Uni
ညနေအိမ်သို့ပြန်ရောက်သော် အပူရှပ်သည်နှင့် စိတ်ဖိစီးမှုများသည်တို့ ပေါင်းကာ မိုမိုဖျားလေတော့၏။မောင်က သူအတန်တန်မှာသည့်ကြားက ထီးမယူသွားဘဲ အပြင်ထွက်သည်မို့ မိုမို့ကိုစိတ်ဆိုးနေ၏။
"အပြင်လေး တစ်ခါထွက်ပါတယ် လိုက်မကြည့်ရင် မကြည့်သလို တအားဖြစ်ကတတ်စမ်း နေလွန်းတယ်။ကိုယ့်ကိုယ်ကို ဂရုစိုက်မယ်မရှိဘူး။သည်ပုံအတိုင်းဆိုဖြင့် နောက်များအပြင်ထွက်မယ်ဆို မောင် ဘယ်လို စိတ်ချလက်ချ လွှတ်ရမလဲ"
"မောင်ကလည်း~~ကျတော် နေမကောင်းပါဘူး ဆိုနေ~~မဆူပါနဲ့"
မိုမိုအားဆူဖို့ပြင်နေသော မြို့အုပ်မင်းကြီးမှာ ကောင်ငယ်လေး၏ ညှောင်နာနာအသံလေးကို ကြားသည်နှင့် ထွက်နေသည့်ဒေါသများ မီးနှင့်ထိသည့်ထောပတ်ခဲကဲ့သို့ အရည်ပျော်ကြကာ ပြတင်းပေါက်နားတွင် ခါးထောက်ဆူနေရာမှ မိုမိုလှဲနေသော ကုတင်ဘေး၀င်ထိုင်လေ၏။
"မောင်က ဆူနေတာမဟုတ်ဘူးလေ အချစ်ရယ်"
နေမကောင်းဖြစ်နေသည့် မိုမိုဟာကုတင်ထက် ပျော့ဖတ်နေပြီး မျက်လုံးထောင့်နှင့်နှုတ်ခမ်းတို့ အဖျားရှိန်နှင့် နီရဲနေသည်မှာ အနိုင်ကျင့်ခံထားရသည့် ကလေးငယ်ကဲ့သို့ဖြစ်နေသဖြင့် မိမိကပဲစိတ်လျော့ကာ
"ဟူး...ကောင်းပြီ ကောင်းပြီ... မောင်မဆူတော့ဘူးနော်... စိတ်မကောင်းမဖြစ်နဲ့တော့။နောင်များအပြင်သွားရင်ဖြင့် ထီးမမေ့အောင် မောင်ကပဲဂရုစိုက်ပြီး သတိပေးပါ့မယ် ဟုတ်ပလား "
ထိုအခါမှ ခေါင်းတဆတ်ဆတ်ငြိမ့်ကာ ကြောင်ကလေးများကို ပေါင်ပေါ်ခေါင်းတင်ရင်း တိုးဝေ့နေ၏။နေမကောင်းသည့်အခါများတွင် မိုမိုသည် အလွန်ချွဲပေ၏။
ဒေါက်...ဒေါက်...
"ဘာကိစ္စလည်း"
"အကိုလေးအတွက် ဆေးနဲ့မုန့်တွေ လာပို့တာပါ"
"၀င်လာခဲ့ချည်"
ဆေးအသံကြားသည်နှင့် မိုမိုမျက်နှာမှာ ရှုံ့တွသွားသော်လည်း မောင်ဟာမသိချင်ယောင်နေ၏။မအေးရီမှာ နုဒါလေးအား ချီ၍၀င်လာပြီး ငုနှင့်နုသည်လည်း ဗန်းတချက်စီဖြင့် အနောက်မှပါလာခဲ့၏။
VOCÊ ESTÁ LENDO
My excellent husband (Uni+Zaw) Complete
Romance1920ခုနှစ်လောက်က လူနေမှုပုံစံတွေကို inspireယူပြီး ရေးဖွဲ့ထားတဲ့ Own Creation rebirth fictionလေးပါ။ _________# Starting date_26.6.2020 Ending date_6.11.2020 #nyo yee poe loon🐌
