Uni
ဘားလမ်းရှိ တိုက်သူကြီးမင်းဉီးညွှန့်မို၏ နေအိမ်သို့ အနက်ရောင်ဖိုထ်ဒ် ကားလေးတစ်စီးဝင်လာကာ ကားပေါ်မှ ညွှန့်ခင်ခင်မိုးနှင့် သူမချစ်သူမင်းလွင်ဦးတို့ ဆင်းလာကြသည်။အိမ်စေများမှာ ကားပေါ်မှ ဆင်းလာသော မမကြီးကိုမြင်သည်နှင့် တိုက်သူကြီးမင်းအား ကဗျာကယာ ပြေးခေါ်ကြတော့၏။
ဧည့်ခန်းအတွင်းရှိ လေထုမှာ အေးစက်နေ၏။ညွှန့်ခင်ခင်မိုးမှာ ဖခင်ဖြစ်သူတိုက်သူကြီးမင်းနှင့် မျက်နှာချင်းဆိုင်တွင်ထိုင်နေပြီး ကိုမင်းကလည်း သူမဘေးတွင် ငြိမ်သက်စွာထိုင်နေ၏။အတန်ကြာအောင် တိတ်နေပြီးမှ တိုက်သူကြီးမင်းကစ၍
"ညည်း ဘာပြန်လာလုပ်သလဲ ခင်ခင်မိုး...လုပ်ချင်ရာလုပ်သွားပြီး ခုမှအရှက်မရှိ ပြန်လာရတဲ့အကြောင်းလေး လင်းစမ်းပါဦး"
"Kathy မှားပါတယ် ဒယ်ဒီရယ်။Kathy ဒယ့်ဒီစကားကို နားမထောင်ချင်လို့ မဟုတ်ပါဘူး။Kathy~Kathy ကိုမင်းနဲ့ မခွဲနိုင်လို့ပါ။ဒယ်ဒီမကျေနပ်ရင် ကေသီ့ကိုစိတ်ကြိုက်ရိုက်လိုက်စမ်းပါ... သည်လိုဖြင့်ပြစ်ပြစ်ခါခါတော့ မပြောပါနဲ့ဒယ်ဒီရယ် ဟင့်...ဟင့်..."
ဖခင်ဖြစ်သူ၏ စကားကြောင့် ညွှန့်ခင်ခင်မိုးမှာ မျက်နှာကိုလက်ဖြင့်အုပ်ကာ ရှိုက်ကြီးတငင် ငိုကြွေးတော့၏။ပလုံးပထွေးရေရွတ်ရင်း ငိုကြွေးနေသော သမီးဖြစ်သူအားကြည့်ကာ တိုက်သူကြီးမှာ စိတ်သဘောထားများ ပျော့ပျောင်းလာတော့သည်။တကယ်တမ်းဆိုရလျှင်ဖြင့် သမီး၏ဆန္ဒကိုမမေးဘဲ ဇွတ်အတင်း မင်္ဂလာပွဲစီစဉ်ခဲ့သော မိမိအမှားလည်းမကင်း။
အမှန်က ဦးညွှန့်မို မိမိ၏ရင်နှစ်သည်းချာ သမီးလေးအား မုဆိုးဖိုတစ်ခုလတ်ဖြစ်သော မြို့အုပ်မင်းနှင့် မပေးစားချင်။သို့ပါသော်လည်း မိမိကျူးလွန်ထားသော ဒုစရိုက်မှုများအား မပေါ်ပေါက်စေရန်နှင့် ယခုလုပ်နေသည့် ကိစ္စကြီးတွင် မြို့အုပ်မင်း၏ အကူအညီလိုအပ်သောကြောင့်ဖြစ်၏။အကူအညီမရလျှင်တောင် သမီးယောက်ခမဟူသော အရှိန်အဝါနှင့် မိမိအလုပ်များအား အနှောက်အယှက် မပေးနိုင်စေရန်ဖြစ်ရာ သမီးဖြစ်သူထွက်ပြေးသွားစဉ်အခါက သားရဲကြီး၏ဒေါသကို စမိမည်စိုးသည်ကြောင့်နည်းနည်းလန့်မိသည်ကလွဲ ပျော်တောင်နေသေး၏။မိမိမှာတုံးအလွန်းသည့် အူကြောင်ကြား မျိုးမစစ်သားတစ်ယောက် ရှိသေးသည်မဟုတ်ပါလား။ထိုကောင်လေးအား သူလျှိုလုပ်ခိုင်းကာ အတွင်းသတင်းများ ယူခိုင်းမည်ဟုကြံထားခဲ့သည်။
YOU ARE READING
My excellent husband (Uni+Zaw) Complete
Romance1920ခုနှစ်လောက်က လူနေမှုပုံစံတွေကို inspireယူပြီး ရေးဖွဲ့ထားတဲ့ Own Creation rebirth fictionလေးပါ။ _________# Starting date_26.6.2020 Ending date_6.11.2020 #nyo yee poe loon🐌
