" ကဲ...ကြည့်ရအောင်"
သူအမှတ်ပြည့်ရမည်ဆိုသည့်ရုပ်နဲ့ ရပ်နေသည့် စစ်နေ ရှေ့မှာ လင်းအရုဏ် ထိုင်ချလိုက်ပြီး တစ်ကိုယ်လုံးကို သေချာစစ်လိုက်သည်။
"မျက်နှာသေချာသစ်ထားတယ်။ ခေါင်းလည်းပြောင်အောင်သုတ်ထားတယ်။ သွားစိပြ"
ဟီးခနဲ ရယ်ရင်း သွားစိပြသည်။
"သွားလည်း သေချာတိုက်ထားတယ်။ လွယ်အိတ်စစ်ကြည့်ရအောင်"
လွယ်အိတ်ထဲမှာလည်း စာအုပ်၊ ခဲတံ၊ ပေတံ၊ ခဲဖျက်အပြည့်အစုံထည့်ထားပြီး သူ့ကို လင်းအရုဏ် ပေးထားခဲ့သည်ဟု ပြောသည့် ဝက်ဝံရုပ်လေးလည်းပါ၏။
"တော်လိုက်တာ။ အကုန်လုံး ကိုယ့်ဟာကိုယ် လုပ်တတ်နေပြီပဲ"
"ဖေဖေ မရှိတော့ရင်လည်း ကိုယ့်အားကိုယ် ကိုးနိုင်ရမယ်လို့ ကိုကို သင်ပေးထားတာမလား"
"ဒါပေါ့ တော်လိုက်တဲ့ ကိုကို့သားလေး။ ဘွားဘွားနဲဘိုးဘိုးကို နှုတ်ဆက်လိုက်ပါဉီး"
ပြုံးပြီး ရပ်ကြည့်နေသည့် ဖေဖေနဲ့မေမေ့ကို မေးငေါ့ပြလိုက်တော့ စစ်နေလေးက ခေါင်းလေးညွှတ်ကာ ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်သည်။ တံ့သာမြင်ရင် မင်းငါ့သားကို ဘာတွေသင်ပေးထားတာလဲဆိုပြီး ဆူရင်ဆူနေဦးမှာ။
စစ်နေကို ကျောင်းလိုက်ပို့ပြီး ကျောင်းထဲကနေ တစ်ယောက်တည်းပြန်ထွက်လာသည့်အချိန်မှာ ဝင်လာသည့်ဖုန်း။ သက်ပြင်းတိုးတိုးချပြီး နှစ်ခါမြောက်အဝင်မှာတင် ကိုင်လိုက်၏။
"ကိုလင်းအရုဏ်"
"ဘာလို့ဖုန်းဆက်ပြန်ပြီလဲ အရှုပ်ထုပ်လေး"
"ညီမ အစ်ကိုတို့ဆိုင်ရောက်နေလို့ ဟိဟိ။ လာခဲ့ပေးလို့မရဘူးလား"
ထိုအချိန်မှာပဲ နောက်ကနေ "သူ့ကိုဆိုင်မလာနဲ့လို့ ပြောထားတာ"ဆိုသည့် မမအော်သံကိုကြားလိုက်ရ၍ ပြုံးမိ၏။
"ခဏနေရင်ရောက်မယ်"
"ယေး"ဆိုသည့်အော်သံနဲ့ ဖုန်းချသွားသည့်အခါမှ ကားကို ပြန်လှည့်ကာ ဆိုင်ရှိရာဘက်မောင်းခဲ့၏။ ဆိုင်တံခါးကို ဖွင့်ဖွင့်လိုက်ချင်းမှာတင် ဆတ်ခနဲ လှည့်ကြည့်လာသည့် ခေါင်းနှစ်လုံး။ မမကတော့ မျက်လုံးတစ်ချက်သာ လှန်ကြည့်သည်။
YOU ARE READING
TEARS in the name of LOVE(သွယ်ကြိုး)(Completed)
General Fictionသူ့မျက်လုံးအိမ်ထဲက စီးကျလာသည့် မျက်ရည်စီးကြောင်းတစ်ခု သူ့ပါးပြင်ထက် ရှိမနေခြင်းကိုက ကျွန်တော့်၏ အသက်ဆက်ရှူနိုင်ခွင့် ဖြစ်နေသည်ပဲ...