အပိုင်း ၁၅

109K 8.7K 631
                                        

Uni

ပွဲခင်းထဲသို့ရောက်သော် ဈေးရောင်းသူ၊ဈေးဝယ်သူများနှင့် ပွဲဈေးမှာ အနည်းငယ်အသက်ဝင်နေပြီ ဖြစ်၏။ထမနဲထိုးမည့်နေရာတွင်လည်း ဆန်ဆေးသူဆေး၊အုန်းသီးနွှာသူနွှာဖြင့် မအားမလပ်နိုင်အောင် အလုပ်ရှုပ်နေကြသကဲ့သို့ ဇာတ်ပွဲကျင်းပမည့် နေရာတွင်လည်း ဖျာခင်းသူ နေရာဦးသူများနှင့်စည်ကားနေသည်။

မီးပုံပွဲပြုလုပ်ရန် မဟာလောက ဆုတောင်းပြည့်စေတီကြီးအား ရွေးချယ်ခဲ့သောကြောင့် စေတီအနီးရှိ ကွင်းပြင်ကြီးကို ထမနဲထိုးရာစုရပ်အဖြစ် သတ်မှတ်ခဲ့ကြသည်။မီးပုံပွဲပါ၀င်ဆင်နွှဲကြမည့် ရွာများသည် လပြည့်နေ့မတိုင်မီ လဆန်း၈ရက်ကပင် တောသို့ဝင်၍ စင်းလုံးချော သက်ရင့်နံ့သာထင်းများကို သတ်မှတ်ထားသည့် အရေအတွက်အတိုင်း ခုတ်ယူကြသည်။ထိုနံ့သာထင်းချောင်းများကို အခွံနွှာ၍ နံနွင်းလိမ်းကာ သုံးဆင့်စည်းနှောင်အခြောက်ခံပြီး ခြောက်သွေ့သောအခါမှသာ မီးပုံပွဲကျင်းပရာ ကွင်းပြင်ကြီးဆီသို့ လာရောက်စုပုံထားကြသည်။တစ်ရွာလျှင် ထင်းစည်း၂၀၀နှင့် ရွာငါးရွာစုပုံထားသော ထင်းစည်းပုံကြီးမှာ မြင့်မြင့်စွင့်စွင့်နှင့် လွန်စွာကြည့်ကောင်းလှ၏။

ပွဲခင်းတွင်လူများလွန်းသဖြင့် မောင်ဟာမိုမို့လက်အား တင်းတင်းဆုပ်ကာ ရွာလူကြီးများနေသော ဇရပ်ဆီသို့ ခေါ်ဆောင်သွား၏။

"မြို့အုပ်မင်းလာတယ်ဟေ့... နေရာထိုင်ခင်း ပြင်ကြဦး။မြို့အုပ်မင်း ကြွပါခင်မျ...သည်ဘက်ထိပ်ကိုကြွပါ။အော...ခင်ပွန်းသည်လည်း ပါလာသကိုး..."

ဇရပ်ထဲသို့ဝင်လိုက်သည်နှင့် ရွာသူကြီး၏နှုတ်ဆက်သံကြောင့် ဇရပ်တစ်ခုလုံး ခရီးဦိးကြိုလုပ်သူများနှင့် ဆူညံဆူညံဖြစ်သွား၏။မောင်ဟာ ခေါင်းရင်းဘက်တွင် နေရာယူထိုင်သဖြင့် မိုမိုလည်းမောင့်နဘေးတွင် နေရာရလေသည်။

"မြို့အုပ်မင်းတို့ အစောကြီးရယ် ပွဲဈေးလျှောက်မလို့လားဗျ..."

"ဟုတ်တယ်ဗျ... အမျိုးသားက မီးပုံပွဲမမြင်ဖူးဘူးဆိုလို့ ပွဲစကနေကြည့်လို့ရအောင် ခေါ်လာလိုက်တာ... ကျုပ်ဟာကျုပ်ဆို မရောက်ဖြစ်ပါဘူးဗျာ... ပွဲတွေဘာတွေလည်း အဲ့သည်လောက် ဝါသနာမထုံတော့..."

My excellent husband (Uni+Zaw) CompleteDonde viven las historias. Descúbrelo ahora