အပိုင်း ၂၃

67.3K 6.7K 386
                                    

Uni

"အာ့...ကျွတ်...ကျွတ်..."

မိုမိုအိပ်ယာမှထသောအခါ ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး နာကျင်နေ၏။ထိုသို့ခံစားနေရသည်မှာ နှစ်ရက်ခန့်ရှိပြီဖြစ်ပြီး ပထမရက်ကဆိုလျှင် ဖျားပါဖျားသွားသဖြင့် မောင်က ရုံးမသွားဘဲနေလိုက်ရ၏။

"နေသာရဲ့လား အချစ်... ထနိုင်သလား မောင်ချီပြီးလိုက်ပို့ပေးရမလား"

"ဖယ် ကျွန်တော့်ကို မထိနဲ့ရယ်"

"ဟောဗျာ... ခုထိစိတ်ဆိုးမပြေသေးဘူးလား..."

မိုမိုမောင့်အား စိတ်ဆိုးနေသေးသည်ဖြစ်ရာ အနားကပ်လာကာ ပွေ့ချီဖို့ဟန်ပြင်နေသည့်မောင့်အား မျက်လုံးများ မှေးစင်းကာလူမိုက်ကြည့်နှင့်သာ ကြည့်ပေးလိုက်သည်။ထိုသည်ကိုပင် စိတ်ဆိုးဟန်မရ သဘောတကျ ရယ်နေသောကြောင့်

"မပြေဘူး...လုံးဝမပြေဘူး"

"အငြိုးကြီးလိုက်တာဗျာ တကယ်ဆိုရင်ဖြင့် အဲ့နေ့ကကိစ္စမယ် မောင်ကလည်းနစ်နာသူတစ်ယောက်ပါနော်"

ကျီးစားဟန်စကားတို့ဖြစ်သော်ငြား ခပ်စူးစူးစိုက်ကြည့်လာသည့် ကောင်လေးက ခံပြင်နေဟန်။သို့ပါသော်ငြား ပြန်ချေပစရာ စကားမရှိလေသောကြောင့်

"ဘာပဲဖြစ်ဖြစ်ဗျာ...ကျွန်တော်နာနေပြီလို့ပြောတဲ့အချိန် မောင်ကရပ်ပေးရမှာပေါ့"

"ဟေ"

သည်တစ်ခါတော့ ချေပစရာစကားမရှိသူမှာ မြို့အုပ်မင်းကြီးပင် ဖြစ်သွားတော့သည်။ထိုအချိန်တုန်းက ရပ်ခဲ့ပါလျှင် မောင်ကအလိုက်မသိဘူးဟုဆိုကာ ရစ်ပေဦးမဲ့ကောင်လေးအား သည်လိုကိစ္စမျိုးဆိုသည်က ရပ်ချင်တိုင်း ရပ်မရကြောင်း ရှင်းမပြလိုတော့။ဘယ်လိုနေနေအရစ်ခ့ရမည့် ကံပါလာသည့် မိမိကံကြမ္မာကိုသာ အပြစ်ပုံချလိုက်ပြီး စကားနည်းရန်စဲ လုပ်ရတော့၏။

"ကောင်းပါပြီဗျာ...သည်တစ်ခါမောင်မှားတာမို့ သဘောထားကြီးတဲ့ မောင့်ခင်ပွန်းလေးပဲ ခွင့်လွှတ်ပေးပါလား...နော်"

"အွန်...ဟွန့်...ကောင်းပြီလေ သည်တစ်ခါဖြင့် ရှိစေတော့"

ထိုအခါမှ သဘောကျသွားသော အရစ်တုန်းလေးမှာ လှုပ်စိလှုပ်စိနှင့် ရေချိုးခန်းအတွင်းသို့ ၀င်သွားတော့သည်။

My excellent husband (Uni+Zaw) CompleteWhere stories live. Discover now