အပိုင်း ၁၂

81.5K 8.3K 510
                                    

Uni

"အောက်.....အီး...အီး...အွတ်..."

မနက်မိုးမလင်းမီကပင် အလိုက်ကမ်းဆိုးမသိ ထ၍တွန်နေသော လင်းကြက်တွန်သံကြောင့် မိုမို အိပ်နေရာမှနိုးလာခဲ့ရသည်။ပြာသိုလ နံနက်ခင်းဖြစ်၍ ပတ်၀န်းကျင်တွင် အအေးဓာတ်တို့ လွန်ကဲနေသော်လည်း မိုမို အေးသည်ဟု မခံစားရ။တရားခံများမှာ မိုမို့ဗိုက်ပေါ်တွင် ကားယားမှောက် အနေအထားဖြင့် တက်အိပ်နေသော နုဒါလေးနှင့် မိုမိုတို့အား သူ့ရင်ခွင်ထဲထည့်ကာ သိုင်းဖက်ထားသော မောင်တို့ကြောင့်ပင်ဖြစ်၏။

သိပ်မရင်းနှီးသေးသော အခန်းအနေအထားကြောင့် ခေတ္တမျှကြောင်ငေးနေပြီးမှ မိမိတို့ ယခုရောက်နေသည်မှာ မြို့တော်နှင့် သိပ်မဝေးလှသည့်နေရာတွင်ရှိသော ဆရာ၀န်ကြီးတို့ရွာဖြစ်ကြောင်း အမှတ်ရလာ၏။မိုမိုတို့ သည်ရွာသို့ ရောက်နေသည်မှာ တစ်ပတ်ခန့်ပင် ရှိတော့မည်ဖြစ်သော်လည်း သည်နေရာနှင့် ယခုတိုင် အသားမကျသေး။

ဆရာ၀န်ကြီးတို့လင်မယားမှာ ရွာ၌ငွေကြေးအတော်အတန် ကြွယ်၀သူများဖြစ်ရာ အိမ်တစ်အိမ်လုံးကို ကျွန်း၊ပျဥ်းကတိုးသားချည်းနှင့်သာ ဆောက်ထား၏။ခြံနှင့်ဝိုင်းနှင့် သပ်သပ်ရပ်ရပ်ကလေး ဖြစ်ကာ အိမ်ရှေ့တွင် ပန်းပင်၊ဆေးပင်များနှင့် အိမ်နောက်တွင် စားပင်အချို့ကို ဥယျာဥ်သဖွယ်စိုက်ပျိုးထား၏။ဆရာ၀န်ကြီးတို့မှာ အသက်ကြီးကာ သားသမီးမရှိသည် ကတစ်ကြောင်း​ ရွာသူရွာသားများအား အခကြေးငွေမယူဘဲ ကုသပေးသည်ကတစ်ကြောင်း စသောအကြောင်းများကြောင့် သည်ရွာ၌ အတော်ပင် သြဇာညောင်း၏။

မနက်မိုးလင်းသည်နှင့် ရွာထဲရှိကာလသားလေးများသည် အိမ်ကြီးသို့လာကာ တံမြက်စီးလှည်း ရေခပ် ထင်းခွေ ဆေးပင်များရေလောင်း အစရှိသော ဗာဟိရအလုပ်များကို လာကူလုပ်ပေးကြလေ၏။တစ်နေ့နှင့်တစ်နေ့ လူမတူသော်လည်း ပျက်ကွက်သည်ဟူ၍မရှိ။ထို့ပြင် ရွာထဲ၌အသားများပေါ်လျှင်လည်း ရွာသူကြီးပြီးလျှင် သည်အိမ်သို့သာ ဦးစွာလာပေးကြသည်။သို့သော် ဆရာကြီးတို့လင်မယားမှာ သက်သလွတ်သမားများဖြစ်သောကြောင့် လာပေးသောအသားများကို အနီးရှိအိမ်များသို့သာ ပြန်ဝေပေးတတ်၏။ထို့ကြောင့်သည်ရွာ၌ ဆေးဆရာကြီး ဘကြီးသန်းထွန်း၊နှင့်ဆရာကတော် အရီးတင်စိန် ဟုဆိုလျှင် မသိသူမရှိ။ကလေးကအစ ခွေးအဆုံး တစ်ရွာလုံးလေးစားကြ၏။

My excellent husband (Uni+Zaw) CompleteWhere stories live. Discover now