Uni
တဖက်တွင်လည်း လွင်မင်းခန့်မောင်တစ်ယောက် မိမိအား လာနှုတ်ဆက်သမျှ လူတိုင်းအား လက်မလည်တမ်း လက်ခံစကားပြောနေရ၏။
"မြို့အုပ်မင်း...အဲ့...အဲ့ဗျာ... ယောင်လို့ ခုတော့၀န်ရှင်တော်မင်း လို့ခေါ်ရတော့မပေါ့။ဝန်ရှင်တော်မင်း တစ်ယောက်တည်းလားဗျ"
လွင်မင်းခန့်မောင်အား လာရောက်နှုတ်ဆက်လေသော သတင်းစာဆရာကြီး ဦးမြကြိုင်ဖြစ်၏။
"မဟုတ်ရပေါင်ဗျာ အိမ်သားပါလာပါရဲ့။ဟိုမယ် သစ်တော၀န်ထောက် ကတော်တွေနဲ့ အဖွဲ့ကျနေလေရဲ့။ဆရာကြီးကရော ဆရာကတော် မပါလာဘူးလားဗျ"
"ဟာ~~ဘယ်နှယ့်ပြောလိုက်ပ ဝန်ရှင်တော်မင်းရယ်။သည်ကနေ့တော့ ကျုပ်ဟာ လူပျိုကလေး လုပ်မှာဗျ"
"နိူ့...ရရစ်နဲ့ ပြိုတာလား ဆရာကြီးရဲ့"
"ဘယ်လိုပြိုပြိုပါဗျာ အဓိကက ပြိုရဖို့ပဲ မဟုတ်ကလား"
"ဟား...ဟား... ဟုတ်ပရဲ့ဗျာ။မှန်ပါရဲ့"
၀၀ဖိုင့်ဖိုင်နှင့် ဆရာကြီးမှာ အလွန်ဟာသဉာဏ်ရွှင်သော လူကြီးဖြစ်သည့်အထဲ ပွစိစိဖြစ်နေသာ သူ့ပုံစံကြောင့် လူမြင်ကတည်းကပင် ဝိုင်းထဲရှိလူများမှာ ပြုံးစိစိဖြစ်နေကြရာ ယခုတော့ဖြင့် လွင်မင်းခန့်မောင်တို့ဝိုင်းမှာ ပါးစပ်မစိစတမ်း ပွဲကျနေတော့သည်။
ဤသို့ဖြင့် ၉နာရီထိုးခါနီးအချိန်တွင် နှုတ်ဆက်လာသူများ ကုန်သလောက်ရှိပြီဖြစ်၏။ပွဲခင်းထဲရှိ လူများသည်လည်း ကိုယ့်အစုနှင့်ကိုယ် အဖွဲ့ကျကာ ထွေနေကြပြီဖြစ်၏။ထိုအခါမှ ယမကာတစ်ခွက်နှင့် မိမိအားအကာအကွယ်ယူကာ ငြိမ့်နေသော သူငယ်ချင်းဖြစ်သူအား သတိထားမိ၏။
သူငယ်ချင်းဖြစ်သူ၏ ရီဝေဝေမျက်လုံးများလားရာ အကြည့်ရောက်မိသည်တွင် ၀န်ထောက်ကတော်များဝိုင်းတွင် မိမိအမျိုးသားလေးဘေးထိုင်ကာ ပါးနှစ်ဖက်အပြည့် အစားများထည့်လျှက် ထိုအမျိုးသမီးများပြောသော ဟာသကို အားရပါးရရယ်မောနေသော ကောင်ငယ်လေးဆီသို့ဖြစ်၏။မိမိအမျိုးသားထပ်ငယ်မည့်ပုံရသည့် ကောင်လေးကဖြူဖြူအုအုနှင့် ပီဘိကလေးတစ်ယောက်လို။မိမိသူငယ်ချင်း လူကြမ်းကြီးနှင့်ယဉ်ပါက သားအဖကဲ့သို့ဖြစ်နေမည်ဖြစ်သော်လည်း တော်တော်ဖြစ်နေပုံရသော သူငယ်ချင်းဖြစ်သူကြောင့် အနည်းငယ်လှော်ပေးလိုက်မည်ဟု စိတ်ကူးရပြီးနောက်
ESTÁS LEYENDO
My excellent husband (Uni+Zaw) Complete
Romance1920ခုနှစ်လောက်က လူနေမှုပုံစံတွေကို inspireယူပြီး ရေးဖွဲ့ထားတဲ့ Own Creation rebirth fictionလေးပါ။ _________# Starting date_26.6.2020 Ending date_6.11.2020 #nyo yee poe loon🐌
