အပိုင်း ၂၇

84.4K 7.2K 228
                                        

Uni

လွင်မင်းခန့်မောင်ရုံးခန်းထဲ၌ သိမ်းဌက်အဖွဲ့၏ လှုပ်ရှားမှုများနှင့်ပတ်သတ်သည့် အစီရင်ခံစာများအားဖတ်နေစဥ် ရုံးခန်းထဲသို့ သူငယ်ချင်းဖြစ်သူ စုံထောက်ကြီးဒုန်းမြင်းရွှေလင်းမောင် ဝင်လာ၏။

"ဟော...ကိုယ့်လူပါလား။ဘယ်ကနေ မျက်စိလယ်လမ်းမှားပြီး ရောက်လာသတုန်းဗျ"

"ဘယ်ကမှ မျက်စိမလည်ပါဘူးဗျာ။သည်ကိုပဲ တန်းတန်းမတ်မတ် လာခဲ့တာ"

"နိူ့...ကိစ္စအထွေအထူး ရှိလို့လားဗျ"

"အင်း...ထူးတယ်ပြောရမယ်ဗျ။ကျုပ်လက်ထောက်ချထားတဲ့ တပည့်တစ်ယောက်စီက ခုလေးတင် ကြေးနန်းရတယ်။သူတို့သည်ည ဧရာ၀တီတိုင်းဘက်က မြို့တစ်မြို့ကို ၀င်စီးကြမယ်တဲ့ဗျ"

"ဘယ်လို..."

"ခင်များလည်း ထူးဆန်းသွားတယ်မလား။ကျုပ်စိတ်ထဲမယ်လည်း တစ်ခုခုလွဲနေတယ်လို့ ခံစားရတယ်ဗျ"

"ဘယ်မြို့တဲ့လဲ အတိအကျ သိရပြီလားဗျ"

"အင်း...(...)မြို့ တဲ့"

နှစ်ယောက်စလုံးမှာ အတွေးများကိုယ်စီနှင့် ငြိမ်ကျသွားလေရာ ရုံးခန်းထဲမှပန်းကန်သံ တဝီတီသာကြီးစီုးလျှက် ကျန်ခဲ့တော့၏။ထိုနောက် မြို့အုပ်မင်းကြီးပင် တိတ်ဆိတ်နေသော သည်အခြေအနေအား ဖြိုခွင်းကာ

"ကောင်းပြီလေ... သူတို့ဘက်ကသည်လိုဆိုမှဖြင့် ကျုပ်တို့ကလည်း ညှာနေစရာ ဘာအကြောင်းရှိတော့မှာလဲ။လုပ်ငန်းစကြတာပေါ့"

"ဒါဆိုကျုပ်လည်း စီစဉ်စရာတာစီစဉ်လို့ရအောင် ပြန်နှင့်ဦးမယ်"

"ကောင်းပါပြီ"

ကိုလင်းမောင်ပြန်သွားမှ လွင်မင်ခန့်မောင် ကြီကြီးထံသို့ ဖုန်းခေါ်ရတော့၏။

တူ~~~တူ~~~

ဖုန်က၀င်သွားသော်လည်း တဖက်ကပြန်ဖြေသူမရှိ။ဤသို့ဖြင့် လေးကြိမ်မြောက်ခေါ်ဆိုမှုအပြီးတွင် အခန်းထဲ၀င်လာသော အပါးတော်မြဲ မောင်ထွေးအား

"မောင်ထွေး နေ့လည်စာ စားပြီးပလား"

"ဗျာ~မစားရသေးပါဘူးဗျ။ခုသွားစားတော့မလို့...မြို့အုပ်မင်း တစ်ခုခုခိုင်းစရာရှိလို့လား"

My excellent husband (Uni+Zaw) CompleteWhere stories live. Discover now