Uni
မိုမိုရုပ်ရှင်ကြည့်ရန်အိမ်မှ နေ့လည်၁၁နာရီကျော်ကာမှ ထွက်လာခဲ့သည်။ပွဲချိန်မှာ ၁၂နာရီ ၂နာရီပွဲဖြစ်သဖြင့် ဟိုအမျိုးသမီးကြီး နှစ်ယောက်မှာ မိုမို့အား ကျိမ်ဆဲနေပေတော့မည်။မိုမိုကလည်း မိုမိုပင် အစကစောစောထွက်မည်ဟု ကြံစည်ထားသော်လည်း အိမ်ကထွက်ခါနီးမှ နာလာသောဗိုက်ကြောင့် အိမ်သာတစ်ခေါက် ပြန်၀င်နေရခြင်း။
"အဲ့မိုမိုဟာလေ စောစောထွက်လာတာ မဟုတ်ဘူး ၁၂နာရီဆို စပြမယ်ဆိုတာ သိသိရက်နဲ့..."
မိုမို၏ကားလေး သောမရိပ်ဆင်ဂေဟာရှေ့တွင် ရပ်သည်နှင့် မေရီက မကျေမချမ်းဖြစ်စွာ လှမ်း၍ရန်တွေ့၏။
"တောင်းပန်ပါတယ်ဗျာ ကျွန်တော်ထွက်လာခါနီးမှ ဗိုက်နာလာလို့ပါ... တမင်လုပ်တာမဟုတ်ရပါဘူး"
မိုမိုခင်မျာ မချိသွားဖြဲကလေးနှင့် အမြန်မျက်နှာချိုသွေးရ၏။မသွေးလို့လဲမရ ဂမုန်းပင်မျက်နှာ ရှိသေးသည်မဟုတ်ပါလား။တော်ကြာ စိတ်ဆိုးပြီး မပေးဘူးဟုဆိုလျှင် မိုမိုသာ မိအေးနှစ်ခါနာ ဖြစ်ရပေလိမ့်မည်။
"မေရီရယ် တက်မှဖြင့် တက်စမ်းပါကွာ ရှင်ရစ်နေတာ အချိန်ပိုကြာတယ်... လာတက်တော့ ကားပေါ်ရောက်မှဆက် ရန်ဖြစ်ချည်"
ဘယ်အချိန်ကတည်းက ဝင်ထိုင်နေမှန်းမသိသော မာဂရက်ကမေရီကို ကားပေါ်ဆွဲတင်တော့၏။ထိုအမျိုးသမီးနှစ်ယောက် တက်ပြီးသည်နှင့် ကားလေးမှာ မွန်ဂိုမာရီလမ်းရှိ အိတ်ဆဲစီးယားရုံသို့ တန်းတန်းမတ်မတ် မောင်းနှင်လေတော့သည်။
ရုံရှေ့တွင်ကားရပ်သည်နှင့် သုံးယောက်သား ၀ရုန်းသုန်းကား ထွက်လာကြကာ လက်မှတ်စစ်အား လက်မှတ်ပေးပြီး ရုံထဲသို့ဝင်ခဲ့ကြ၏။မိုမိုတို့ရောက်သောအချိန်မှ ရုပ်ရှင်စပြနေသည်ဖြစ်ရာ ထိုအခါမှ မေရီ့မျက်နှာမှာ ပြန်၍ကြည်လင်ပြီး
"တော်သေးတာပေါ့ ဘုရားသကြားမလို့ မှီရုံလေးရယ်"ဟု မေရီက ရင်ဘက်ကိုဖိကာ ရေရွတ်နေသေး၏။မိုမိုတို့ ယခုကြည့်သောကားမှာ နိုင်ငံခြားရုပ်ရှင်တစ်ခုဖြစ်ပြီး "Bathing beauty" "ရေကူးဝတ်စုံဖြင့်မိန်းမလှလေး" ဟုအမည်ရ၏။မင်းသမီး အက်စသာဝီလျံပါဝင်သရုပ်ဆောင်ထားပြီး အသံထွက်ရှပ်ရှင်ဖြစ်သဖြင့် ရှပ်ရှင်ဂျိုး မေရီမှာ ဤမျှအသည်းအသန် ဖြစ်နေခြင်းပင်။မိုမိုနှင့် မမာဂရက်မှာကား ရုပ်ရှင်သိပ်မကြိုက် သူများဖြစ်ရာ အပြင်ဘက်၌ မုန့်မ၀ယ်ခဲ့မိသည်ကိုပင် နောင်တရ၍မဆုံး ရှိတော့သည်။
ВЫ ЧИТАЕТЕ
My excellent husband (Uni+Zaw) Complete
Любовные романы1920ခုနှစ်လောက်က လူနေမှုပုံစံတွေကို inspireယူပြီး ရေးဖွဲ့ထားတဲ့ Own Creation rebirth fictionလေးပါ။ _________# Starting date_26.6.2020 Ending date_6.11.2020 #nyo yee poe loon🐌
