Uni
မိုမို့တို့အိမ်သို့ပြန်ရောက်သော် အရီးတို့က ဖီလိမ်းပြင်ဆင်ပြီး မီးပုံသဘင်ဆင်နွှဲကာ ဥပုတ်တရားနာယူရန် ဘုန်းကြီးကျောင်းသွားဖို့ အဆင်သင့်ဖြစ်နေလေပြီ။နုဒါလေး၏အသံမကြားရသဖြင့် အကောင်ပေါက်လေးမှာ အိပ်နေသေးသည်ထင်၏။
"မောင်ရင်တို့ ပြန်လာကြပလားကွဲ့...ပျော်ခဲ့ကြလား..."
"ဟုတ်ကဲ့ အရီး... ဒါနဲ့အရီးက မသွားသေးဘူးလား"
"ဟုတ်တယ်ကွဲ့ မြေးငယ်လေးအိပ်နေသေးတာနဲ့ မောင်ရင်တို့အလာကို စောင့်နေကြတာ... မင့်ဘကြီးလည်း ခုနလေးကမှ ထွက်သွားတာရယ်..."
"သည်လိုဆိုဖြင့် အားနာလိုက်တာ အရီးရယ်..."
မျက်လုံးမှိတ်ကာ လမ်းလျှောက်နေသည့် မိုမိုအား အိမ်ပေါ်ဆွဲတင်ရင်းက အရီးအား အားနာစကားဆိုရသည်။ထိုကောင်လေးဟာဖြင့် တညလုံးမအိပ်ရသေးသဖြင့် အလွန်အမင်းအိပ်ချင်နေကာ ကိုယ့်ခန္ဓာကိုယ်ပင် မသယ်နိုင်တော့။တစ်လမ်းလုံးလည်းမမြင်မစမ်းနှင့် ခလုပ်တိုက်လာရာ ချော်လဲပြီးနှဖူးမည်မည့်ဆိုးသောကြောင့် ဘေးကနေ တွဲကူပေးထားရသည်။
"နေပါတော်... ဒါဖြင့်ကျုပ်သွားချေမယ်... ကောင်မလေးတွေဟာလည်း သည်ကနေ့တော့ ပွဲထဲမှာအချိန်ကုန်မဲ့ပုံပေါ်တယ်... မောင်ရင်တို့ဘုန်းကြီးကျောင်းကို မလိုက်လာတော့ဘူးဆို ကောင်လေးတစ်ယောက်နဲ့ နေ့လည်စာအမှီ ထမင်းပို့ခိုင်းလိုက်မယ်..."
"ရတယ်အရီးရဲ့ စိတ်ဖြောင့်ဖြောင့်သာသွား ကျုပ်တို့အတွက် ပမူနဲ့။တစ်ရက်တစ်လေ ဖြစ်သလိုစားလိုက်လို့လည်း ဖြစ်တယ်ရယ်"
"ရွာမှာက သည်ကနေ့မီးခိုးတိတ်လေ...တစ်အိမ်တက်ဆင်း ထမင်းလိုက်ဝေကြမှာ တကူးတကမဟုတ်ဘူး။ကဲပါလေ... ကျုပ်ကြည့်ကြပ်စီစဉ်ပါ့မယ် ခုမင့်ယောကျာ်းကို သွားသိပ်ချည်တော့ ဟိုမယ်ပြုတ်ကျတော့မယ်။ကျုပ်လည်းသွားပြီ..."
"ကောင်းပြီ အရီး..."
အရီးထွက်သွားသည်နှင့် ခွေးကထစ်နားအိပ်ဖို့ပြင်နေသည့် ယောက်ျားပေါက်စအားပွေ့ကာ အိပ်ခန်းထဲထည့်သိပ်ဖို့ ပြင်ရသည်။ထို့နောက်တစ်ဖက်ခန်း၌ အိပ်နေသည့်သားကိုပါ မနှိုးအောင်သွားခေါ်လာခဲ့ကာ မိုးသောက်အာရုံလာခါမှ ၃ယောက်သားအိပ်စက်ခြင်းဆီသို့ ရောက်ရှိသွားတော့၏။
ESTÁS LEYENDO
My excellent husband (Uni+Zaw) Complete
Romance1920ခုနှစ်လောက်က လူနေမှုပုံစံတွေကို inspireယူပြီး ရေးဖွဲ့ထားတဲ့ Own Creation rebirth fictionလေးပါ။ _________# Starting date_26.6.2020 Ending date_6.11.2020 #nyo yee poe loon🐌
