ရေချိုးနေတဲ့တစ်လျှောက်လုံး ကိုယ့်နှုတ်ခမ်းကိုယ် မထိရက်သလို လက်ချောင်းလေးတွေနဲ့ထိနေရင်း စိတ်မလှုပ်ရှားနဲ့၊ စိတ်မလှုပ်ရှားနဲ့ဟု စိတ်ထဲက အော်နေမိ၏။ ဒါသူနဲ့ လင်းအရုဏ်ကြားက ပထမဆုံးအနမ်းတော့မဟုတ်ပေမဲ့ ကွာတာကတော့ ကွာတာပါပဲ။
ရေချိုခန်းထဲကနေ သူဘာလုပ်နေလဲ အသာလေး ချောင်းပြီးမှ ထွက်လာသည့်အခါ သူက ကုတင်ပေါ်မှာ ငြိမ်ငြိမ်လေးလှဲလို့နေပြီ။ ခေါင်းမလျှော်ထားတာမို့ ကိစ္စမရှိ။ ပခုံးပေါ်တင်လာသည့် မျက်မှာသုတ်ပဝါကို ထိုင်ခုံနောက်မှီမှာ ဖြန့်တင်ခဲ့ပြီး ကိုယ့်အိပ်ယာလေးမှာကိုယ် တိတ်တိတ်လေး ဝင်လှဲလိုက်သည်။
မျက်စိရှေ့မှာ ကုတ်ကုတ်က ကိကိနဲ့အတူ ယှဉ်တွဲပြီးထိုင်နေ၏။ ဘယ်လိုမှအောင့်မရဘဲ ခွိခနဲ ပြုံးမိသွားသည့်အချိန်မှာ ကုတင်ပေါ်က လှုပ်ရှားသံသဲ့သဲ့နဲ့အတူ...
"ဖန်ခွက်"
ကျောပေးထားရာကနေ နောက်ကို လည်ပင်းလိမ်ပြီး လှည့်ကြည့်လိုက်မိသည်။
"အိပ်နေပြီထင်လို့"
"ဒီကိုလာ"
သူ့နံဘေးက လွတ်နေသည့်နေရာကို မေးငေါ့ပြတာမို့ လင်းအရုဏ် မျက်လုံးပြူးသွား၏။ နှစ်ယောက်တည်း...ကုတင်ပေါ်မှာ... အတူတူ... မဟုတ်မှလွဲရော...
မဖြစ်နိုင်ပါ။ သူက အဲဒီလိုစိတ်သာရှိမည်ဆို ရေချိုးခန်းထဲက ဆွဲထုတ်ပြီး ဝုန်းဒိုင်းနဲ့ လုပ်မှာ။ အခုလို စိတ်ရှည်ရှည်စောင့်ခေါ်နေမည့် လူမဟုတ်။
"ငါနှစ်ခါမပြောချင်ဘူးနော်။ မင်းလာမှာလား"
လင်းအရုဏ် ညစ်ကျယ်ကျယ်လေးပြုံးရင်း သူ့ဘက်လှည့်လိုက်သည်။
"ဒီနေ့က ကျွန်တော့်မွေးနေ့လေ"
"အဲဒီတော့"
"လက်ဆောင်မရဘူးလား"
"ဘာလိုချင်လို့လဲ"
ကြမ်းပြင်ပေါ်မှာ ခင်းထားသည့် လင်းအရုဏ် အိပ်ယာကျဉ်းကျဉ်းလေးရဲ့ တစ်ဖက်ခြမ်းကို နည်းနည်းတိုးပေးလိုက်ပြီး လွတ်သွားသည့်နေရာကို ပုတ်ပြလိုက်၏။
YOU ARE READING
TEARS in the name of LOVE(သွယ်ကြိုး)(Completed)
General Fictionသူ့မျက်လုံးအိမ်ထဲက စီးကျလာသည့် မျက်ရည်စီးကြောင်းတစ်ခု သူ့ပါးပြင်ထက် ရှိမနေခြင်းကိုက ကျွန်တော့်၏ အသက်ဆက်ရှူနိုင်ခွင့် ဖြစ်နေသည်ပဲ...