ရှေ့က ခြေလှမ်းကျဲတွေနဲ့ လျှောက်နေသည့်သူ့ကို လှမ်းမတားနိုင်။ စစ်ဆေးမေးမြန်ဖို့ လိုအပ်သည့်အတွက် ပိတ်တားသည့် ရဲတွေကိုလည်း ပိတ်ပက်တွန်းဖယ်ပစ်ခဲ့ပြီး သူ့ခြေလှမ်းတွေက လူတစ်ဦးတစ်လေမှ မရှိတော့သည့် လမ်းမကျယ်ဘက်ကို ဦးတည်နေသည်။
သူဘယ်သွားနေတာလဲ။ သူ့ကားကလည်း ဂိုဒေါင်ထဲမှာ ကျန်ခဲ့ပြီ။ ပြီးတော့ ဒီနေရာဟာ ရန်ကုန်မဟုတ်ဘဲ နေပြည်တော်ဖြစ်တာကြောင့် လမ်းဘေးက Taxiတစ်စီးဖြစ်ဖြစ် ကောက်ငှားလို့ရသည့် အခြေအနေမဟုတ်။ ပင်ပန်းနေမှာကို...ဘယ်အထိ လမ်းလျှောက်ဖို့များ သူကြိုးစားနေတာပါလိမ့်။
"တံ့"
စိုးထိတ်စွာ လှမ်းခေါ်မိသည်။ လင်းအရုဏ် ခြေလှမ်းတွေအနည်းငယ်နှေးသွားသည့်အခါမှ တစ်ခါမှ လှည့်မကြည့်လာသူဟာ သူ့ခြေလှမ်းတွေကို တုံ့ခနဲ ရပ်ပစ်လိုက်သည်။ သူရပ်လိုက်သည့် ဒီနေရာဟာ အခင်းဖြစ်နေရာနဲ့ တော်တော်ကို ဝေးနေပြီဖြစ်၏။
"ဘယ်သွားနေတာလဲ"
ဖြည်းဖြည်းချင်း ပြန်လှည့်ကြည့်လာသည်။ ချွေးတွေစိုနေသည့် သူ့နားထင်ဖျားတွေမှာ စိုးရွံ့မှုတစ်ချို့ကို ခံစားမိပေမဲ့ ဘယ်လို ခံစားချက်မျိုး သူ့ရင်ထဲမှာ ဖြစ်နေလဲဆိုတာ ဖတ်နိုင်ဖို့အတွက်ကတော့ လင်းအရုဏ်အတွက် ဘာသာပြန်စာအုပ်တစ်အုပ် လိုနေသေးသည်ပဲလား။
"မင်းငါ့အကြောင်းတွေ ဘယ်လိုသိတာလဲ"
သူ့အသံက ထင်မှတ်ထားသည်ထက် တိတ်ဆိတ်နေ၏။
"တော်တော်များများကိုတော့ အန်တီပြောပြခဲ့တာဆိုပေမဲ့ ကျွန်တော် ဟိန်းမင်းဝေ လက်အောက်မှာ အလုပ်လုပ်ခဲ့တဲ့ ကောင်လေးတစ်ယောက်နဲ့ ရန်ကုန်မှာတွေ့ပြီးတော့ အကုန်သိလာရတာ"
"ရန်ကုန်မှာ?"
သူ့မျက်နှာကို မဝံ့ရဲစွာ မော့ကြည့်မိသည်။
လင်းအရုဏ် သက်ပြင်းတိုးတိုး ရှိုက်မိသည်။ လမ်းလေးချုံထဲမှာတောင် အကောင်လေးတွေ ပြေးလွှားသံကို မကြားရတာကြောင့် ဒီညဟာ အလွန်အမင်းကို တိတ်ဆိတ်နေ၏။ လမင်း၏ အလင်းရောင်ဟာ သူ့မျက်နှာထက်က အမူအရာ တစ်ခုချင်းစီကို အတိအကျ ဖော်ပြနေခြင်းဟာ လင်းအရုဏ် ကံကောင်းနေသည်လားမပြောတတ်။
![](https://img.wattpad.com/cover/276668017-288-k262919.jpg)
YOU ARE READING
TEARS in the name of LOVE(သွယ်ကြိုး)(Completed)
General Fictionသူ့မျက်လုံးအိမ်ထဲက စီးကျလာသည့် မျက်ရည်စီးကြောင်းတစ်ခု သူ့ပါးပြင်ထက် ရှိမနေခြင်းကိုက ကျွန်တော့်၏ အသက်ဆက်ရှူနိုင်ခွင့် ဖြစ်နေသည်ပဲ...