Uni
သည်လများအတွင်း မြန်ဆန်စွာ ဖြစ်ပျက်သွားသောကိစ္စများမှာ တစ်ခုနှစ်ခုမဟုတ်။သိမ်းဌက်ဂိုဏ်းကို ဖော်ထုတ်ဖမ်းဆီးပြီး တပတ်အကြာတွင် မောင်က ခရိုင်ရှင်တော်၀န်အဖြစ် ရာထူးတိုးခြင်းခံရလေ၏။ထို့ပြင် မောင်က မိုမိုမသိအောင် တိုက်သူကြီးမင်းတို့သားအဖအမှုအား အယူခံ၀င်ခြင်း၊အသနားခံစာတင်ခြင်းတို့ လုပ်ပေးသဖြင့် တိုက်သူကြီးမင်းမှာ ကြိုးမိန့်မှ တသက်တကျွန်း၊ကြံရာပါ ဖြစ်သော မမကြီးမှာ အလုပ်ကြမ်းနှင့် ထောင်ဒဏ်နှစ်(၃၀)စီ အသီးသီးကျခံရသည်ဟု သိရ၏။အမှုကြားနာခြင်း ရုံးချိန်းများသို့ မိုမို မသွားခဲ့သော်လည်း ရက်သတ္တပတ်လုံး သတင်းစာများ၏ ခေါင်းကြီးပိုင်းတွင်သာ ဖော်ပြကြသောထိုသတင်းမှာ မကြားချင် မမြင်ချင်မှအဆုံးပင်။
ကြီးကြီးသည်လည်း ဖြစ်ပျက်သွားသော ကိစ္စများကြောင့် မြစ်၀ကျွန်းပေါ်မှသူမပိုင်သော ပွဲရုံများ၊လယ်ကွက်များ ကိုရောင်းသင့်တန်ရောင်း တူသားများအား အမွေခွဲသင့်တန်ခွဲပေးပြီးနောက် ရန်ကုန်သို့ အပြီးပြောင်းလာကာ မိုမိုတို့နှင့်သာနေတော့၏။
ထို့ပြင် ကြီးကြီးက မိုမိုနှင့် နုဒါလေးကိုလည်း အမွေခွဲပေးသဖြင့် မောင်က သူ့သူငယ်ချင်း မစ္စတာဂျောဒ့်ပိုင်သည့် အိန္ဒိယသွင်းကုန်ကုမ္ပဏီတစ်ခုတွင် မိုမိုနှင့်သား၏အမည်ဖြင့် အစုရှယ်ယာများ ၀ယ်ထားပေး၏။ထို့ကြောင့် ယခုဆိုလျှင် မိုမိုရော နုဒါလေးပါ ကိုယ်ပိုင်၀င်ငွေများရှိသည့် သူဌေးပေါက်စလေးများ ဖြစ်သွားသောကြောင့် မျက်နှာများမှာ မော်ချီ၍သာ နေလေတော့၏။
"သားရေ... သားငယ်လေး... မိုမို"
"ဗျာ...ကြီးကြီး မိုမို့ကို ခေါ်သလား"
"အေးကွယ်... ခဏဆင်းလာချည်ဦး။သည်မယ်မင့်ယောက်ျား ဖုန်းဆက်တယ်။ခဏနေဖြင့် မောင်ထွေးနဲ့ ပွဲတက်မဲ့အင်္ကျီတွေ ပို့ပေးလိုက်မယ်တဲ့။ပြင်စရာရှိတခါတည်း ပြင်ခိုင်းလို့ရအောင် တော်မတော်တစ်ခါတည်းဝတ်ကြည့်လိုက်ပါတဲ့လေ"
"ဟုတ်ကဲ့ ကြီးကြီး"
"ပွဲကဘယ်အချိန် စမှာတဲ့လဲ"
YOU ARE READING
My excellent husband (Uni+Zaw) Complete
Romance1920ခုနှစ်လောက်က လူနေမှုပုံစံတွေကို inspireယူပြီး ရေးဖွဲ့ထားတဲ့ Own Creation rebirth fictionလေးပါ။ _________# Starting date_26.6.2020 Ending date_6.11.2020 #poe_nyo🐌