အခန်း ၇

81.6K 8.4K 437
                                    

Uni

နံနက်ခင်းတေးသီကြူးသော ကျေးဌက်တို့၏အသံကြောင့် မိုမို အိပ်ရာမှနိုးလာခဲ့၏။မိုမို သည်အိမ်ကြီးသို့ရောက်သည်မှာ ရက်သတ္တပတ်တစ်ပတ်ခန့်ပင် ပြည့်တော့မည်ဖြစ်ရာ ထိုတစ်ပတ်လုံး နေ့တိုင်းလိုလိုပင် မနက်အစော၌ ကြီးကြီး၏ဘုရားရှိခိုး အမျှဝေသံကို ကျက်သရေရှိစွာကြားရတတ်၏။ဤသို့နေ့စဥ် ကျက်သရေအပေါင်း ခ​ညောင်းနေသော နံနက်ခင်းများတွင် နိုးထရသည်မှာ မိုမို့အတွက် ယခင်ဘ၀တွင်ရော ယခုဘ၀တွင်ပါ ပထမဆုံးအကြိမ်ပင်ဖြစ်သည်။

မိုမိုမိမိအား သိုင်းဖက်ထားသည့် နွေးထွေးလှသည့် ရင်ခွင်ကြီးမှကျော်ကာ နံရံတွင်ချိတ်ဆွဲထားသော နာရီအားအကြည့်ရောက်မိတော့ 5နာရီတောင်ခွဲတော့မည် ဖြစ်သည်။ခဏနေကြီးကြီး ဘုရားရှိခိုးလို့ပြီးတော့မည်ဖြစ်ရာ မိုမိုလည်းပျင်းကြောတချက်ဆန့်ပြီး သွားတိုက်မျက်နှာသစ်ရန်အထ

"ဘယ်အချိန်ရှိပြီမို့လဲ နည်းနည်းလောက် ဆက်အိပ်ပါဦးလား"

"မိုမို့ကြောင့်နိုးသွားတာလားဟင် မောင်ဆက်အိပ်ချင်အိပ်လေ စောတာတော့ စောပါသေးတယ်။မိုမိုက ကြီးကြီးမနက်စာလုပ်တာ သွားဝိုင်းကူချင်လို့"

"အေးရီတို့ရှိပါတယ်ကွာ နေ့တိုင်းတကူးတက သွားမကူလည်းရပါတယ်"

"မရပါဘူး ဟင်းချက်သင်ချင်လွန်းလို့ ကြီးကြီးကိုဘယ်လောက်တောင် ပြောထားရလဲ မောင်သိရဲ့လား။ခုတောင်ကြီးကြီးက ယောက်ျားလေးနဲ့ ထမင်းချက်တဲ့ကိစ္စဆိုတာ မအပ်စပ်ဖူးဆိုပြီး သင်ပေးချင်တာမဟုတ်ဘူးဗျ"

မိုမိုပြောရင်း နှုတ်ခမ်းဆူကာ မျက်နှာကလေးမဲ့လာသဖြင့် မောင်ကပြာပြာသလဲနှင့်

"ဟုတ်ပါပြီဗျာ သင်ချင်သပဆိုလည်းသွားသင်ချည် ကျွန်တော်မျိုးကြီး မတားတော့ပါဘူး ဟုတ်ပလား...။မောင့်ကို နောက်တစ်နာရီလောက်နေရင် လာနိုးပေးဦး"

"ဟုတ်"

မောင့်ဆီမှ ခွင့်ပြုချက်ရပြီသည်နောက် ၀မ်းသာအားရစွာ ခေါင်းငြိမ့်၍ မျက်နှာသစ်ရန် ရေချိုးခန်းထဲသို့ အပြေးလေး၀င်သွားလိုက်သည်။

My excellent husband (Uni+Zaw) CompleteWhere stories live. Discover now