနှင့်..."
"ကောင်းပါပြီ"
မောင်ထွေးထွက်သွားသည်နှင့် စာကြည့်စားပွဲမှထကာ အ၀တ်အစားအား အနည်းငယ်သပ်ရပ်အောင်ပြင်၍ အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်။သို့သော်အောက်ထပ်သို့မရောက်မီ ဧည်ခန်းဆီမှဦးညွှန့်မိုနှင့် သားငယ်၏နို့ထိန်းသူဇာတို့ ရယ်သံကို ကြားလိုက်ရသဖြင့် လွင်မင်းခန့်မောင်၏ ထူထဲသောမျက်ခုံးတန်းနှစ်ခုမှာလည်း အလိုမကျသလိုကြုံသွားရ၏။
YOU ARE READING
My excellent husband (Uni+Zaw) Complete
Romance1920ခုနှစ်လောက်က လူနေမှုပုံစံတွေကို inspireယူပြီး ရေးဖွဲ့ထားတဲ့ Own Creation rebirth fictionလေးပါ။ _________# Starting date_26.6.2020 Ending date_6.11.2020 #nyo yee poe loon🐌
