အခန်း၈

75K 7.9K 413
                                    

Uni

စျေး၀ယ်မည့်သူများ ထွက်သွားသည်သေချာမှ သူဇာအခန်းထဲသို့ ဝင်ခဲ့လိုက်သည်။အခန်းထဲသို့ရောက်သော် နုဒါလင်းမောင်ဆိုသောကောင်ငယ်လေးမှာ မျက်စိစူးလောက်သည့် အလင်းရောင်အောက် နှစ်ချိုက်စွာအိမ်မောကျနေ၏။

"သေနာကောင်လေး ငါကတော့အောက်မှာ သူ့ပထွေးရဲ့အဆူဆဲခံတွေလိုက်ရတာ။ဒင်းကသည်မယ် အတော်အိပ်လို့ကောင်းနေတယ်"

ထိုပုံစံလေးမှာ သူမအား ဒေါသထွက်လာစေသဖြင့် ကုတင်ခြေရင်းနားသို့သွားကာ ခြုံထားသောစောင်ကို အောက်သို့ပစ်ချလိုက်ပြီး ခြေထောက်ကို လှမ်းဆွဲကာနှိုးလိုက်၏။

"ဟေ့ ဟေ့ ဟိတ်ကောင်လေး ထစမ်း"

သို့သော် ထိုကောင်လေးမှာထမလာ တစ်ဖက်သို့ပင် စောင်းအိပ်သွားသဖြင့် ဘောင်းဘီတိုဝတ်ထားလေရာ ပေါ်နေသောခြေသလုံးတို့ကို ကြက်မွှေးနှင့် ခပ်ဆတ်ဆတ်လေးရိုက်နှိုးလိုက်၏။ ထိုအခါမှ ငိုမဲ့မဲ့ဖြင့် ထလာလေသည်။

"ခုချိန်ထိ အိပ်နေရသလား... ဟိုမယ် နင့်ပထွေးငါ့ကိုဆဲနေပြီ နောက်ဆိုမနက်အစောကြီးထ... နောက်နေ့တွေလာနှိုးရရင် သည့်ထက်နာမယ်... ငါပြောတာ ကြားသလား..."

"ဟုတ်...ရဲ့... အန်တီ..."

"ကြားရင်လည်းထပြီး မျက်နှာသွားသစ်ချည်တော့။ ပြောလိုက်ရင်ဘယ်တော့မှ ချက်ချင်းထလုပ်တယ်မရှိဘူး ပေကပ်ကပ်နဲ့..."

အမှန်ကနုဒါလေးမှာ အိပ်ရာကနိုးလာတိုင်း ခြေထောက်များနာလွန်းလှရာ ထိုင်ရာမှချက်ချင်းမထိုင်နိုင်။အန်တီသူဇာများ သူ့အားလာချီလေမလလားဟု မျက်လုံးဝိုင်းဝိုင်းကြီးများနှင့် လိုက်ကြည့်နေခြင်း။

သို့သော် သူဇာမှာပါးစပ်မှပေါက်ပေါက်ဖောက်နေကာ လက်ကလည်းအိပ်ရာခင်းများကို ပြန့်သွားအောင် လိုက်ဖြန့်နေ၏။သို့သော်သူမအလုပ်ပြီး၍လှည့်ကြည့်သည်တွင် အခုထိအိပ်ရာပေါ်ထိုင်နေသေးသည့် နုဒါလင်းမောင်အား တွေ့သဖြင့်

"နင့်ကို ရေသွားချိုးပါဆိုတာကို ခုထိထိုင်နေသေးတာလား..."

ပြောနေရင်းက ချက်ချင်းအနားရောက်လာကာ ဗိုက်ကြောလာလိမ်ဆွဲသော အန်တီသူဇာကြောင့် နုဒါမှာ မျက်ရည်များကျလာရသည်။ဖေဖေရှိနေလျှင် သိပ်သဘောကောင်းသည့် အန်တီသူဇာက လူကွယ်ရာရောက်သည်နှင့် သူမစိတ်မထင်ရင်မထင်သလို ရိုက်နှက်တတ်ကာ တရံတရံယခုကဲ့သို့ လက်သည်းများ အသားထဲနှစ်ဝင်သည်အထိ ဗိုက်ခေါက်ကြောလိမ်ဆွဲတတ်၏။

My excellent husband (Uni+Zaw) CompleteWhere stories live. Discover now