အခန်း ၁

393K 12.7K 703
                                        

uni

အချိန်ကား ၁၉၃၀ပြည့်နှစ် မြန်မာနိုင်ငံ၊ရန်ကုန်မြို့တော်

ဘောင်ဒရီလမ်း ခြံအမှတ်(၇)ရှိ မြို့အုပ်မင်း ဦးလွင်မင်းခန့်မောင်၏ ခြံရှေ့တွင်ဖြစ်သည်။

လွန်ခဲ့သည့်နှစ်များစွာက ရန်ကုန်မြို့တော်အတွင်း ကောင်းသောဂုဏ်သတင်းများနှင့် ထင်ရှားကျာ်ကြားလေသော မြို့အုပ်မင်း လွင်မင်းခန့်မောင်တွင် အမျိုးသားလက်တွဲဖော်တစ်ဦး ရှိခဲ့ဖူးလေသည်။မြို့အုပ်မင်း၏ အသည်းသက်ညှာ ဖြစ်ခဲ့ဖူးသော ထိုကောင်လေးတစ်ယောက်သည် ယခုခြံရှေ့တွင်ရပ်နေ၏။လက်နှစ်ဖက်တွင် ပေါက်ပြဲဒဏ်ရာများနှင့် ခြေထောက်တဖက်အားတရွတ်ဆွဲလျက် ခြံရှေ့မှလှမ်းမမြင်နိုင်အောင် ဝေးကွာသောနေရာတွင်ရှိနေသည့် အိမ်ကြီးအား လွမ်းဆွတ်နေပုံရသည့် မျက်လုံးများနှင့် မဝံ့မရဲလှမ်း၍ ကြည့်နေ၏။

တစ်ချိန်က ညိုသော်လည်း ကြည်ကာသန့်စင်ခဲ့ဟန်ရှိသော အသားအရည်တို့သည် မွဲခြောက်ကာ ကြမ်းထော်နေ၏။ပိုးသားကဲ့သို့နူးညံခဲ့သော ဆံသားတို့သည်လည်း ခေါင်းပေါ်ရှိပြတ်ရှဒဏ်ရာများကြောင့် သွေးအလိမ်းလိမ်းကပ်လျက် ခြောက်သွေ့နေသည်။မျက်လုံးများသည် ဝိဉာဥ်မရှိသူကဲ့သို့ အသက်မပါလှ။သေချာကြည့်ပါက အနှီမျက်ဝန်းများတွင် နောင်တရိပ်များ တစ်စွန်းတစ်စ စွန်းထင်းနေသည်ကို မြင်တွေ့နိုင်သည်။

မိုမိုသည် မိမိအပေါ်မျက်စိစုံမှိတ်ကာ ချစ်ခင်ပေးရှာသော ခင်ပွန်းဖြစ်သူကို သွေးထိုးစကားများကြောင့် ပြစ်ပြစ်ခါခါပြုခဲ့ခြင်းအတွက် ကံကြမ္မာကဒဏ်ခတ်သည်ထင်၏။သည်နှစ်များတွင် မောင်နှင့်ပတ်သက်ပြီး အောင်မြင်မှုသတင်းများကိုသာ ကြားခဲ့ရသော်လည်း မိုမိုကဖြင့်ကံကြီးထိုက်၍ထင်သည် လူနှင့်ပင်တူအောင် မနေခဲ့ရ။

ယခုလည်း တစ်သက်လုံးခြေမချဟုဆုံးဖြတ်ထားသည့် ဤနေရာအား ပြန်ရောက်လာခဲ့သည်မှာ နုဒါလေးဆုံးပါးသွားသည် ဟူသည့်သတင်းကို အတည်ပြုရန်ဟူသော အကြောင်းပြချက်နှင့်ဖြစ်၏။သို့သော်အမှန်တရားသည်ကား ထွက်သွားပြီးမှ သည်လူသားအား အသည်းနင့်အောင် မြတ်နိုးမိနေသောကြောင့်။

My excellent husband (Uni+Zaw) CompleteWhere stories live. Discover now