Chapter 2

1.7K 135 46
                                    

အမြဲအိပ်ရာထနောက်ကျ၍ ဆိုင်ဘယ်တော့မှ မဖွင့်နိုင်ဘဲ မမဖွင့်ပြီးမှ ဆိုင်ကယ်နဲ့ အပြေးလိုက်ရတတ်တဲ့ လင်းအရုဏ်က အခုတော့မနက်၈နာရီဆိုတာနဲ့ ဆိုင်မှာ ရောက်နေတတ်ပြီ။ လုပ်စရာရှိတာတွေမြန်မြန်လုပ်နေရင်းကလည်း ကားလမ်းမဆီ လည်တဆံ့ဆံ့ဖြစ်နေတတ်၏။ ထို့အပြင် မနက်ပိုင်းမလာလည်း နေ့လည်ပိုင်း လာနိုင်ပါသေးတယ်ဆိုတဲ့ မျှော်လင့်ချက်တွေကို ပွေ့ပိုက်ထားမိဆဲ။ သို့သော်လည်း မျှော်သူက ပေါ်မလာတော့။ ဆိုင်အဝင်ခေါင်းလောင်းလေးက အခါခါလှုပ်ပေမဲ့ လှုပ်စေချင်သူရဲ့ လက်တွေကြောင့်မဟုတ်တော့ပါ။

" သူ ကျွန်တော့်ကို ရွံသွားတယ်ထင်တယ်"

မမက စက်ထဲကို ကော်ဖီစေ့တွေထည့်ကြိတ်နေရင်း ပေစောင်းစောင်းလှည့်ကြည့်သည်။ ဘာမှတော့ မပြော။

" သွေးရွံတတ်တယ်တဲ့ အဲဒါကို..."

လူရှင်းနေတဲ့အချိန်မို့ ကောင်တာနောက်က ခုံမှာ ခွေခေါက်ခေါက်လေးထိုင်ရင်း အီနေသည့် လင်းအရုဏ် လက်ထဲကို အဝတ်စုတ်တစ်ခုလာထည့်သည်။ ဘာအမိန့်မှ ကပ်မပါပေမယ့် ရေစိုနေတဲ့ ကော်ဖီခွက်တွေ သုတ်ဆိုသည့် သဘောဖြစ်တာကို သိတာကြောင့် မျက်စောင်းတစ်ချက်ထိုးပြီး ထရပ်လိုက်၏။

" အဲဒီ ခွက်တွေကလည်း ဘာလို့ကွဲသွားမှန်းမသိဘူး"

" နင်လွှတ်ချလိုက်တာဆို?...လန့်ပြီးတော့"

" ဟုတ်တယ်"

ပေစောင်းစောင်းအကြည့်က ပိုပြီးတော့ စောင်းငန်းငန်း ရောက်လာသည်။

" သွေးရွံတယ်ဆိုတာ မဟုတ်လောက်ပါဘူး။ လွန်ခဲ့တဲ့ရှစ်နှစ်က ရန်ကုန်ဆေးရုံကြီးမှာတွေ့တုန်းကတောင် သူ့တစ်ကိုယ်လုံးသွေးတွေနဲ့ နစ်နေတာဆို"

" အဲတာဆို...."

လန့်ဖြန့်ပြီး မမလက်မောင်းကို အားနဲ့ဖျစ်ညှစ်လိုက်မိသည်။

" ကျွန်တော့်ကိုရွံသွားတာပေါ့"

" ဟင်း... နင်ကတော့လေ"

" အ!"

ငယ်ထိပ်တည့်တည့်ကို ဂွပ်ခနဲ အခေါက်ခံလိုက်ရသည်။ ထအော်လိုက်မိသည့် အချိန်မှာ လူကို လက်မောင်းကနေဆွဲပြီး ဘေစင်ရှေ့ခေါ်သွားသည်။ ဘေစင်ဘောင်ပေါ်မှာ ရေစစ်ထားတဲ့ ဖန်ခွက်ကလေးတွေရှိနေ၏။

TEARS in the name of LOVE(သွယ်ကြိုး)(Completed)Where stories live. Discover now