အပိုင်း ၉

75.4K 8.1K 340
                                    

Uni

သူဇာ အခန်းတစ်ခုလုံး ရှင်းလင်းပြီး၍ ပင်ပန်းလွန်းသဖြင့် ကုတင်ပေါ်တွင်ထိုင်ကာအပန်းဖြေနေရင်း မိုမို့အား မေတ္တာပို့ဖို့လည်းမမေ့။

'တောက်.....ဒင်းက အိမ်ပေါ်ရောက်တာ နှစ်ရက်နဲ့တပိုင်း ရှိသေးတယ်။အာဏာကပြချင်နေပြီ ပုံစံကြည့်တော့ အူတူတူ အတတနဲ့ အချိုးကိုပြေမနေဘူး'

အားရအောင်ကျိန်ဆဲပြီးနောက် အခန်းရှင်းရသဖြင့် တကိုယ်လုံးတွင် ပေကျံနေသော ဖုန်များကြောင့် အခန်းသို့ပြန်ကာ ရေချိုးမည်အပြု နုဒါလင်းမောင်အား ခုထိရေချိုးခိုင်းထားမှန်း သတိရတော့၏။

"အလုပ်တွေရှုပ်နေတာနဲ့ မေ့တော့မလို့... တော်သေးတာပေါ့ဟ"

ရေရွတ်ရင်း ရေချိုးခန်းတံခါးအားဖွင့်လိုက်ရာ ရေချိုးဇလုံထဲ၌ မေ့မျောနေသော ကောင်ငယ်လေးအား တွေ့လိုက်ရသဖြင့် သွေးပျက်ကာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်သွားရ၏။ထို့နောက် အတတ်နိုင်ဆုံး စိတ်ကိုတည်ငြိမ်အောင်လုပ်၍ အနားသို့ကပ်သွားကာ စမ်းကြည့်လိုက်၏။အသက်ရှူနေသေးသဖြင့် အနည်းငယ်စိတ်အေးသွားရကာ ထိုကောင်လေးအား ရေဇလုံထဲမှထုတ်၍ အ၀တ်အစားလဲပေးလိုက်၏။

ထို့နောက်တစ်စုံတစ်ခုအားတွေးမိကာ ထိုကလေးအား ကုတင်ပေါ်ခြေရာလက်ရာမပျက် ပြန်သိပ်ထားပြီးနောက် မိမိအခန်းသို့ တိတ်တဆိတ် ပြန်လာခဲ့လိုက်၏။မျက်နှာထက်တွင်လည်း အောင်နိုင်သူအပြုံးတစ်ခု ဆင်မြန်းလျှက်...

.........

ဒေါက်...ဒေါက်...

"နုဒါရေ... ကလေးလေး ဦးဦး၀င်လာလို့ရမလား"

ထမင်းစားခေါ်ရန် တံခါးခေါက်နေသည်မှာ ကြာပြီဖြစ်သော်လည်း အထဲမှတုံ့ပြန်သံ တစ်စုံတစ်ရာမကြားရသဖြင့် ကိုယ်တိုင်ဖွင့်ဝင်လာလိုက်သည်။အခန်းထဲ၀င်၀င်ချင်း မနက်လေးကတင် တင်ခဲ့သော လိုက်ကာကြီးမှာပြန်ကျနေကာ အလင်းရောင်မဝင်ဘဲ မှောင်မိုက်နေသောအခန်းကြောင့် စိတ်တိုသွားရ၏။

"နေ့ခင်းနေ့လည် အလင်းရောင်ရအောင် ဖွင့်ပေးထားပါတယ်ဆို ကလေးကို ခြင်ကိုက်အောင် မှောင်ကြီးမည်းကြီးထဲ သိပ်ထားပြန်ပြီ"

My excellent husband (Uni+Zaw) CompleteWhere stories live. Discover now