အပိုင်း ၂၆

85.4K 7K 428
                                        

Uni

ညစာစားသောက်ပြီး မိုမို အိမ်အပေါ်ထပ်ရှိ လသာဆောင်တွင်ထိုင်ကာ ယခင်ဘ၀က ဖြစ်ပွါးခဲ့သော အကြောင်းအရာများနှင့် ယခုဖြစ်ပျက်သွားသည့်အကြောင်းအရာများအား ချိန်ထိုးကာ စဥ်းစားနေမိသည်။

မိုမိုသေဆုံးခဲ့သောဘ၀တွင် မမကြီးက ဥယျာဥ်ထဲသဇင်ပန်းများ အပြည့်စိုက်ပျိုးပေးခဲ့ပြီးနောက် ကြီးကြီးထံမှ မျက်နှာသာရခဲ့ကာ ကြီးကြီးနှင့်အလွန်ကောင်းမွန်သော ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ခဲ့သည်။မကြာမီကြီးကြီးက နေရပ်သို့ပြန်သွားခဲ့ပြီး ထိုအချိန်မှစ၍ မမကြီးသည် သည်အိမ်ကြီး၌အိမ်တော်သခင်မ ဖြစ်လာကာ တစ်အိမ်လုံးသူ့ခြေသူ့လက်သာ ဖြစ်စေခဲ့၏။

မိုမို့မှာနေရာပျောက်မှန်းမသိ ပျောက်လာခဲ့ပြီ နောက်ဆုံးကုတင်ပေါ်မှ မောင်နှင့်မမကြီးတို့၏ အထင်လွဲဖွယ်ကောင်းသောပုံစံကြောင့် သည်အိမ်၌ မိုမို့နေရာမရှိတော့ဟု အထင်ရောက်ကာ ထွက်ပြေးခဲ့ခြင်းဖြစ်သည်။ထို့ကြောင့် နောက်ပိုင်းသည်အိမ်ကြီး၌ ဖြစ်ပျက်ခဲ့သော နုဒါလေးသေဆုံးသည့် အကြောင်းအရင်းနှင့် မောင်သည်အိမ်ပေါ်မှ ထွက်သွားရသည့် အကြောင်းအရင်းများကို မသိရှိခဲ့ပေ။

ယခုဘ၀တွင် မမကြီးအား အိမ်မှမောင်းထုတ်နိုင်သည်မှာ မှန်သော်လည်း ကြီးကြီးဟာသူမပန်းပင်များ ပျက်ဆီးသွားသဖြင့် စိတ်မကောင်းဖြစ်ကာ မြစ်ဝကျွန်းပေါ်ဒေသရှိအိမ်ကို ပြန်သွားခဲ့၏။ထို့ကြောင့် မိုမို့မှာ ရဲရဲပင် ၀မ်းမသာနိုင်။နောက်ဖြစ်လာမည့် ကိစ္စများမှာ မိုမို့အတွက် ကောက်ရိုးပုံထဲအပ်ရှာရသလို စမ်းတဝါးဝါး ဖြစ်နေတော့မည်ဖြစ်၏။

'ဟူး...မမကြီးဟာ အချိန်တိုတိုလေးဘဲ နေသွားရတာမို့ ဘာမှကြီးကြီးမားမား မဖြစ်လောက်ပါဘူးလေ'

"သက်ပျင်းချလှချည်လားကွ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်တွေအမြန်ဖြူလာတော့မှာပဲ"

"အွတ်~~"

ကိုယ့်ကိုယ်ကို နှစ်သိမ့်နေစဥ် နားရွက်ဖျားနားမှ ထွက်ပေါ်လာသော မောင့်အသံကြောင့်လန့်ကာ ကြို့ထထိုးတော့၏။

My excellent husband (Uni+Zaw) CompleteDonde viven las historias. Descúbrelo ahora