UNI
နာကျည်းဖွယ်ရာများနှင့်သာ အဆုံးသတ်ခဲ့သော ထိုအမျိုးသားငယ်၏ ဘ၀နှင့်အချစ်ဇာတ်လမ်းသည် ဤသို့သော အဖြစ်အပျက်များကြောင့် စတင်ခဲ့၏။
#########
မြန်မာနိုင်ငံကို ဗြိတိသျှလူဖြူများ သုံးကြိမ်တိုင်တိုင် ကျူးကျော်ရန်ပြုကာ တပိုင်းပြီးတပိုင်းသိမ်းယူခဲ့ပြီးနောက် ဗြိတိသျှလူဖြူများက တိုင်းရင်သားများ၏ ဆန့်ကျင်ရေးလှုပ်ရှားမှုများကို လူအင်အား လက်နက်အင်အားနဲ့ ရက်စက်စွာနှိမ်နှင်းခဲ့သည်။
ခန့်မှန်းချေအတိုင်းအတာ အရ မြေပြန့်ဒေသတွင်၁၀နှစ်ခန့်နှင့် တောင်တန်းဒေသများတွင် ၁၅နှစ်တိုင်ခဲ့၏။အားမတန်မာန်လျော့ ဆိုတဲ့စကားအတိုင်း ၁၈၉၆ခုနှစ်တွင် မြေပြန်ဒေသမှ ဆန့်ကျင်ပုန်ကန်မှုများ ချုပ်ငြိမ်းသွားခဲ့သော်လည်း တောင်တန်းဒေသများမှာမူ ၂၀ရာစုနှစ်ဦးပိုင်းအထိ ဆက်လက်ဖြစ်ပွါးခဲ့သည်။ဗြိတိသျှ အစိုးရက ရခိုင်၊တနင်္သာရီ၊ပဲခူး၊ဧရာ၀တီ ဟူ၍ခရိုင်လေးခု ခွဲခြားသတ်မှတ်ခဲ့၏။ထိုခရိုင်များကို မဟာဝန်ရှင်တော်မင်းကြီး လက်အောက်ရှိ ခရိုင်ဝန်ရှင်တော်မင်းကြီး တစ်ဦးဆီက တာ၀န်ယူကာအုပ်ချုပ်ရသည်။
ခရိုင်အသီးသီးတွင်မူ စီရင်စုများခွဲထားပြီး အရေးပိုင်၊တိုက်သူကြီး၊ရွာသူကြီး၊ရွာခေါင်းဟူ၍ အဆင့်ဆင့် တာ၀န်ယူကာ အုပ်ချုပ်ရသည်။သို့သော် မိမိလူမျိုးအချင်းချင်း ကာကွယ်စောင့်ရှောက်လို၍ ရာထူးရာခံရယူခြင်းထက် အချင်းချင်းဂုတ်သွေးစုပ်ဖို့အရေးသာ အားသန်နေခဲ့သော နယ်ချဲ့လက်ပါးစေ အရာရှိများသာ အမြောက်အများပေါ်ထွန်းခဲ့လေ၏။ထိုအထဲတွင်မှ စစ်အေးခေတ်ကာလ၌ အကျင့်ပျက်အစိုးရအရာရှိများအား ဖော်ထုတ်ကာ အရေးယူနိုင်နှင်းခဲ့သော မြို့အုပ်မင်းတစ်ယောက် ရန်ကုန်မြို့တော်တွင် ပေါ်ထွန်းခဲ့လေသည်။
################
သက္ကရာဇ် ၁၈၉၇ ရန်ကုန်မြို့တော်တွင်ဖြစ်၏။
မိခင်ဖခင်တို့ရဲ့ ငွေကြေးအရှိန်အဝါများကြောင့် ပညာမြောက်များစွာသင်ယူခဲ့ပြီး တိုက်သူကြီးမင်းလောင်းအဖြစ် လျာထားခြင်းခံရသော ဦးညွှန့်မို။
VOUS LISEZ
My excellent husband (Uni+Zaw) Complete
Roman d'amour1920ခုနှစ်လောက်က လူနေမှုပုံစံတွေကို inspireယူပြီး ရေးဖွဲ့ထားတဲ့ Own Creation rebirth fictionလေးပါ။ _________# Starting date_26.6.2020 Ending date_6.11.2020 #nyo yee poe loon🐌
