Uni
လမ်းမတော်ဆင်ခြေဖုံးရပ်ကွက်ရှိ ယိုင်နဲ့နဲ့ဓနိမိုး အရက်ဆိုင်တစ်ဆိုင်ထဲတွင်ဖြစ်၏။မီးရောင်မှုန်ပြပြအောက်လင်းမီးရောင်သာ ထွန်းညှိထားသောဆိုင်အပြင်အဆင်က ရောင်းသူဝယ်သူမသဲကွဲသည့်အပြင် အရက်သောက်ရင်း သွေးပါလှုနေရ၏။ဆိုင်၏အတွင်းချောင်တစ်နေရာ၌ အရက်သောက်နေသည့် လူတစ်ယောက်သည် စျေးအတော်အတန်ကြီးသည့် အ၀တ်အစားများကို ၀တ်ဆင်ထားကာ ညှင်းသိုးသိုးမျက်နှာနှင့်ထိုင်နေ၏။
ဆံပင်များမှာလည်း ရက်အတော်ကြာမဖီးသင်ထားသလို ရှုပ်ပွနေလျှက်။ဤသူမှာ တခြားသူမဟုတ် မကြာသေးမီက ထောင်နန်းစံခဲ့ရရှာသည့် တိုက်သူကြီးမင်း၏သမီးဖြစ်သူ ညွှန့်ခင်ခင်မိုး၏ယောက်ျား စက်ပိုင်ရှင်သူဌေးသား မင်းလွင်ဦးဆိုသူဖြစ်၏။ဝတ်စားထားသည် များကြောင့်သာ မဟုတ်ခဲ့လျှင် တစ်ချိန်တစ်ခါက ထောင်လွှားကာ မာနကြီးခဲ့သည့် စက်သူဌေးသား မင်းလွင်ဦးဟု မယုံကြည်နိုင်အောင်ပင် ပုံစံမှာလူရုပ်မပေါက် စုတ်ပြတ်နေသည်။
"အာစရိ...ဗျို့...အာစရိ"
"ဘာတုန်းကွာ..."
"ဆိုင်ပိတ်တော့မယ်ဗျ"
"ဟေ...အေး...သည်အချိန်တောင် ရှိသွားပလားဟ အေ့စ်..."
လေချဉ်တစ်ချက်တက်ကာ သုံးချောင်းထောက်စားပွဲပေါ် မှောက်နေရာမှခေါင်းထောင်လာကာ အိပ်ကပ်ထဲသို့စမ်း၍ ဟိုရှာသည်ရှာပြု၏။
"ရော့...အေစ့် ဒီမယ်ပိုက်ဆံ ပြန်အမ်းစရာမလိုဘူး.... ဘောက်ဆူးပေးတာ ယူလိုက်တော့"
စကားပြောနေသော်လည်း လစ်မစ်ကျော်နေသည့် မျက်လုံးများမှာ ပွင့်၍ပင်မလာခဲ့။
"ကောင်းပါပြီ အာစရိ...။ကောင်းကောင်းပြန်ပါဗျာ နောက်လည်းလာခဲ့ပါဦး"
ဘောက်ဆူး အများကြီးရလိုက်သည့် အလုပ်သမားလေးမှာ လိုသည်ထပ်ဖော်ရွှေလာကာ ဆိုင်ပေါက်ဝထိ တွဲပို့ပေးလေ၏။မိမိအဆင်ပြကြောင်း လက်နောက်ပြန်ပြကာ ဆိုင်ထဲမှ ထွက်လာသည်တွင် ဆိုင်ရှေ့ကုက္ကိုပင်မှလေတစ်ပွေက မျက်နှာကို ပွတ်သတ်ကျီစယ်လေသည်။
YOU ARE READING
My excellent husband (Uni+Zaw) Complete
Romance1920ခုနှစ်လောက်က လူနေမှုပုံစံတွေကို inspireယူပြီး ရေးဖွဲ့ထားတဲ့ Own Creation rebirth fictionလေးပါ။ _________# Starting date_26.6.2020 Ending date_6.11.2020 #nyo yee poe loon🐌
