Uni
ဘီလူးနှစ်ကောင်စောင့်နေသည့်ပုံ ကနုတ်ထွင်းထားသည့် ကျွန်တံခါးကြီးအားဖွင့်လိုက်သော် မြင်ရသည်က မိုမိုထင်ထားသလို ကျောင်းအနောက်ဘက်မြေကွက်လပ်မဟုတ် အခန်းငယ်တစ်ခုသာဖြစ်၏။ထိုအခန်းမှာမှောင်မိုက်နေပြီး နေ့ဘက်ကြီးတောင် ရေနံဆီမီးအိမ်ထွန်းထားရသည်။ကြောင်လှေကားကဲ့သို့ အောက်ကိုဆင်းသည့် လှေကားတစ်ခုလည်းရှိ၏။မောင်က ရေနံဆီမီးအိမ်ကိုယူကာ မိုမို့လက်အားဖွဖွကလေး ဆုပ်ကိုင်လာပြီး
"မကြောက်နဲ့နော်... မောင်ရှိတယ်..."
မိုမိုခေါင်းသာငြိမ့်ပြလိုက်ပြီး မှောင်မည်းမည်းလှေကားထစ်တွေကို ပြူးပြဲကြည့်ကာဆင်းလာခဲ့လိုက်သည်။အောက်ရောက်လေ အအေးဓာက်ကပိုလာလေဖြစ်ကာ အုပ်စုလိုက်သိုင်းလေ့ကျင့်သည့်အသံလို အော်ဟစ်သံများကိုလည်း ကြားလိုက်ရသဖြင့် မိုမို့ခင်မျာတုန်သွားရရှာ၏။
"ဘာဖြစ်သလဲ... ကြောက်လို့လား..."
"ဟင့်အင်း နည်းနည်းအေးလာလို့... ကျွန်တော်နှာချေမိတော့မယ်..."
မောင်ကလေသံလေးနှင့် မေးလာသည်ဖြစ်ရာ မိုမိုလည်း လေသံတိုးတိုးကလေးနှင့် ပြန်ဖြေလိုက်သည်တွင် မောင်ကအကျယ်ကြီးထရယ်တော့၏။
"ဟား...ဟား... ပုံမှန်အသံနဲ့ ပြောလို့ရပါတယ်ကွ..."
"မသိဘူးလေ ဒါဖြင့်မောင်က ဘာကြောင့်အဲ့သည်လို စပြောသလဲ..."
"မြေအောက်ခန်းဆိုတော့ အသံတွေပဲ့တင်ထပ်ရင် မင်းလန့်နေမယ်ဆိုးလို့ပါကွာ..."
ပြောရင်းဆိုရင်းပင် သူ့သက္ကလတ်ကုတ်အားချွတ်ကာ ဝတ်ပေးလာသည့်မောင့်ကို မိုမိုမျက်စောင်းလှမ်းထိုးလိုက်၏။ မောင်ကအသည်းယားသည့်ဟန် မိုမို့ကပါးအားဖွဖွကလေး လိမ်ဆွဲပြီး
"အရင်လို အူကြောင်ကြောင်ကလေးပြန်ဖြစ်လာလို့ တော်သေးတာပေါ့... မောင့်မယ်စိတ်ပူလိုက်ရတာ.."
"မောင်နော်"
"ဟား...ဟား..."
"မောင်လွင်မင်းခန့်မောင် ရယ်လှချည်လား... ဘာတွေများသဘောကျစရာ ရှိတုန်းကွဲ့..."
BẠN ĐANG ĐỌC
My excellent husband (Uni+Zaw) Complete
Lãng mạn1920ခုနှစ်လောက်က လူနေမှုပုံစံတွေကို inspireယူပြီး ရေးဖွဲ့ထားတဲ့ Own Creation rebirth fictionလေးပါ။ _________# Starting date_26.6.2020 Ending date_6.11.2020 #nyo yee poe loon🐌
