Chapter 40

1.1K 82 22
                                    

မဖြစ်ဘူး.....

အရာအားလုံးဟာ မျက်စိတစ်မှိတ်အတွင်း ဖြစ်သွားသလို အချိန်တွေအားလုံးလည်း ရုတ်တရတ် ရပ်တန့်သွားတော့၏။

တားမြစ်ဖို့ အလွန်အမင်းနောက်ကျသွားပြီဖြစ်သည့် ဓားသွားတစ်ခုဟာ သူ့ရင်ဘတ်တစ်ခြမ်းမှာ စိုက်နေလျက်။ ကြမ်းပြင်ပေါ် ဘိုင်းခနဲ လဲကျသွားသည့် သူ့ဆီက စိမ့်ထွက်လာသည့် သွေးစတွေ။ သွေးတွေ....

ရင်ကိုဆွဲဖြဲလိုက်သလို နာကျင်မှုမျိုးက ခန္ဓာကိုယ်တစ်လျှောက်လုံးကို ပြန့်နှံ့သွား၏။ သွေးရဲရဲတောက်နေသည့် မျက်လုံးနီနီတစ်ခုဟာ ဘီလူးတစ်ကောင်အသွင်နဲ့ လင်းအရုဏ်ဆီ လှည့်ကြည့်လို့လာ၏။

စိုက်ဝင်နေသည့် ဓား...

တံ့ရဲ့ နှလုံးသား တည့်တည့်မှာ စိုက်ဝင်နေသည့် ဓား....တံ့လဲကျနေရာဆီ ကိုင်းညွှတ်သွားသည့် ဟိန်းမင်းဇေ၏ ခန္ဓာကိုယ်...

မဟုတ်...မဟုတ်ဘူး...

ဟိန်းမင်းဇေဟာ တုန့်ဆိုင်းခြင်းမရှိ ဓားကို ပြန်ဆွဲနှုတ်လိုက်သည့် ခဏ...

"မဖြစ်ဘူး!"

သူ့ နှလုံးသားဆီကနေ လွင့်စင်ထွက်လာလာသည့် သွေးစက်တွေ...

ထို့အတူ ပါးပြင်ပေါ် လွင့်ခနဲ ကြွေကျသွားသည့် မျက်ရည်စက်။

"ဟား ဟား ဟား ဟား"

ဟိန်းမင်းဇေ၏ လှောင်အော်ရယ်သံဟာ အဝီစိငရဲတွင်းထဲက တက်လာသလို မှောင်နက်ပြိုလဲလို့နေ၏။ အရာရာသည် ရုတ်တရတ် မိုးပြိုကျသလို မှောင်မည်းလို့သွား၏။ အသိစိတ်သည် ဟိုးအဝေးဆုံးအထိ လွင့်ထွက်လို့သွားသည့်နောက်... လင်းအရုဏ်၏ ခြေလှမ်းတွေဟာ သတ်မှတ်ခြင်းမရှိသည့် စိတ်အစဉ်နဲ့ ဟိန်းမင်းဇေဆီကို ရောက်သွားတော့သည်။ ကြားမှာ ဆွဲဖမ်းတားဖို့ ကြိုးစားသည့် ဟိန်းမင်းဇေ၏ လူတွေလည်း လင်းအရုဏ် ခြေရင်းမှာ အလူးအလဲ လဲကျကျန်ခဲ့၏။

မသိတော့။ ဘာကိုမှ မသိတော့။ မျက်လုံးထဲမှာ အမုန်းတရား၏ ခါးသက်မှုက မီးတောက်တွေအဖြစ် တောက်လောင်လာဆဲ...။ ဟိန်းမင်းဇေ မျက်နှာထဲကို နာကျင်မှုနဲ့ တဆတ်ဆတ်တုန်ခါလို့နေသည့် သွေးဆာနေသော သားရဲတစ်ကောင်၏ လက်သီးဆုပ်ဟာ တိုးဝင်လို့သွား၏။ လဲကျသွားသည့် ဟိန်းမင်းဇေ၏ အင်္ကျီကို ရှိသမျှ ခွန်အားသုံးကာ ဆွဲချုပ်ထားရင်း...

TEARS in the name of LOVE(သွယ်ကြိုး)(Completed)Tahanan ng mga kuwento. Tumuklas ngayon