အခန်း ၄

117K 9.4K 850
                                        

Uni

မနက်ဖြန်မနက် ရပ်မိရပ်ဖလူကြီးစုံရာနှင့် မမကြီးအား လာရောက်တောင်းရမ်းတော့မည့် မောင့်အကြောင်းစဉ်းစားရင်း မိုမိုတစ်ညလုံး အိပ်၍မပျော်ခဲ့။ငယ်ရွယ်မှုနှင့်အသားမကျသေးသော ကိုယ်ကြောင့်လည်းပါလိမ့်မည် မနက်မိုးလင်းခါနီးမှ မှေးခနဲ အိပ်ပျော်မည်အပြု တံခါးအားအကြမ်းပတမ်း ဆောင့်ဖွင့်သံကြောင့် ရီဝေမူးနောက်စွာ နိုးလာခဲ့၏။

အမြင်အာရုံများ ကြည်လင်သွားသည့်အချိန်တွင် မိမိရှေ့ရပ်နေသူကြောင့် အခန်းတံခါးအားအကြမ်းပတမ်း ဖွင့်ကာ၀င်လာသူမှာ မိုမို၏ချစ်လှစွာသောဖခင် တိုက်သူကြီးမင်း ဦးညွှန့်မိုဖြစ်နေ၏။တိုက်သူကြီးမင်း၏ တင်းမာနေသောမျက်နှာကြောအရ မမကြီးထွက်ပြေးသွားပြီမှန်း သိလိုက်သဖြင့် ခေါင်းငုံကာနှုတ်ခမ်းတွန့်ရုံ ပြုံးမိသွားသည်။

"အာ..ဖေဖေပါလား... ကိစ္စအထွေအထူးရှိသလား ဖေဖေ..."

ဦးညွှန့်မို ညစ်ပတ်နံစော်နေသည့်သည်နေရာအား မလာမဖြစ်မို့သာလာခဲ့ရသည်။အောက်သိုးသိုးအနံ့များကြောင့် စိတ်ကမသတီချင်။သည်လိုမှန်းသိ ဒီကောင်ကိုလာတွေ့ခိုင်းပါတယ် ဟူလည်း စိတ်ထဲအကြိမ်တစ်ရာမက တွေးနေမိ၏။

"အဟမ်း...ကိစ္စတော့ သေရေးရှင်ရေးလောက် အရေးကြီးတယ်လို့ ပြောရမယ်။ပြီးမင်းကယ်မှဘဲ ဖေဖေတို့တွေအသက်ချမ်းသာရာ ရလိမ့်မယ် မိုမို"

"ဗျာ... ဘာကိုပြောချင်တာလဲ ဖေဖေ ကျတော်နားမလည်ဘူး..."

ပိုပိုသာသာအံ့ဩဟန်ပြလာသော ခပ်တုံးတုံးခပ်အအ မိုမို့ပုံစံကြောင့် တိုက်သူကြီးမှာအားတက်သွားပြီး ဝမ်းသာအားရဖြင့် အနားလာထိုင်တော့၏။ထို့နောက် သူကိုယ်တိုင်ဖန်တီးထားသည့်ဇာတ်ညွှန်းအား မိုမို့အားရွတ်ပြလာတော့သည်။

အသစ်ပြောင်းလာသည့် မိုက်ရိုင်းသောမြို့အုပ်မင်းသည် အမိမဲ့သည့်သူ့သားငယ်အတွက် အပျိုဖြစ်သည့်မမကြီးအား အတင်းအဓ္ဓမလက်ဆက်နေချင်ကြောင်း၊သဘောမတူပါက မိမိတို့တစ်အိမ်လုံးကို ကို အသက်ရန်ရှာလာနိုင်သဖြင့် လက်ဆက်ပေးပါမည်ဟု သဘောတူခဲ့ရကြောင်း၊သို့သော် မမကြီးသည်သူ့ချစ်သူမှလွဲ မည်သူနှင့်မျှလက်မထပ်နိုင်ဟုဆိုကာ မနေ့ညကပင် ခိုးရာပြေးသွားကြောင်း၊ထို့ကြောင့် မိုမိုက မမကြီးနေရာခဏအစားဝင်ကာ ဟန်ဆောင်ပေးရမည်ဖြစ်ကြောင်းတို့ကို စီကာပတ်ကုံးပြောပြလေ၏။

My excellent husband (Uni+Zaw) CompleteWhere stories live. Discover now