/ လွန်ခဲ့သော ဆယ့်တစ်နှစ် /
/ တံ့ဘုန်းသစ် /
တစ်ညကျတော့ နေယံက "အတူတူသွားသောက်ရအောင်" လို့ခေါ်တယ်။ ဒီကောင် သောက်ဖို့ မခေါ်တာကြာပြီ။ နေရည်နဲ့များရန်ဖြစ်လို့လား။ မဟုတ်ဘူး။ တွဲလာတာသုံးနှစ်လောက်ရှိပြီ။ သူတို့ ရန်ဖြစ်တဲ့ကိစ္စတွေကို ဘယ်တုန်းကမှ မပြောဖူးဘဲ။ မျက်နှာပူတာလည်းပါမယ်၊ ကျွန်တော်ကတော့ မပြောတော့ ပိုကောင်းတာပေါ့လို့ တွေးထားတဲ့သူမို့ ဒီညခေါ်တဲ့ကိစ္စကို နေရည့်ကိစ္စလို့ ဆက်မတွေးမိဘူး။ တကယ်လည်း မဟုတ်ပါဘူး။ အဲဒီထက် ပိုအံ့သြဖို့ကောင်းတဲ့ ကိစ္စဖြစ်နေတယ်။
"ငါဘယ်လိုလုပ်ရမလဲ မသိတော့ဘူး"
အရက်ခွက်လက်ကျန်ကို တစ်ခွက်လုံး ကုန်အောင်မော့ရင်း နေယံက ပြောတယ်။ နေယံက သူ့အတွင်းရကိစ္စတွေကို ဒီလိုထုတ်မပြောတတ်ဘူး။ တော်တော်သိုသိပ်နိုင်တဲ့ကောင်လို့ ကျွန်တော် အရင်က တွေးဖူးတယ်။ အခုလို အန်ထွက်လာတယ်ဆိုတာကလည်း သူ့ရင်ထဲမှာ ဘယ်လိုမှ တစ်ယောက်တည်း မမြိုသိပ်နိုင်တော့လို့ဖြစ်မယ်။
"မင်းစဉ်းစားကြည့်လေကွာ။ ငါက straightပါလို့ သူ့ကို အခါခါပြောတယ်။ တကယ်လို့ ထားပါတော့၊ အချစ်မှာ sexမရှိတွေဘာတွေဆိုရင် တောင် ငါ့မှာ နေရည်တစ်ယောက်လုံး ရှိနေတာကို အဲ့ကောင်လေး သိနေတာပဲ"
"မင်းကျောင်းမှာငါနဲ့မိတ်ဆက်ပေးတဲ့တစ်ယောက်လား"
"အေး ငါ့ဂျူနီယာညီလေး။ ပါချုပ်ကို ကူဖို့ကျောင်း projectမှာဝင်ကူရင်း အငယ်တန်းတွေဆီသွားတုန်းတွေ့တာ။ သူဋ္ဌေးသား၊ ငါကလည်း လူရည်မွန်လေးပါဆိုပြီး လိုက်လိုက်လျောလျောနေမိတာ..."
" မင်းငါ့ကို အခုမှပြောရလား။ ဘယ်လိုဖြစ်တာလဲ"
"ကျန်တာတွေတော့ မပြောချင်တော့ပါဘူးကွာ။ သူငါ့ကို အစ်ကိုရင်းတစ်ယောက်လိုပဲ ခင်တယ်ထင်ခဲ့တာ။ ဒါပေမဲ့ နေရည်နဲ့ တွေ့ပြီးနောက်ပိုင်း ဝူးဝူးဝါးဝါးတွေလုပ်လာတယ်။ ငါ့မှာ ကောင်မလေး ရှိမှန်းသေချာသွားတဲ့နောက်ပိုင်း messageတွေပို့တယ်၊ ညကြီးမင်းကြီး ဖုန်းတွေခေါ်တယ်၊ တစ်ခါတစ်လေ အိမ်အထိလိုက်လာမယ်တွေလုပ်တယ်။ တော်သေးတယ် ငါ့အိမ်ကို သူမသိလို့"
YOU ARE READING
TEARS in the name of LOVE(သွယ်ကြိုး)(Completed)
General Fictionသူ့မျက်လုံးအိမ်ထဲက စီးကျလာသည့် မျက်ရည်စီးကြောင်းတစ်ခု သူ့ပါးပြင်ထက် ရှိမနေခြင်းကိုက ကျွန်တော့်၏ အသက်ဆက်ရှူနိုင်ခွင့် ဖြစ်နေသည်ပဲ...